VOA
ဗွီအိုအေ (မြန်မာဌာန
ကိုဉာဏ်ဝင်းအောင်ဗွီအိုအေ (မြန်မာဌာန
မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေမှာ အထူးသဖြင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်ခဲ့တာကို တွေ့ရှိရကြောင်း၊ ကုလသမဂ္ဂ အ ချက် အလက်ရှာဖွေရေးအဖွဲ့ FFM က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြလိုက်ပါတယ်။ သြဂုတ်လ(၂၂) ရက်နေ့က နယူးယောက်မြို့ ကုလသဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ အစီရင်ခံစာထုတ်ပြန်ပွဲမှာ FFM အဖွဲ့ဝင် Coomaraswamy က အဲဒီလို ပြောကြားလိုက်တာပါ။