RFA Burmese
2023.02.02
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့က ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲ ဂယက်ကြီးကျွန်းအနီးတွင် ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။
ဧရာဝတီတိုင်း၊ ဖျာပုံနဲ့ ဒေးဒရဲမြို့နယ်တွေမှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာအမျိုးသမီး ၁၂ ဦးကို စစ်ကောင်စီရဲ့ တရားရုံးတွေကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်က ထောင်နှစ်နှစ်စီ ချလိုက်တယ်လို့ ဒေသခံ တွေက RFA ကို ဖေဖော်ဝါရီ ၂ ရက် ဒီနေ့ပြောပါတယ်။
သူတို့ဟာ ရခိုင်ပြည်နယ်ထဲကနေ မလေးရှားနိုင်ငံကိုသွားဖို့ ဧရာဝတီတိုင်းထဲအရောက်မှာ ဖမ်းဆီးခံလိုက်ရသူတွေ ဖြစ်ပြီး လဝက လတ်တလောပြဌာန်းချက်များအက်ဥပဒေ ပုဒ်မ-၆ (၂) နဲ့ တရားစွဲဆိုခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာအရေး အကူအညီ ပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။