" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သတင်းလွတ်လပ်ခွင့်. Show all posts
Showing posts with label သတင်းလွတ်လပ်ခွင့်. Show all posts

Thursday, May 9, 2019

မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် ကုလစိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
09 မေ၊ 2019
အင်ကြင်းနိုင်

မှတ်တမ်းဓာတ်ပုံ - သတင်းလွတ်လပ်ခွင့် အတွက် ဆန္ဒ ပြခဲ့ကြစဉ်။ 

ရိုက်တာ သတင်းထောက်နှစ်ဦးကို သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်ပေးမယ့် မြန်မာနိုင်ငံမှာ သ တင်းလွတ်လပ်ခွင့်နဲ့ဒီမိုကရေစီ အရေးဟာ အလွန်ကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ရှိနေသေး ကြောင်း ကု လသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေက ဗုဒ္ဓဟူးနေ့က သတိပေး ပြော ကြားလိုက်ပါတယ်။ နိုင်ငံတကာ ဖိအားကြောင့် ရိုက်တာ သတင်းထောက်နှစ်ဦး လွတ်လာတာ ဖြစ်ပြီး မြန် မာနိုင်ငံမှာ သတင်းသမားတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အစိုးရနဲ့ စစ်တပ်က တရားစွဲ ဖမ်းဆီးနေ ဆဲဖြစ်ကြောင်း HRW လူ့အခွင့် အရေး အဖွဲ့ကလည်း ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့် အစုံကို ဆက်လက်တင်ဆက်မှာပါ။
မေလ (၇) ရက်နေ့က သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ လွတ်မြောက်လာတာကို ကြိုဆိုပေမယ့် သူတို့နှစ်ဦး ပြစ်မှုကျူးလွန်ကြောင်း တရားရုံးရဲ့ စီရင်ချက်ဟာ ပျက်ပျယ်မသွားတဲ့အတွက် နိုင်ငံရဲ့ တရားစီရင်ရေး ကဏ္ဍ တည့်မတ်မှု မရှိသေးတဲ့ အခြေအနေကို စိုးရိမ်မ ကင်းဖြစ်မိကြောင်း ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်တွေက မေလ (၈) ရက်နေ့ က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */