" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မင်းဘူးမြို့. Show all posts
Showing posts with label မင်းဘူးမြို့. Show all posts

Tuesday, January 14, 2020

မောင်းပြေးသည့် ယာဉ်ကို လိုက်လံဖမ်းဆီးရာက ဘင်္ဂါလီ( ရိုဟင်ဂျာ) ၁၀ ဦး ဖမ်းမိ

မြန်မာတိုင်းမ်အပတ်စဉ်
တိုးဝေအောင်
09 JAN 2020
 
မင်းဘူး၌ တံတားပေါ်မှ မောင်းပြေးသည့် ယာဉ်ကို လိုက်လံဖမ်းဆီးရာက အထောက်အထားမဲ့ဝင်လာသူ ( ရိုဟင်ဂျာ)ဘင်္ဂါလီ ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ဇန်နဝါရီ၉ ရက်က ရဲတပ်ဖွဲ့မှ သိရသည်။

ဇန်နဝါရီ ၈ ရက် နံနက်တွင် မင်းဘူးမြို့ဘက်မှ မကွေးမြို့သို့ မောင်းနှင်လာသော probox ယာဉ်တစ်စီးမှာ ဧရာဝတီတံတား (မကွေး) ဂိတ်သို့အရောက် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်များအား မြင်သည်နှင့် ပြန် လှည့်ကာ မောင်းနှင်ထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */