Showing posts with label ကုလတောင်းဆို. Show all posts
Showing posts with label ကုလတောင်းဆို. Show all posts

Tuesday, October 22, 2024

အင်ဒိုနီးရှားပင်လယ်ပြင်က ရိုဟင်ဂျာစက်လှေ ကမ်းကပ်ခွင့်ပေးဖို့ ကုလတောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၂ အောက်တိုဘာ၊ ၂၀၂၄ 

အာချေးပြည်နယ်တောင်ပိုင်း လာဘူဟန်ဟာဂျီ ကမ်းခြေအနီး ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်ပါ လှေတစီးကို တွေ့ရစဉ်။ ကုလက အင်ဒိုနီးရှားအစိုးရထံ ကယ်ဆယ်ရေးတောင်းဆို။ (၂၀၂၄ အောက်တိုဘာ ၂၂ က)

အင်ဒိုနီးရှားကမ်းခြေနား မျောနေတဲ့ ရိုဟင်ဂျာဒုက္ခသည် စက်လှေတစင်းကို ကမ်းကပ်ခွင့်ပြုဖို့ ကုလသမဂ္ဂက တောင်း ဆိုလိုက်ပါတယ်။ ကလေးငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင် ဒုက္ခသည် ၁၀၀ ကျော်ပါတဲ့စက်လှေတစင်း အင်ဒိုနီးရှား အနောက်ဖက်အာချေးပြည်နယ်ကမ်းရိုးတန်းနား မျောနေတာကို ကယ်တင်ပေးဖို့ UNHCR ကုလဒုက္ခသည်များဆိုင်ရာရုံးက အင်ဒိုနီးရှားအစိုးရကိုတောင်းဆိုလိုက်တာပါ။

Tuesday, December 5, 2023

ကပ္ပလီပင်လယ်ထဲမျှောနေတဲ့ ရိုဟင်ဂျာလှေ ၂ စီးကို အမြန် ဆုံးကယ်ပေးဖို့ ကုလတောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၅ ဒီဇင်ဘာ၊ ၂၀၂၃ 

အင်ဒိုနီးရှားပြည်နယ် အာချေးပြည်နယ်ကို လှေနဲ့ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို ဒေသခံအသိုင်းအဝိုင်းက ယာယီကမ်းကပ်ခွင့်ပေးဖို့ ဆုံးဖြတ်အပြီးတွေ့ရစဉ် (နိုဝင်ဘာ ၁၆၊ ၂၀၂၃)

ခန့်မှန်းခြေ ရိုဟင်ဂျာ ၄၀၀ လောက် လိုက်ပါလာတယ်လို့ ယူဆထားတဲ့ စက်လှေ ၂ စင်းကပ္ပလီပင်လယ် ပြင်မှာ စားနပ်ရိက္ခာ အလုံအလောက်မရှိပဲ မျောနေတာကို အချိန်မီမကယ်နိုင်ရင် သေကုန်လိမ့်မယ်လို့ ကုလသမဂ္ဂနဲ့ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေ သတိပေးနေပါတယ်။ကလေးတွေနဲ့အမျိုးသမီး၊ အမျိုးသား ၄၀၀ လောက်ဟာ သေဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမ ဟာမင်းကြီးရုံး (UNHCR) ဘန်ကောက်ရုံး ပြောခွင့်ရ Babar Baloch က AP သတင်းဌာနကို ပြောခဲ့ တာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */