Showing posts with label ဖမ်းဝရမ်း. Show all posts
Showing posts with label ဖမ်းဝရမ်း. Show all posts

Thursday, February 27, 2025

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းထုတ်ထားသည့်ကိစ္စ ပြန်သုံးသပ်ပေးရန် NLD တောင်းဆို

DVB
February 27, 2025 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့အပေါ် အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့အမှုကိစ္စ ပြန်သုံးသပ်ပေးဖို့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) က ဖေ ဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

Wednesday, February 19, 2025

အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်း NUG တုန့်ပြန်ချက်

VOA
အင်ကြင်းနိုင်
၁၉ ဖေဖော်ဝါရီ၊ ၂၀၂၅ 
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာများ (ယခင်ပုံဟောင်း)

 ဝါရှင်တန်ဒီစီ အာဂျင်တီးနားတရားရုံးရဲ့ နိုင်ငံတကာဖမ်းဝရမ်းမှာ ပါဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ နာမည်တွေကို ဖယ်ရှားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုလိုက်ပါတယ်။

၂၀၁၇ ခုနှစ်က လူနည်းစုရိုဟင်ဂျာတွေကို အကြမ်းဖက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တာနဲ့ စပ်လျဥ်းပြီးတော့ အာဂျင်တီးနားတရားရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်တပ်ခေါင်းဆောင်တွေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့လည်း ပါရှိနေတာပါ။

ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်‌ကျော်တို့ကို ဖမ်းဝရမ်းထုတ်တရားစွဲဆိုမှု ရုပ်သိမ်းပေးဖို့ NUG တောင်းဆို,

BBC
၁၉ ဖေဖော်ဝါရီ ၂၀၂၅

                                                ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော် (ပုံဟောင်း)

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အာဂျင်တီးနားဖက်ဒရယ်တရားရုံးကထုတ်လိုက်တဲ့ ဖမ်းဝရမ်းစာရင်းထဲမှာ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်‌ ကျော်တို့ပါဝင်နေတာကြောင့် ဖမ်းဝရမ်းထုတ် တရားစွဲဆိုတာကနေရုပ်သိမ်းပေးဖို့ အမျိုးသားညီ ညွတ်‌‌ရေးအစိုးရ(NUG) က စာထုတ်တောင်းဆိုလိုက်ပါတယ်။

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းကိုဆန်းစစ်ခြင်း

BBC
၁၆ ဖေဖော်ဝါရီ ၂၀၂၅
 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ ၂၃ ဦးကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

ဒီစွဲချက်နဲ့ အမှုကို ၂၀၁၉ ခုနှစ်မှာ စဖွင့်ခဲ့တာဖြစ်ပြီး ၆ နှစ်အကြာ ၂၀၂၅ ခုနှစ်မှာတော့ စစ်ခေါင်းဆောင်၊ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပါအဝင် စစ်တပ်အရာရှိကြီး/ငယ် ၂၂ ဦးက ဖမ်းဝရမ်းထဲမှာ ပါဝင်လာတာဖြစ်ပါတယ်။

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းထဲမှာ အဲဒီ ၂၀၁၇ ခုနှစ်က သမ္မတအဖြစ် တာ၀န်ယူခဲ့တဲ့ ဦးထင်ကျော်နဲ့ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ လည်း ပါ၀င်နေပါတယ်။

ထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းက စစ်ခေါင်းဆောင်နဲ့ စစ်တပ်အရာရှိတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်လဲ။ သမ္မတဟောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့ကို ဝရမ်းထုတ်မှုက ဘယ်လိုသဘောဆောင်လဲ။


အာဂျင်တီးနားတရားရုံးကဘယ်လိုအလုပ်လုပ်သလဲ

၂၀၁၇ ခုနှစ်က မြန်မာကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာအမျိုးသမီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ကမ်းခြေတစ်ခုမှာတွေ့ရတဲ့မြင်ကွင်း

စစ်ခေါင်းဆောင်နဲ့ မြန်မာစစ်တပ်အရာရှိတွေကို ဖမ်းဝရမ်းထုတ်လိုက်တဲ့ အာဂျင်တီးနားတရားရုံးဟာ အပြည်ပြည်ဆိုင်ရာတရားစီရင်ရေး စနစ်ကိုအခြေခံထားပြီး ရာဇဝတ်မှုတွေကို စစ်ဆေးတဲ့ ဖယ်ဒရယ်တရားရုံးဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးစနစ်ကိုအခြေခံထားတာကြောင့် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှုတွေအပါအဝင် ညှဥ်းပမ်းနှိပ်စက်တဲ့ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK)က ၂၀၁၉ ခုနှစ်မှာ အာဂျင်တီးနားဖက်ဒရယ်တရားရုံးမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

မြို့တော် ဗျူနိုအေးရီးစ်မှာရှိတဲ့ ဒီဖက်ဒရယ်တရားရုံးကနေ ၂၀၂၁ ခုနှစ်မှာ ယူကေမြန်မာရိုဟင်ဂျာအ ဖွဲ့ (BROUK) ရဲ့ စစ်ခေါင်းဆောင်တွေအပေါ် စွပ်စွဲချက်အပေါ် စုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ စုံစမ်းစစ်ဆေးရေးအာဏာကို အာဂျင်တီးနားတရားရုံးအပြင် ဗဟိုအစိုးရရှေ့နေရုံးကိုပါ လွှဲပြောင်းပေးခဲ့ပါတယ်။

အဲဒီရုံးက‌နေ အာဂျင်တီးနားတရားရုံးဘက်က တောင်းခံလာတဲ့ အကူအညီတွေအတွက် သက်သေအထောက်အထားတွေ မျှဝေပြီး ပံ့ပိုးခဲ့တာလို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ IIMM က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ IIMM ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့အဖွဲ့ဖြစ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့ စည်းထားတာဖြစ်ပါတယ်။

BROUK က တိုင်ကြားခဲ့တဲ့ အဲဒီအမှုကို ၂၀၂၃ ခုနှစ် ဇွန်လ၊ အာဂျင်တီးနားဖက်ဒရယ်တရားရုံးမှာ ကြားနာခဲ့ပြီး ရိုဟင်ဂျာမျက်မြင်သက်သေ ၆ ယောက်လည်းထွက်ဆိုခဲ့တယ်လို့ BROUK ကပြောပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လမှာတော့ အာဂျင်တီးနားအစိုးရရှေ့နေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ် ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဖမ်းဝရမ်း ၂၅ ခုထုတ်ပြန်ဖို့ ဖက်ဒရယ်ရာဇဝတ်ခုံရုံးဆီ တင်သွင်းခဲ့တယ်လို့ IIMM က ဖော်ပြပါတယ်။

အာဂျင်တီးနားနိုင်ငံဟာ"ကမ္ဘာ့နေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်"ကိုအသုံးပြုပြီး မြန်မာက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် စွပ်စွဲချက်တွေကို စတင်စစ် ဆေးခဲ့တဲ့ ပထမဦးဆုံးနိုင်ငံဖြစ်ပါတယ်။

အဲဒီအချက်ကို အခြေခံပြီး အခြားနိုင်ငံတစ်ခုကနေ တရားစွဲဆိုအမိန့်ချပိုင်ခွင့်ရှိတယ်လို့ IIMM က ထောက်ပြထားပါတယ်။

ကမ္ဘာအနှံ့တရားစီရင်ပိုင်ခွင့်(Universal Jurisdiction) ဆိုတာဟာ တချို့ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အမှုကိုစစ်ဆေးရတဲ့နိုင်ငံနဲ့ ဆက်စပ်မှုမရှိရင်တောင် ကျူးလွန်သူတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ တရားစွဲဆိုမှုပြုလုပ်နိုင်တဲ့ အခွင့်အာဏာဖြစ်တယ်လို့ IIMM က ဆိုပါတယ်။
IIMM ဟာ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်မှုတွေနဲ့ ပတ်သက်တဲ့အမှုတွေကို စစ် ဆေးနေတဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC နဲ့ နိုင်ငံတကာတရား ICJ တို့ကိုလည်း သတင်းအချက် အ လက်နဲ့ စိစစ်သုံးသပ်ချက် အမှုတွဲ ၈၀ ကျော်ကို မျှဝေခဲ့တဲ့အကြောင်း၂၀၂၄ ခုနှစ် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ IIMM တင်ပြခဲ့တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

BROUK ကတော့ မြန်မာစစ်ခေါင်းဆောင်နဲ့ အရာရှိတွေအတွက် အာဂျင်တီးနားတရားရုံးရဲ့ အပြည်ပြည်ဆိုင်ရာဖမ်းဝရမ်းဟာ ရိုဟင်ဂျာအပါအဝင် မြန်မာစစ်တပ်လက်အောက်မှာ လူ့အခွင့်အရေးချိုးဖောက်မှု ခံစားခဲ့ရတဲ့သူတွေအတွက် တရားမျှတမှုသမိုင်းမှတ်တိုင်တစ်ခုပဲလို့ ကြေညာထားပါတယ်။

ဖမ်းဝရမ်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်လည်းပါဝင်
၂၀၁၆ ခုနှစ်က တွေ့ရတဲ့ သမ္မတ ဦးထင်ကျော်နဲ့ ဒေါ် အောင်ဆန်းစုကြည်

အမှုတိုင်ကြားခဲ့တာဟာ ၂၀၁၉ ခုနှစ်အရပ်သားအစိုးရလက်ထက်ဖြစ်ပြီး သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အရပ်သားအစိုးရဦးဆောင်နေတဲ့ကာလဖြစ်ပါတယ်။

ဒါပေမဲ့ ရိုဟင်ဂျာတွေ ကျူးလွန်ခံရချိန် ၂၀၁၇ ခုနှစ်ဟာ သမ္မတဦးထင်ကျော် ဦးဆောင်ခဲ့တဲ့ကာလဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ် BROUK က အမှုစဖွင့်ချိန်မှာ သမ္မတဦးထင်ကျော် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုပါ ထည့်သွင်းအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ BROUK က ၂၀၂၃ ခုနှစ်မှာ နိုင်ငံရဲ့ အခြေအနေကြောင့် သမ္မတဦးထင်ကျော် နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နာမည်တွေကို ဖြုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၄ ဇွန်လမှာတော့ အာဂျင်တီးနားတရားရုံးရှေ့နေဘက်က အမှုတည်ဆောက်ပြီးဖြစ်တာကြောင့် ဆိုကာဖြုတ်လို့မရကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၅ ဖေဖော်ဝါရီ ဖမ်းဝရမ်းထွက်လာချိန်မှာ သမ္မတဦးထင်ကျော် နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်လာတာဖြစ်ပါတယ်။

ရိုဟင်ဂျာအမှုဟာ NLD အစိုးရလက်ထက်မှာဖြစ်ခဲ့တာကြောင့် အာဂျင်တီးနားတရားသူကြီးဦးဆောင် တဲ့အဖွဲ့ကနေ အရပ်ဘက်ခေါင်းဆောင်တွေမှာ တာဝန်ရှိ၊ မရှိစစ်ဆေးဖို့ အချိန်တန်တာကြောင့် ဖမ်းဝရမ်းစာရင်းမှာ တစ်ခါတည်းထည့်သွင်းခဲ့တာလို့ အမှုကိုဆောင်ရွက်ပေးနေတဲ့ အာဂျင်တီးနားလူ့အခွင့်အရေးရှေ့နေ သောမတ်စ်ကွင်းတားနား က VOA သတင်းဌာနကို ဖြေထားပါတယ်။

ဒါပေမဲ့ ဒီအမှုမှာ အရပ်ဘက်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့လားဆိုတဲ့ မေးခွန်းအတွက် အထောက် အထားတွေအရ စစ်တပ်ပါဝင် ပတ်သက်နေတယ်ဆိုတဲ့အခြေအနေလိုမျိုးတော့ ပြတ်ပြတ်သားသားပြောလို့မရတဲ့ အကြောင်း ကွင်းတားနား က နှိုင်းယှဉ်ပြီးရှင်းပြထားပါတယ်။

ကွင်းတားနားဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် ၂၀၀၈ ကနေ ၂၀၁၄ ခုနှစ်အထိ ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

နိုင်ငံတကာဥပဒေပညာရှင်၊ လူ့အခွင့်အရေးရှေ့နေလည်းဖြစ်တဲ့ ဦးအောင်ထူး ကတော့ အရပ်သားခေါင်းဆောင်တွေ ဖမ်းဝရမ်းစာရင်းထဲပါလာပေမဲ့ တရားရုံးကို အယူခံဝင်နိုင်တဲ့ အခြေအနေရှိတယ်လို့ ထောက်ပြပါတယ်။

"အမှန်တရားဖော်ထုတ်ရေးဘက် မျက်နှာမူပြီး တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် တရားစွဲတဲ့အပိုင်းက လျှော့ပေါ့သက်သာလို့ရတဲ့ ဥပဒေကြောင်းအခြေအနေတွေရှိတယ်" လို့ ဦးထူးအောင်က မှတ်ချက်ပြုပါတယ်။

မြန်မာစစ်တပ်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမရနိုင်တော့ဘူးဆိုတဲ့ အမှန်တရားကိုလက်ခံပြီး ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ အစိုးရအဖွဲ့အတွင်း ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကို အမှုရင်ဆိုင်ချိန် ဖော်ထုတ်ပေးဖို့လိုတယ်လို့ ဦးအောင်ထူးက ထောက်ပြပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရပြီး အမှုအတွက်ချေပနိုင်တဲ့အခွင့်အရေးမရှိတဲ့ အခုလိုအချိန်မှာ ဖမ်းဝရမ်းထဲထည့်တာက မဖြစ်သင့်တဲ့လုပ်ဆောင်ချက်လို့ ဝေဖန်ထားကြပါတယ်။

စစ်ကောင်စီဘက်ကတော့ အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းအပေါ် တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။


ဖမ်းဝရမ်းနောက်ဆက်တွဲခြေလှမ်း

ပြင်သစ်နိုင်ငံ၊ လီယွန်မြို့မှာရှိတဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) ဌာနချုပ်

အာဂျင်တီးနားတရားရုံးက ထုတ်လိုက်တဲ့ ဖမ်းဝရမ်းကို နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို) နဲ့ နိုင်ငံတချို့ကို ပို့သွားမယ်လို့ BROUK အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ဘီဘီစီကိုပြောပါတယ်။

"အာဆီယံဥက္ကဋ္ဌ မလေးရှားကိုပို့မယ်။ ဥရောပသမဂ္ဂ(EU) ကိုပို့မယ်၊ ပြီးရင် အစ္စလာမ်မစ် နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုပို့မယ်။ ပြီးတော့ အမေရိကန်နဲ့ ကုလသမဂ္ဂ (UN)ကိုပို့မယ်။ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ကိုပို့မယ်" လို့ သူက ပြောပါတယ်။

ဝရမ်းထုတ်ခံထားရတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ ပြည်ပနိုင်ငံတွေကို အသွားအလာလုံးဝ လုပ်လို့မရဘဲ ဘယ်နိုင်ငံရောက်နေပါစေ ဖမ်းလို့ရအောင် ရည်ရွယ်ပြီး အခုလိုပို့ဆောင်မှာလို့ ဦးထွန်းခင်က တုံ့ပြန်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုနဲ့ ချိတ်ဆက်ထားတဲ့ ၁၉၆ နိုင်ငံထဲမှာ အာဂျင်တီးနားနဲ့ မြန်မာ နိုင်ငံလည်းပါဝင်တယ်လို့ အင်တာပိုရဲ့ ဝက်ဘ်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

အာဂျင်တီးနားရှေ့နေကတော့ အင်တာပိုအနေနဲ့ နိုင်ငံအသီးသီးက ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ် ဆောင်ရမှာဖြစ်လို့ ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နဲ့ အာဆီယံတို့လို မိတ်ဖက်အဖွဲ့အစည်းနိုင်ငံတွေဆီက ပံ့ပိုးကူညီမှုတွေရဖို့ အာဂျင်တီးနားအနေနဲ့ ချဉ်းကပ်ဆောင်ရွက်မယ်လို့ သူကဆိုထားပါတယ်။

အင်တာပိုအနေနဲ့ ဖမ်းဝရမ်းလက်ခံရရှိတဲ့အခါ နိုင်ငံတကာရဲလုပ်ငန်းစဉ်တွေအရ စစ်ခေါင်းဆောင်နဲ့ စစ်တပ်အရာရှိတွေအပေါ် အရေးယူမှုလုပ်နိုင်တယ်လို့ နိုင်ငံတကာဥပဒေပညာရှင် ဦးအောင်ထူးက ဘီဘီစီကို ဖြေပါတယ်။

အင်တာပိုအနေနဲ့ အနီရောင်အဆင့် သတိပေးချက် (Red Notice)ကို အဖွဲ့ဝင်နိုင်ငံတွေဆီ တရားဝင်အကြောင်းကြားပြီး ဖမ်းဝရမ်းစာရင်းထဲပါတဲ့သူတွေကို ဖမ်းခိုင်းလို့ရတယ်လို့ ဦးအောင်ထူးက ပြောပါတယ်။

"ဖမ်း မဖမ်းဆိုတာကလည်း သက်ဆိုင်ရာ နိုင်ငံတွေနဲ့ စစ်ကောင်စီနဲ့ကြား ဆက်ဆံရေးအပေါ်မှာလည်း မူတည်မယ်" လို့ သူက ထောက်ပြပါတယ်။

၂၀၂၅ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ မလေးရှားနိုင်ငံဟာ အာဂျင်တီးနားနဲ့ လွှဲပြောင်းရေးစာချုပ်(Extradiction Treaty)ချုပ်ဆိုထားတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။

လွှဲပြောင်းရေးစာချုပ်ဆိုတာဟာ ဝရမ်းထဲပါတဲ့သူကိုဖမ်းပြီး ဝရမ်းထုတ်တဲ့နိုင်ငံကို ပြန်လွှဲပေးတဲ့စာချုပ်ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာ့ပြဿနာဖြေရှင်းရေး သက်ဆိုင်သူအားလုံးတွေ့ဆုံဖြေရှင်းရေးကို လမ်းကြောင်းဖော်ထားတဲ့ မလေးရှားက စစ်ခေါင်းဆောင်ကို ဖမ်းဆီးတာမျိုးနဲ့ ဝရမ်းထုတ်တဲ့နိုင်ငံပြန်လွှဲဖို့ဆိုတာ ဖြစ်နိုင်ချေနည်းတယ်လို့ စင်္ကာပူအခြေစိုက် မြန်မာ့အရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုပါတယ်။

မလေးရှားနိုင်ငံရဲ့ မြန်မာ့အရေးအထူးသံတမန်ဟာ ဖေဖော်ဝါရီလထဲမှာပဲ မြန်မာ့အရေးဖြေရှင်းရေးလုပ်ငန်းစဉ်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ K2C (KNU၊ KNPP၊ CNF) အဖွဲ့တွေအပြင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ လည်း တွေ့ဆုံထားပါတယ်။

ICC ဖမ်းဝရမ်း ထပ်ထွက်လာနိုင်လား
ICC ရှေ့နေချုပ်ကာရင်မ်ခန်း (ပုံဟောင်း)

အပြည်ပြည်ဆိုင်ရာ ဖမ်းဝရမ်းထုတ်လိုက်တာက နိုင်ငံတကာတရားစီရင်ရေးအရ ICC နဲ့ နိုင်ငံတကာတရားရုံး(ICJ)တို့ရဲ့ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေအပေါ် အရေးယူလာနိုင်ဖို့ အားဖြည့်လိုက်တာဖြစ်တယ်လို့ ယူကေအခြေစိုက် မြန်မာရိုဟင်အဖွဲ့ (BROUK)ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောထားပါတယ်။

"ဒါက ရိုဟင်ဂျာတွေတင်မကဘူး၊ လူမျိုး၊ ကျား၊ မ မခွဲခြားဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေအားလုံးအတွက် တရားမျှတမှုပဲ" လို့ BROUK က ဖော်ပြပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းတယ်ဆိုပြီး ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ၅ နှစ်ကြာစုံစမ်းပြီး စစ်ခေါင်းဆောင်မှာ အပြစ်ရှိကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဆုံးဖြတ်ချက်ထွက်လာပါတယ်။

အဲဒီနောက် ICC ရှေ့နေချုပ်ကာရင်မ်ခန်းက စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးပါဆိုပြီး ICC ရုံးတော်ကို လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာ့အရေးတာဝန်ခံမှုရှိစေရေး MAP အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာခရစ္စတိုဖာဂန်းနက်စ် က ၂၀၂၄ ဒီဇင်ဘာက ဘီဘီစီနဲ့ အင်တာဗျူးမှာ မြန်မာ စစ်ခေါင်းဆောင် အတွက် ICC ရဲ့ ဖမ်းဝရမ်းပါထပ်ပြီး ထွက်လာမယ်ဆိုရင် မြန်မာစစ်ခေါင်းဆောင်ကို ကမ္ဘာ့နိုင်ငံတွေလက်ခံဖို့ပိုခက်ခဲသွားမယ်လို့ မှတ်ချက်ပြုထားပါတယ်။

တဖက်မှာလည်း ICC အနေနဲ့ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးရေး စဉ်းစားနေတဲ့ကာလမှာအာဂျင်တီးနားရဲ့ ဖမ်းဝရမ်းကိုပါ ဆက်စပ်ပြီးစဉ်းစားနိုင်တယ်လို့ နိုင်ငံတကာဥပဒေ ပညာရှင် ဦးအောင်ထူးက ပြောပါတယ်။

"ရိုဟင်ဂျာအမှုအကြောင်းအရာတူနေတဲ့အတွက် ICC အနေနဲ့ စဉ်းစားနိုင်တယ်"လို့ သူကဆိုပါတယ်။

ICC ရဲ့ ဖမ်းဝရမ်းထွက်လာရင်တော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကျင်းပမယ့် လုပ်ငန်းစဉ်တစ်ခုလုံးအပေါ်မှာအပျက်သဘောသက်ရောက်သွားနိုင်တယ်လို့ ဦးအောင်ထူးက ကောက်ချက်ချပါတယ်။

" နိုင်ငံတကာရာဇဝတ်မှုကျုးလွန်သူအဖြစ် အတိအလင်းဆိုနိုင်လို့ စစ်ခေါင်းဆောင်အနေနဲ့ သမ္မတတက်လုပ်ဖို့ မဖြစ်နိုင်တော့တဲ့အခက်အခဲနဲ့ ရင်ဆိုင်ရလိမ့်မယ်"

Link : Here

Tuesday, February 18, 2025

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူမျိုးတုံးသတ်ဖြတ်မှု ဖမ်းဝရမ်းက ဖယ်ရှားပေးဖို့ NUG တောင်းဆို

RFA
RFA Burmese
2025.02.18
 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ယာ) နှင့် သမ္မတဟောင်း ဦးထင်ကျော် (ဝဲ) တို့အား တွေ့ရစဉ်။ AFP & MYANMAR STATE COUNSELLOR OFFICE

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ် တရားစွဲဆိုထားတာကနေ ဖယ်ရှားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုလိုက်ပါတယ်။

Monday, February 17, 2025

အာဂျင်တီးနား ဖမ်းဝရမ်းကို ဘယ်လို တုံ့ပြန်သင့်သလဲ

ဧရာဝတီ
ဂျိမ်းရွှေ
17 February 2025
သူ့အတွေး သူ့အမြင်

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က ICJ တရားရုံးတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်

အာဂျင်တီးနား တရားရုံးက မြန်မာနိုင်ငံ၏ တာဝန်ရှိသူ ၂၅ ဦး (ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင်) အား ဖမ်းဆီးရေးဝရမ်းများ ထုတ်ပြန်ခဲ့သည်မှာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားထုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် တရားမျှတမှုကို ရှာဖွေရာတွင် သမိုင်းဝင်အဖြစ် မှတ်သားစရာ ဖြစ်ပါသည်။

Friday, February 14, 2025

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စစ်ခေါင်းဆောင်ကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်

မဇ္ဈိမ
Friday, February 14, 2025

 
၂၀၂၄ မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့အခမ်းအနားတွင် မြင်တွေ့ရသည့် စစ်ခေါင်းဆောင်။ ဓါတ်ပုံ- AFP
 
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပေါင်းအပါများကို အာဂျင်တီးနားတရားရုံးက ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဖြင့် ဖမ်းဝရမ်းထုတ်လိုက်ကြောင်း Burmese Rohingya Organisation UK (BROUK) အဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၁၄ ရက်) တွင် ထုတ်ပြန်သည်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုထုတ်တဲ့ဝရမ်း ကုလ နဲ့ အင်တာပိုလ် ကို ပို့မယ်

BBC
၁၄ ဖေဖော်ဝါရီ၊ ၂၀၂၅  

မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ(BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်

စစ်ခေါင်းဆောင်အပါအဝင် တပ်အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံးက ထုတ်လိုက်တဲ့ ဖမ်းဝရမ်းကို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ နိုင်ငံတချို့ကို ပို့သွားမယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ(BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်က ဘီဘီစီကို ပြောပါတယ်။

Sunday, January 5, 2025

ICC ဖမ်းဝရမ်း စက္ကူကျားလား၊ သဟေ့ဂ်အရောက် တကယ် ခေါ်နိုင်လား

BBC
December 7, 2024

 
📌- ICC ရှေ့နေချုပ်ရဲ့ နောက်ထပ် ဖမ်းဝရမ်းတွေ မြန်မာက ဘယ်သူတွေကို ပစ်မှတ်ထားလာနိုင်လဲ
မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးပါ ဆိုပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ရဲ့ ရှေ့နေချုပ် ကရင်းမ်ခန်းက ရုံးတော်ထံ လျှောက်ထားလိုက်ပါတယ်။ ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ၊ အစုလိုက် အပြုံလိုက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးသွားရအောင် ပြုလုပ်ခဲ့တာတွေ အတွက် မြန်မာ စစ်တပ် ခေါင်းဆောင်လည်း ဖြစ်၊ လက်ရှိ ယာယီ သမ္မတ တာဝန်ကိုလည်း ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှာ တာဝန်ရှိကြောင်း ယုံကြည်ရဖွယ် အခြေခံ အချက်တွေ ရှိနေတယ် ဆိုပြီး ICC ရဲ့ ရှေ့နေချုပ် က ဆိုပါတယ်။ 

Wednesday, December 11, 2024

မင်းအောင်လှိုင် တစ်သက်တာ ရှောင်ပြေးနေရမည့် အိုင်စီစီ ဖမ်းဝရမ်း

Myanmar Now
သုတဇော်
December 11, 2024

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ) ၏ တရားစွဲအရာရှိ Karim A.A. Khan KC က ခုံရုံးသို့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဦးတိုက်လျှောက်ထားမှုသည် မြန်မာ့အရေး နိုင်ငံတကာ အသိုက်အဝန်း၏ ကြိုးပမ်းအဖြေရှာမှုများအထဲ နောက်ဆုံး ပေါ်ထွက်လာသော နည်းလမ်းတစ်ခု ဖြစ်လာပါသည်။

Sunday, December 1, 2024

မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းအမြန်ဆုံးထုတ်ဖို့ တရားသူကြီးတွေကို SAC-M တောင်းဆို

RFA
RFA Burmese
2024.11.30
 

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ရိုဟင်ဂျာအရေး ကြားနာနေချိန် တရားရုံးအပြင်ဘက်က ဆန္ဒပြနေကြသူများအားတွေ့ရစဉ်။ Reuters 
 

Saturday, November 30, 2024

မင်းအောင်လှိုင်ကို ICCဖမ်းဝရမ်း တောင်းဆိုမှု နောက်ဆက် တွဲ ဘာတွေ အသုံးချသင့်သလဲ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အလိုရှိကြောင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့၏ ကန်ပိန်းပိုစတာ
 
မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ပေးရန် အပြည်ပြည်ဆိုင်ရာ ရာဇ ဝတ် တရားရုံး (ICC) ၏ တောင်းဆိုမှုကို ဒီမိုကရေစီ ဘက်တော်သားများက မဟာဗျူဟာမြောက် နိုင် ငံရေးအခွင့်အလမ်း တခုအနေဖြင့် အကျိုးအရှိဆုံး အသုံးချနိုင်ရန် အရေးကြီးပါသည်။

မြန်မာအာဏာရှင်တဦးအား ဖမ်းဝရမ်းထုတ်ပေးရန် ICC ရှေ့နေချုပ်က တရားလိုအနေဖြင့် ICC တရားရုံးကို ကမ္ဘာ့သမိုင်းတွင် ပထမဆုံးအကြိမ် တောင်းဆိုခြင်းဖြစ်သောကြောင့် ထူးခြားပါသည်။

ရိုဟင်ဂျာ ပြဿနာကို တာဝန်ခံမှုအတွက်လည်း ရှေ့တက် ခြေလှမ်းသစ်တလှမ်း ဖြစ်ပါသည်။

အကျိုးသက်ရောက်မှုများ

ICC တရားလို မစ္စတာ ကာရင် အာဆတ် အာမက်ခန်က မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ပေးရန် တောင်းဆိုထားသော်လည်း ICC က ယခုအချိန်ထိ ဖမ်းမိန့် ထုတ်ပြန်ခြင်း မရှိသေးပါ။ ဤအမှု၏ စွပ် စွဲချက်များမှာ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သော ရာဇဝတ်မှုများ၊ အထူးသဖြင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှ ဒီဇင်ဘာလအတွင်း ရိုဟင်ဂျာများအား နေရပ်စွန့်ခွာစေခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ ဖြစ်သည်။

ICC က ဖမ်းမိန့် ထုတ်ပြန်ပေးသည့်တိုင်အောင် မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ခြင်းနှင့် လက်ရှိ မင်းအောင်လှိုင်တွင် အာဏာရှိနေခြင်းများကြောင့် ချက်ချင်းဖမ်းနိုင်ရန်အတွက် မလွယ်ပါ။
ICC က ဖမ်းမိန့် ထုတ်ပြန်ပေးသည့်တိုင်အောင် မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ခြင်းနှင့် လက်ရှိ မင်းအောင်လှိုင်တွင် အာဏာရှိနေခြင်းများကြောင့် ချက်ချင်းဖမ်းနိုင်ရန်အတွက် မလွယ်ပါ။ သို့သော် ဖြစ်နိုင်ခြေရှိသော အောက်ပါအကျိုးဆက်များ ရှိပါသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၉ ရက် အာဇာနည်ကုန်းသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အလေးပြုစဉ် / Reuters

၁။ ခရီးသွားလာခွင့် ကန့်သတ်ခြင်း။ ။ ဖမ်းမိန့်ထုတ်ပြန်ပါက မင်းအောင်လှိုင်၏ နိုင်ငံတကာခရီးသွားလာခွင့်ကို တရုတ်နှင့် ရုရှားကဲ့သို့သော ICC အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများသို့သာ ကန့်သတ်မှု ရှိသွားနိုင်ပါသည်။ သို့သော် အာဆီယံတွင် ကမ္ဘောဒီးယားတနိုင်ငံတည်းသာ ICC အဖွဲ့ဝင်ဖြစ်ကြောင်း သတိပြုပါ။

၂။ ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်း။ ။ နိုင်ငံများသည် မင်းအောင်လှိုင်နှင့် သူ၏ နောက်လိုက်များ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ရန် စဉ်းစားနိုင်သည်။

၃။ သံတမန်ရေး အထီးကျန်ဖြစ်ခြင်း။ ။ ဤတောင်းဆိုချက်သည် မင်းအောင်လှိုင်အား နိုင်ငံတကာဖိုရမ်များနှင့် စေ့စပ်ညှိနှိုင်းမှု အစည်းအဝေးများသို့ ဖိတ်ကြားမှုရရန်၊ တက်ရောက်ရန် ပိုမိုခက်ခဲစေနိုင်ပါသည်။

၄။ စစ်ဆေးစောင့်ကြည့်မှု တိုးမြှင့်ခြင်း။ ။ မင်းအောင်လှိုင်၏ အတွင်းလူများနှင့် မိသားစုဝင်များ၏ ငွေကြေးလွှဲပြောင်းမှုများ ခရီးသွားလာမှုများနှင့် ပတ်သက်၍ ပိုမိုစစ်ဆေး စောင့်ကြည့်မှုတို့ကို ရင်ဆိုင်ရနိုင်သည်။

ICC စီရင်ပိုင်ခွင့်နှင့် နောက်ထပ်အရေးယူမှုများ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စွပ်စွဲထားသော ရာဇဝတ်မှုတို့၏ တစိတ်တပိုင်းသည် ICC အဖွဲ့ဝင်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျူးလွန်ခဲ့သောကြောင့် ICC သည် ဤရာဇဝတ်မှုများကို တရားစွဲဆိုနိုင်ခွင့် ရရှိခဲ့ကြောင်း သတိပြုမိရန် အရေးကြီးပါသည်။ ဤတရားစီရင်ပိုင်ခွင့်သည် အနာ ဂတ်တွင် အခြား မြန်မာအကြီးတန်းအရာရှိများအပေါ် ဖမ်းဝရမ်းများ ထပ်မံထုတ်ပြန်နိုင်ရန် လမ်းဖွင့်ပေးနိုင်သည်။

ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် သက်ရောက်မှု

ရိုဟင်ဂျာအသိုင်းအဝိုင်းအတွက် ဤဖြစ်ပေါ်တိုးတက်မှုသည် သူတို့လိုချင်နေသော တရားမျှတမှုအတွက် မျှော်လင့်ချက်ရောင်ခြည်တခု ဖြစ်သည်။ သူတို့၏ ဒုက္ခဆင်းရဲကို အသိအမှတ်ပြုသောကြောင့် နှစ်သိမ့်မှု အတော်အတန် ပေးနိုင်ခြေရှိပါသည်။ သို့သော် အမှန်တကယ် တရားစီရင်မှုဆီသို့ သွားရာလမ်းသည် ရှည်လျားပြီး မသေချာသေးသောကြောင့် မျှော်လင့်ချက်ကြီးစွာ မထားရန် အရေး ကြီးပါသည်။

ထို့ပြင် ဤတိုးတက်မှုကို အခြားမြန်မာပြည်မှ အသိုင်းအဝိုင်းများနှင့် တင်းမာမှုများ ပိုမို မဖြစ်ပွားစေရန်နှင့် ပြန်လည်သင့်မြတ်ရေးဆီသို့ ဦးတည်စေရန် သတိထားသင့်ပါသည်။ မင်းအောင်လှိုင်စစ်အုပ်စုနှင့် ပူးပေါင်းကျူးလွန်မှုများအတွက် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) ခေါင်းဆောင်များအပေါ် ICC ဖမ်းဝရမ်းများ ထုတ်ပေးရန် တောင်းဆိုနေကြောင်းလည်း သတိပြုရန်လိုပါသည်။

ဒေသတွင်း အခြေအနေများ
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဂေါတုသာရရွာ မီးရှို့ခံရစဉ် / ဧရာဝတီ

၁။ တရုတ်နှင့် ရုရှားစစ်အုပ်စုကို ဆက်လက်ထောက်ခံရန် အလားအလာရှိပါသည်။ နှစ်နိုင်ငံလုံးသည် ICC အဖွဲ့ဝင်များ မဟုတ်ပါ။ တရုတ်သည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC)၊ ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို ပြန်လည်စတင်ရန် အလွန်လိုလားနေသည့်အတွက် ဤတောင်းဆိုချက်ကို အရေးမလုပ်ဘဲ ဒေသတွင်းတည်ငြိမ်မှုကို ရသည့်နည်းဖြင့် ဆက်လက်ရှာရန် အလားအလာရှိပါသည်။
အာဆီယံ-အဖွဲ့ဝင်နိုင်ငံများအကြား တုံ့ပြန်မှုများ ကွဲပြားနိုင်ပြီး အဖွဲ့၏ စည်းလုံးညီညွတ်မှုအပေါ် သက်ရောက်မှု ရှိနိုင်သည်။
၂။ အိန္ဒိယ၊ မဟာဗျူဟာအကျိုးစီးပွားနှင့် နိုင်ငံတကာဖိအားကို ချိန်ညှိ၍ ၎င်း၏သဘောထားကို ပြန် လည်သုံးသပ်နိုင်သည်။

၃။ ထိုင်း၊ ပြည်တွင်းရေးစိုးရိမ်မှုများနှင့် ဒေသတွင်းတည်ငြိမ်မှုတို့ကို ချိန်ဆ၍ သတိထားသော ချဉ်းကပ်မှုကို လုပ်ဆောင်မည်ဟု မျှော်လင့်ရသည်။

၄။ ဘင်္ဂလားဒေ့ရှ်၊ အထူးသဖြင့် ရိုဟင်ဂျာ ဒုက္ခသည်အခြေအနေနှင့် ပတ်သက်၍ ICC ၏ တောင်းဆိုချက်ကို အပြုသဘောဆောင်စွာ ရှုမြင်ဖွယ်ရှိသည်။

၅။ အာဆီယံ၊ အဖွဲ့ဝင်နိုင်ငံများအကြား တုံ့ပြန်မှုများ ကွဲပြားနိုင်ပြီး အဖွဲ့၏ စည်းလုံးညီညွတ်မှုအပေါ် သက်ရောက်မှု ရှိနိုင်သည်။

တော်လှန်ရေးအတွက် မဟာဗျူဟာမြောက် အခွင့်အလမ်းများ

၁။ ကိုယ်စားပြုမှုပုံရိပ် ထိန်းချုပ်မှု။ ။ ဤတောင်းဆိုချက်ကို အသုံးပြု၍ နိုင်ငံတကာအသိုင်းအဝိုင်းအား စစ်အုပ်စု၏ တရားမဝင်မှုကို ပုံဖော်နိုင်ပါသည်။

၂။ သံတမန်ရေးဆက်ဆံမှု။ ။ ဤဖြစ်ပေါ်တိုးတက်မှုကို အသုံးချ၍ နိုင်ငံတကာအသိုင်းအဝိုင်းထံမှ စစ်အုပ်စုအပေါ် ပိုမို ထိရောက်သော အရေးယူဆောင်ရွက်မှုများအတွက် တိုက်တွန်းနှိုးဆော်နိုင်ပါသည်။

၃။ မဟာမိတ်ဖွဲ့ခြင်း။ ။ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းများ၊ ဒီမိုကရေစီထောက်ခံသူများနှင့် မဟာမိတ်ဖွဲ့မှုများကို ပိုမိုခိုင်မာ အားကောင်းစေရန် ကြိုးစားနိုင်ပါသည်။

၄။ စစ်တပ်အတွင်း ကွဲပြားမှုများ တိုးစေခြင်း။ ။ စစ်တပ်အရာရှိများအတွက် ဖြစ်နိုင်ခြေရှိသော အကျိုးဆက်များကို မီးမောင်းထိုးပြ၍ စစ်တပ်အတွင်း သဘောထားကွဲပြားမှုများကို အားပေးပြီး စစ်အုပ်စုကို အားနည်းစေရန် ကြိုးစားနိုင်ပါသည်။

အဖွဲ့အားလုံးအတွက် ကြိုတင်ကာကွယ်ရေး အစီအမံများ

လက်နက်ကိုင်အဖွဲ့တိုင်းသည် ICC ၏ စုံစမ်းစစ်ဆေးမှုကို ခံရနိုင်ကြောင်း သတိပြု၍ အဖွဲ့အားလုံးသည် အောက်ပါ ကြိုတင်ကာကွယ်ရေး အစီအမံများကို ချမှတ်သင့်သည်။

၁။ ဥပဒေရေးရာ တိုင်ပင်ဆွေးနွေးခြင်း။ ။ နိုင်ငံတကာဥပဒေနှင့် လိုက်နာမှုဆိုင်ရာ လိုအပ်ချက်များကို နားလည်ရန် ဥပဒေကျွမ်းကျင်သူများနှင့် ပုံမှန် တိုင်ပင်ဆွေးနွေးပါ။

၂။ မှတ်တမ်းတင်ခြင်းနှင့် ပွင့်လင်းမြင်သာမှု။ ။ တာဝန်ခံမှုကို ပြသရန် မိမိအဖွဲ့၏ လုပ်ဆောင်ချက်များနှင့် ဆုံးဖြတ်ချက်များ၏ အသေးစိတ်မှတ်တမ်းများကို ထိန်းသိမ်းထားပါ။

၃။ လေ့ကျင့်သင်ကြားမှုနှင့် လုပ်ထုံးလုပ်နည်းများ။ ။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေး လိုက်နာမှုကို အလေးပေးသော အစီအစဉ်များကို လေ့ကျင့်သင်ကြား၍ အားလုံး နားလည်နိုင်သော လုပ်ထုံးလုပ်နည်းများကို လက်တွေ့ အကောင်အထည်ဖော်ပါ။

၄။ ပြည်သူ့ဆက်ဆံရေး မဟာဗျူဟာ။ ။ သတင်းမှားများကို တုံ့ပြန် ရှင်းလင်းတင်ပြရန်အတွက် ခိုင်မာသော ဆက်သွယ်ရေးနည်းလမ်း အစီအစဉ်တို့ကို ပြင်ဆင်ရေးဆွဲပါ။

၅။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်း။ ။ တရားဝင်မှုကို မြှင့်တင်ရန် ရည်မှန်းချက်ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံပါ။

စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းခြင်း
၂၀၁၇ ခုနှစ် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာပြေးကြချိန် ရိုဟင်ဂျာမိခင်နှင့် ကလေးငယ်ကို တွေ့ရစဉ်/AFP
 
၁။ တသမတ်တည်းဖြစ်သော ပုံရိပ်။ ။ စုပေါင်းကြိုးပမ်းမှုများကို ပိုမိုခိုင်မာစေရန် ဒီမိုကရေစီအဖွဲ့ အား လုံးတွင် တသမတ်တည်းဖြစ်သော ပုံရိပ်တခုကို ဖန်တီးပါ။

၂။ မှားယွင်းသော သတင်းအချက်အလက်များကို ဖြေရှင်းခြင်း။ ။ မှားယွင်းသော သတင်းအချက်အ လက်များကို သတိထား၍ စောင့်ကြည့်ပြီး မှားယွင်းသော ပုံရိပ်များကို ချက်ချင်းဖြေရှင်းပါ။

၃။ ရေရှည်မျှော်မှန်းချက်။ ။ အာရုံစူးစိုက်မှုနှင့် စိတ်အားထက်သန်မှုကို ထိန်းသိမ်းရန် လှုပ်ရှားမှု၏ အဓိက ဦးတည်ချက်၊ ရည်မှန်းချက်များကို အလေးထားပါ။

၄။ ယုံကြည်မှု တည်ဆောက်ခြင်း။ ။ စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန် ထောက်ပံ့မှုတို့ကို အားကောင်းစေရန် အဖွဲ့အစည်းအများကြားတွင် ခိုင်မာသော ဆက်ဆံရေးများကို မြှင့်တင်ပါ။

ရှေ့ဆက်ခြေလှမ်းများ


ICC ၏ တောင်းဆိုချက်သည် တာဝန်ခံမှုဆီသို့ ရှေ့တက်သော ခြေလှမ်းတရပ် ဖြစ်သော်လည်း အပြီးသတ် ဖြေရှင်းချက်တခုအဖြစ် မမြင်သင့်ပါ။
ICC ၏ တောင်းဆိုချက်သည် တာဝန်ခံမှုဆီသို့ ရှေ့တက်သော ခြေလှမ်းတရပ် ဖြစ်သော်လည်း အပြီးသတ် ဖြေရှင်းချက်တခုအဖြစ် မမြင်သင့်ပါ။
ICC သည် မကြာသေးမီက ရှုပ်ထွေးသော ပထဝီနိုင်ငံရေးအခြေအနေများကို ဖြေရှင်းရန် ၎င်း၏ဆန္ဒကို ပြသ၍ အစ္စရေးနှင့် ဟားမတ်စ်ခေါင်းဆောင်များအတွက် ဖမ်းဝရမ်းများ ထုတ်ပြန်ခဲ့ကြောင်း သတိပြုသင့်ပါသည်။ သို့သော် မည်သူကိုမှ ဖမ်းနိုင်ခြင်း မရှိသေးပါ။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စုအပေါ် စုပေါင်းဖိအားပေးမှုများ ဆက်လက်ပြုလုပ်ရန် တောင်းဆိုနေဖို့ လိုပါသည်။

နိုင်ငံသားများအနေဖြင့် စည်းလုံးညီညွတ်မှု၊ မဟာဗျူဟာမြောက် စီမံကိန်းရေးဆွဲခြင်းနှင့် ပူးတွဲရည်မှန်းချက်များအပေါ် သစ္စာရှိမှုတို့ကို ဆုပ်ကိုင်ထားရန် တိုက်တွန်းပါသည်။


(ဂျိမ်းရွှေသည် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတဦး ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုတွင် အခြေချနေထိုင်သည်မှာ နှစ် ၄၀ ရှိပြီဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မြန်မာပြည်တွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာ့အရေး တစိုက်မတ်မတ် စည်းရုံးလှုံ့ဆော်နေသူ ဖြစ်သည်။)


You may also like these stories:


Link :Here

Thursday, November 28, 2024

ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ဥပဒေအရာရှိ တောင်းဆို

NHK World
November 26 2024

ရိုဟင်ဂျာ မွတ်စလင် လူနည်းစုတွေကို နှိပ်စက်ညှဉ်းပန်းမှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) ရဲ့ ဥပဒေအရာရှိချုပ်က တောင်းဆိုလိုက်ပါတယ်။

ICC ဆုံးဖြတ်ချက်နဲ့ စစ်ခေါင်းဆောင်ကို အမြန်ဖမ်းနိုင်ဖို့ ရိုဟင်ဂျာတွေလိုလား

RFA
RFA Burmese
2024.11.28

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ရိုဟင်ဂျာအရေး ကြားနာနေချိန် တရားရုံးအပြင်ဘက်က ဆန္ဒပြနေကြသူများအားတွေ့ရစဉ်။ Photo: Reuters

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ်က တရားရုံးထံ လျှောက်ထားလိုက်တဲ့အပေါ် ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေက ကြိုဆိုလိုက်ပြီး တရားမျှတမှုရဖို့ နီးကပ်လာနေပြီလို့ ပြောဆိုကြပါတယ်။

Wednesday, November 27, 2024

မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် ICC ရှေ့နေချုပ် လျှောက်ထား၊ ဖမ်းဝရမ်းထွက်လာလျှင် မင်း အောင်လှိုင် နိုင်ငံတကာတရားခံပြေးဖြစ်လာမည်

MPA
by Shine Bu Chay
Nov 27, 2024

ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် ‌အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ( ICC )၏ရှေ့နေချုပ်က ICCသို့ ယနေ့ (နိုဝင်ဘာ ၂၇ရက်) လျှောက်ထားခဲ့ကြောင်း သိရသည်။

Thursday, December 7, 2023

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါ ၇ ဦးကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ရန် လျှောက်ထား

DVB
December 7, 2023

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်ရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ခေါင်းဆောင် မင်း အောင်လှိုင်အပါအဝင် ၇ ယောက်ကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ပြန်ပေးဖို့ ဗြိတိန်နိုင်ငံ အခြေစိုက် ဗမာရိုဟင်ဂျာအဖွဲ့ (BROUK) က အာဂျင်တီးနားနိုင်ငံက တရားရုံးတခုဆီ လျှောက်ထားလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */