" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကော့ဘဇား. Show all posts
Showing posts with label ကော့ဘဇား. Show all posts

Monday, January 8, 2024

လူထောင်ပေါင်းများစွာအိုးအိမ်မဲ့ခဲ့ရသောရိုဟင်ဂျာဒုက္ခသည် စခန်း မီးလောင်မှု

Myanmar Now
AFP
January 8, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဇန်နဝါရီ ၇ မနက်အစောပိုင်းက မီးလောင်မှု ကြောင့် အိမ်ခြေ ၈၀၀ကျော် ပျက်စီးသွားပါတယ်။ ကူတူပါလောင်စခန်း အမှတ် ၅ က အဲ့ဒီမီးလောင်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ၇၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ပါတယ်။ ၂၀၁၇ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကြောင့် ရခိုင် ပြည်နယ်က ရိုဟင်ဂျာတွေ လူသန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ကြရကာ နိုင်ငံမဲ့ဘဝနဲ့ ဒုက္ခသည်စခန်းတွေမှာ ဆင်းရဲဒုက္ခမျိုးစုံနဲ့ နေထိုင်ရင်း အခုလို ဘေးအန္တရာယ်တွေနဲ့လည်း မကြာခဏ ကြုံတွေ့ နေ ရပါတယ်။ 

Thursday, October 5, 2023

ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း သတ်ဖြတ်မှု ၂ ဦး သေဆုံး

ဧရာဝတီ
5 October 2023
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်းရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခု / REUTERS
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ အူခီးယားမြို့ ရိုဟင်ဂျာဒုက္ခသည်စခန်း၌ ယမန်နေ့ မနက်ပိုင်း က ပစ်ခတ်မှု ဖြစ် ပွားရာ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) အဖွဲ့ဝင် ၁ ဦး သေဆုံးပြီး၊ စခန်းနေ ရိုဟင်ဂျာ လူငယ် ၁ ဦးလည်း ဓားခုတ် သတ်ဖြတ်ခံရကြောင်း သတင်း ရရှိသည်။

Wednesday, October 4, 2023

အူခီးယာဒုက္ခသည်စခန်းတွင်ARSA နှင့် RSOကြား တိုက်ခိုက် မှုများ ဖြစ်ပြီး ARSA ထိပ်တန်းခေါင်းဆောင်တစ်ဦး သေဆုံး

DMG
October 5 2023

ပုံစာ - ၂၀၂၂ ခုနှစ် ဧပြီလက အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့သည့် ဗွီဒီယိုဖိုင်တွင်တွေ့ရသော ARSA တပ်ဖွဲ့ဝင်များ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ အူခီးယာဒုက္ခသည်စခန်းတွင် ယနေ့ အောက်တိုဘာလ ၄ ရက် အစောပိုင်းက ARSA နှင့် RSO အဖွဲ့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေလီစတားသတင်းတစ်ရပ် တွင် ဖော်ပြထားသည်။ 

သေဆုံးသူများမှာ အသက် ၃၂ နှစ်အရွယ် ယူဆွတ်ခေါ် ချာမိုင်ယာယူဆွတ်နှင့် ၁၅ နှစ်အရွယ် အာရာဖက်ဟိုဆိန်း တို့ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

Tuesday, May 16, 2023

မုန်တိုင်းကြောင့် ကော့ဘဇားဒုက္ခသည်စခန်းတွေက နေအိမ် တစ်သောင်းနီးပါး ပျက်စီး

RFA
RFA Burmese
2023.05.15

မိုခါ မုန်တိုင်းတိုက်ခိုက်ခံရသည့် ကော့ဘဇားမြို့ ကူတုပါလောင် ဒုက္ခသည်စခန်းမှ အပျက်စီးတချို့အား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ ကိုအောင်မြိုင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မုန်တိုင်း တိုက်ခတ်ပြီး အဆောက်အအုံ တစ်သောင်းနီးပါး ပျက်စီးသွားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ကော့ဘဇားမြို့မှာ ရိုဟင်ဂျာဒုက္ခသည်စခန်း ၃၄ ခု ရှိပါတယ်။

မုန်တိုင်းကြောင့် နေအိမ်အဆောက်အုံတွေ လေနဲ့အတူ လွင့်ပါခဲ့သလို မြေပြိုတာတွေလည်း ရှိခဲ့တယ်လို့ ဒုက္ခ သည်တွေက ပြောပါတယ်။

Wednesday, May 10, 2023

ရာဇဝတ်မှု များပြားလာသည့် ကော့ဘဇားက မွတ်စလင် ဒုက္ခသည်စခန်းများ

ဧရာဝတီ
10 May 2023  

မတ်လ ၅ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သော ကော့ဘဇား ဒုက္ခသည်စခန်း / RY Mg Mg Sa
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်း၌ ရှိသော မွတ်စလင်ဒုက္ခသည်စခန်းများတွင် မူယစ်ဆေးဝါးရောင်း ဝယ် ဖောက်ကားမှုများအပါအဝင် လူသတ်မှု၊ ပြန်ပေးဆွဲမှု စသည့် ရာဇဝတ်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း ယင်းစခန်း အတွင်း နေထိုင်သူများက ထုတ်ဖော်ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရှိ ကူတုပါလောင်ဒုက္ခသည်စခန်းတွင် ဧပြီလ ၃၀ ရက် နံနက်၂ နာရီအချိန်က စခန်းအုပ် ချုပ် ရေးအဖွဲ့ဝင်တဦးဖြစ်သူ အသက် ၅၅ နှစ်အရွယ် အာဘူတဟိရ်မှာ အိပ်နေစဉ် မျက်နှာဖုံးစွပ် လူ ၅ ဦး လာ ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားသည့်အတွက် ရင်ဘတ်၌ ကျည်ဆန်ထိမှန်ခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် ဧပြီလ ၇ ရက်က သေဆုံးသွားခဲ့ကြောင်း စခန်းအတွင်းနေထိုင်သူတဦးက ပြောသည်။ 

Friday, October 22, 2021

Ukhiya မှာ ပြိုင်ဘက် ရိုဟင်ဂျာ အုပ်စုတွေကြား သေနတ် ပစ်ခတ်မှုမှာ ၇ ဦး သေဆုံး

UKIYA.COM
Published:22-10-2021,


Zawgyi
ကော့ဘဇားရှိ စခန်းတစ်ခုတွင် ပြိုင်ဘက် ရိုဟင်ဂျာဒုက္ခသည်အဖွဲ့နှစ်ဖွဲ့ကြား ခိုက်ရန်ဖြစ်ပွားမှုကြောင့်အနည်း ဆုံး လူခုနစ်ဦး သေဆုံးခဲ့သည်။

 
သောကြာနေ့ နံနက် ၄ နာရီ ၁၅ မိနစ်ခန့်က Ukhiya ဒုက္ခသည်စခန်းတွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှု တွင် အခြားလူအများအပြား ဒဏ်ရာရခဲ့ကြောင်း လက်နက်ကိုင် ရဲတပ်ရင်း ၈ မှ ရဲမှူး Shihab Kaiser Khan မှ ရဲမှူး Shihab Kaiser Khan က ပြောကြားခဲ့သည်။

ထို့နောက် ဒဏ်ရာရသူများကို စခန်းအနီးရှိ ဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ သေဆုံးသူများကို အာဏာပိုင်များ က ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */