Showing posts with label ဗိုလ်မြတ်ထွန်း. Show all posts
Showing posts with label ဗိုလ်မြတ်ထွန်း. Show all posts

Friday, October 25, 2019

AA တပ်ချုပ်ညီမကိုဖမ်းတာ မန်းဖောက်ခွဲရေးကိစ္စနဲ့ ဆက် စပ် ဟု သမ္မတရုံး ပြော

လွတ်လပ်တဲ့ အာရှအသံ ( RFA ) 
သက်စုအောင်
2019-10-25
ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ကို တွေ့ရစဉ်
Photo: Arakan Army
 
ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီမကို မန္တလေးမှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ အတူ မိတဲ့ ခြောက်ဦးကိစ္စနဲ့ ဆက်စပ်နေလို့ ဖမ်းဆီးရတာဖြစ်ပြီးတေ့ာ၊ ယောက်ဖဖြစ်သူကိုလည်း ထိုင်းဘက်က ပြည်နှင် ဒဏ်ပေးလို့ ဖမ်းဆီးရတာဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဒီကနေ့ ပြောဆိုလိုက်ပါ တယ်။

Friday, February 15, 2019

ရခိုင်ပြည်နယ်တွင် မကြာမီ ဌာနချုပ် တည်ထောင် မည်ဟု AA အကြီးအကဲပြော

ARAKAN NEWS COLLECTION
Date : 15th Feburay 2019


အစိုးရတပ်များနှင့် ရက္ခိုင့်တပ်မတော်(AA) တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ် ပွားနေစဉ် AA အကြီးအကဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မကြာမီအချိန်အတွင်း ရခိုင်ပြည်နယ်အတွင်းတွင် ယာယီ ဌာနချုပ် ထူထောင်မည်ဟု ရခိုင်ပြည်သူများအား ပြောဆိုလိုက်သည်။


ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က ရခိုင်ဘာသာစကားဖြင့် ထုတ်ပြန်သည့် AA အကြီးအကဲ၏ ဗီဒီယိုဖိုင်ကို ဧရာဝတီသတင်းဌာနက လေ့လာခဲ့ရာ AA အကြီးအကဲက ပြည်ပရောက် ရခိုင်များ “ရခိုင်ပြည်နယ် သမိုင်း ၏ အရေးပါသောကာလ” တွင် ပါဝင်ရန် ရခိုင်ပြည်နယ်သို့ ပြန်လာကြရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ ထို ဗီဒီယိုသည် ယခုလအတွင်း AA က ဒုတိယအကြိမ်ထုတ်ပြန်သော ဗီဒီယိုဖြစ်သည်။ လွန်ခဲ့သော အပတ် က AA ဒုတိယ အကြီးအကဲ ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ဗီဒီယို တခုထုတ်ပြန်ခဲ့သည်။

ထိုဗီဒီယိုသည် AA အကြီးအကဲ၏ ဗီဒီယို အစစ်အမှန်ဖြစ်ကြောင်း AA နှင့်နီးစပ်သော သတင်းရင်းမြစ်များက အ တည်ပြုပြောကြားသည်။ ရခိုင်ပြည်နယ်တွင် အစိုးရတပ်များနှင့် ယခုဖြစ်ပွားနေသောစစ်ပွဲသည် AA နှင့် အစိုးရတပ်များအကြား လက်နက်ကိုင် ပဋိပက္ခသာမက ရခိုင်ပြည်သူအားလုံးနှင့် စစ်တပ်အကြားဖြစ် ပွား နေသော စစ်ဖြစ်ကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရွာသားများကို ပြောကြားနေသည်ကို ထို ဗီဒီယိုတွင် တွေ့ရသည်။ “ ရခိုင်ပြည်သူတွေဟာ AA နဲ့ အတူ ရပ်တည်နေတယ်လို့ ကျနော် လုံးဝ ယုံကြည်တယ်။ အစိုးရစစ်တပ်ဟာ ရခိုင်တမျိုးသားလုံးကို တိုက်ခိုက်နေတယ်လို့ ကျနော်တို့ အကြိမ်ကြိမ်ပြောခဲ့တယ်” ဟု သူပြောသည်။

တခါက ရခိုင်များသည် အခြားပြည်နယ်များနှင့် နိုင်ငံများတွင် လက်နက်ကိုင်တိုက်ပွဲတွင် ပါဝင်ရေးအတွက် သွားခဲ့ကြောင်း၊ ယခုပြန်လာရန် လိုကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင် အကြံပေးသည်။ ယခု AA စစ်မြေပြင် တပ်မှူးများနှင့် ထောက်ခံသူများသည် အင်အားစုဆောင်းနေသောကြောင့် ထိုခေတ်ကုန်သွားပြီဟု သူပြော သည်။ အန္တိမရည် မှန်းချက် အောင်မြင်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု AA အကြီးအကဲ သတိပေးသည်။ “ AA တပ်ဖွဲ့ဝင်ဖြစ်ချင်ရင် ကချင်ပြည်နယ်ကို သွားစရာမလိုတော့ဘူး။ အိမ်ကိုသာပြန်လာပြီး AAအကြောင်း နည်းနည်းစုံစမ်းလိုက်။ ကမ္ဘာကျော် AK တိုက်ခိုက်ရေးရိုင်ဖယ်တွေ၊ AK သေနတ် အသစ်စက် စက်တွေ ခင် များတို့ကိုစောင့်နေတယ်။ ပြန်လာပူးပေါင်းကြ” ဟု သူပြောသည်။

ဗီဒီယိုတွင် နားထောင်နေသော ရခိုင်တိုင်းရင်းသားများက “ဟုတ်တယ်၊ ဟုတ်တယ်”ဟု တညီတညာတည်း အော်နေကြသည်။ စစ်ပွဲတွင် သေနတ်တလက် ကိုင်ဆောင်ခြင်းသည် တော်လှန်ရေးကို ထောက်ကူသော တခုတည်းသောနည်းလမ်း မဟုတ်ဘဲ ယနေ့ခေတ်တွင် တော်လှန်သော နည်းလမ်းများစွာရှိကြောင်း အမျိုး သမီးများနှင့် မသန်စွမ်းသူများကိုလည်း သူပြောသည်။ သတင်းပေးအဖြစ် လုပ်ကိုင်ခြင်းသည်လည်း တော် လှန်ရေးသမားဖြစ်သည်ဟု သူ ဥပမာပေးသည်။

“ သေနတ်ဆိုတာ ကျားမခွဲခြားဆက်ဆံမှု မရှိဘူး။ လက်ညှိုးလေးကို ဆွဲလိုက်ဖို့ပဲ လိုတယ်” ဟု သူပြောသည်။

AA တပ်ဖွဲ့သို့ ယခုလအတွင်း ဝင်ရောက်မည်လားဟု သူမေးလိုက်သောအခါ နားထောင်နေသူများကြားမှ ရွာသား ၁၀၀ ခန့်ချက်ခြင် းမတ်တပ်ထရပ်ပြီး လက်ထောင်ကြသည်။ လက်တွေ့စစ်ပွဲသည် စိတ်ကူးဖြင့် မှန်းဆချက်ထက် များစွာ ပိုမိုကြမ်းတမ်းကြောင်း နှင့် တိုက်ပွဲအတွင်း သေဆုံး ဒဏ်ရာရနိုင်ကြောင်း ထို သူများကို သူ သတိပေးသည်။ ခရီးသည် ကြမ်းတမ်းလှသော်လည်း ရခိုင်တိုင်းရင်းသားများအနေဖြင့် နောင် မျိုးဆက်အတွက် ပိုမိုတောက်ပသော အနာဂတ်အတွက် စတေးရန် တိုက်ပွဲဝင်ရမည်ဟုလည်း သူပြော သည်။

ရခိုင်မြောက်ပိုင်းတွင် AA ဌာနချုပ် တည်ထောင်ခြင်းသည် “၂၀၂၀ ရက္ခိုင့်အိပ်မက်”၏ အစိတ် အပိုင်းဖြစ် နိုင်ကြောင်း တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်သည်။ လွန်ခဲ့သော ရက်သတ္တ ပါတ်များအတွင်း AA ၏ တိုက်ခိုက်မှုကိုလေ့လာပါက စစ်နယ်မြေ သိသိသာသာ ကျယ်ပြန့် လာကြောင်းမြင် နိုင်ပြီး ယခုလအတွင်း AA သည် အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ကြောင်းကိုပင် တိုက်ခိုက်လာသည်။

ရခိုင်မြောက်ပိုင်းမြို့နယ်များမှ ကျေးလက်ဒေသ အများစုကို AA က ထိန်းချုပ်ထားကြောင်း သူထောက်ပြ သည်။ AA နှင့်ဖြစ်ပွားသော တိုက်ပွဲအရေအတွက်နှင့် လှုပ်ရှားမှုကိုကြည့်ပါက AA တွင် တပ်ဖွဲ့ဝင် အတော် များများရှိသည်ဟု ဦးမောင်မောင်စိုးပြောသည်။

“ AA က စတင်တည်ထောင်ကတည်းက ရခိုင်ပြည်နယ်မှာ ခြေကုပ်ယူဖို့ လုပ်နေတာ။ သူတို့က အစိုးရတပ် ကို ထိုးစစ်တွေ အများကြီးဆင်ပြီး ၂၀၂၀ မှာ နိုင်ငံရေးမှာ ပါလာလိမ့်မယ်” ဟု သူပြောသည်။

AA သည် စစ်ရေးအရသာမက နိုင်ငံရေးအရပါ ၎င်းတို့၏ အိပ်မက်ကို မြေပြင်တွင် လက်တွေ့ကျကျ ကျိုး ကြောင်းဆီလျှော်စွာ အကောင်အထည်ဖေါ်နေကြောင်း အခြားသုတေသီ ကိုဝင်းအောင်က ဆိုသည်။ AA နှင့် ရခိုင်ပြည်သူများ သွေးစည်းညီညွတ်သောကြောင့် ရခိုင်ပြည်နယ်မှ လက်နက်ကိုင် ပဋိပက္ခသည် အနာ ဂတ်တွင် အဓိက နိုင်ငံ ရေး အကျိုးဆက်များဖြစ်လာမည်ဟုလည်း သူပြောသည်။ အစိုးရအနေဖြင့် AA အပေါ်ထားသော အမြင်ကို ပြန်သုံးသပ်သင့်သည်ဟု ဟုလည်း AA အကြီးအကဲ၏ သတင်းစကားကို အခြေခံပြီး သူပြောသည်။

ထိုသို့မလုပ်ပါက ထိုဒေသ အခြေအနေ ပိုမိုဆိုးရွားလာမည်ဟု သူပြောသည်။ ရခိုင်ပြည်နယ်အရေး သက် ဆိုင်ရာ လွှတ်တော်၊ တပ်မတော်နှင့် NLD အစိုးရတို့ သီးခြားစီ မလုပ်ဘဲ ခြုံငုံပူးပေါင်းလုပ်ဆောင်ရန် သူတိုက်တွန်းသည်။

“ အခုအချိန်ကစပြီး သူတို့ အလေးအနက် ထားဖို့ လိုပြီ။ အစိုးရအတွက် အရမ်းအရေးကြီးတဲ့ အချိန် ရောက်ပြီ” ဟု ကိုဝင်းအောင်က ပြောသည်။

မိုးမြင့်

(Moe Myint ၏ AA Chief Vows to Set Up HQ in Rakhine State Soon ကို ဆီလျော်အောင် ဘာသာပြန် သည်။)ကချင်ပြည်နယ် လိုင်ဇာတွင် လတ်တလော နေထိုင်နေသူ AA အကြီးအကဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင်

Link : Here

Thursday, January 10, 2019

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် အင်တာဗျူး (အပိုင်း - ၁)

ဧရာဝတီ
10 January 2019 
နန်းလွင်နှင်းပွင့် 
  ဇန်နဝါရီလ ၄ ရက်နေ့ တိုက်ခိုက်မှု အပြီးတွင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်ဘက်မှ တပ်အင်အား တိုး ချဲ့ပြီး ရက္ခိုင့် တပ်မတော် (AA) ကို ချေမှုန်းရန်လည်း နိုင်ငံတော်သမ္မတရုံးမှ သဘောတူထားသည်။

Wednesday, April 11, 2018

ARSA နဲ့ ပတ်သက်ခြင်းမရှိဘူး ( AA ဗိုလ်မြတ်ထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း )

ဧရာဝတီ
10-04-2018 
                                            AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / ဧရာဝတီ
  
အစိုးရနဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့ဝင်တွေအကြား အပစ်အ ခတ် ရပ် စဲရေး စာချုပ် ချုပ်ဆိုပြီး နိုင်ငံရေး ဆွေးနွေးနိုင်ဖို့ ကြားဝင် ညှိနှိုင်းပေးနေတဲ့ တရုတ်ကိုယ်စားလှယ်က ရက္ခိုင့် တပ်မတော် (AA) အပါအဝင် FPNCC အဖွဲ့ဝင်တွေကို ရခိုင်ပြည်နယ် ထဲက အကြမ်းဖက် ARSA အဖွဲ့နဲ့ မပတ်သတ်ဖို့၊ ပတ်သတ်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ပြောဆိုတာတွေ ရှိပါတယ်။ဒါကြောင့် ARSA အဖွဲ့နဲ့ ပတ်သက်မှု ရှိမရှိ အပါအဝင် မကြာသေးခင်က ကျင်းပပြီးသွားတဲ့ FPNCC အစည်းအဝေး ဆွေးနွေးချက်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေတွေနဲ့ ပတ်သက်ပြီး FPNCC အဖွဲ့ဝင်ဖြစ်တဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ် မေးမြန်းထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */