" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုး စလုံး ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label SSA. Show all posts
Showing posts with label SSA. Show all posts

Thursday, February 21, 2019

ရခိုင်တိုက်ပွဲ အရပ်သား ထိခိုက်သေကြေမှု ပိုများလာ


VOA
ဗွီအိုအေ (မြန်မာဌာန)
ရခိုင်တိုက်ပွဲ အရပ်သား ထိခိုက်သေကြေမှု ပိုများလာ

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့AA တို့အကြား တိုက်ပွဲတွေ ပိုပြင်း ထန် လာသလို အရပ်သား ထိခိုက်သေကြေမှုတွေလည်း ပိုဖြစ်လာနေပါတယ်။ မနေ့က ရသေ့တောင် မြို့ နယ်အတွင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ကျေးရွာသားအမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ထိခိုက်သေ ဆုံးဒဏ်ရာ ရရှိခဲ့တယ်လို ဒေသခံတွေကပြောပါတယ်။ ရခိုင် တိုက်ပွဲ နောက်ဆုံး အခြေအနေကိုတော့ ဗွီအိုေ အထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

Tuesday, February 19, 2019

မြန်မာစစ်တပ်နဲ့ RCSS/SSA တိုက်ပွဲဖြစ်ပွား

VOA
ဗွီအိုအေ (မြန်မာဌာန)

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA လက်နက်ကိုင်တပ်သား တချို့ နဲ့  မြန်မာစစ်တပ် အကြား ဒီကနေ့မနက်ပိုင်း သီပေါမြို့နယ်မှာ ပစ်ခတ်မှုရှိခဲ့ပြီး RCSS ဘက်က ၂ယောက် ကျဆုံးခဲ့တယ်လို့ မြန်မာစစ်တပ်ဘက်က ပြောပါတယ်။ ဒါဟာ RCSS ဘက်က စတင်ပစ်ခတ်တဲ့အတွက် အခုလိုအပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့လည်း တပ်မတော် သတင်းပြန်ကြားရေး တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။ ဒီအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော် ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */