Showing posts with label ဒုက္ခသည်စခန်း. Show all posts
Showing posts with label ဒုက္ခသည်စခန်း. Show all posts

Thursday, January 14, 2021

Cox's Bazar က ဒုက္ခသည်စခန်းတစ်ခုမီးလောင်ပြီး အိမ် ခြေ ၅၀၀ ထက်မနည်းပျက်စီး

VOA

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်း မီးလောင်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - U Aye Lwin - ဇန်နဝါရီ ၁၄၊ ၂၀၂၁)
 
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း Cox’s Bazar ဒေသ မှာရှိ တဲ့ ရိုဟင် ဂျာဒုက္ခသည်စခန်းမှာ ဒီနေ့ အိမ်ခြေ ရာနဲ့ချီပြီး မီး လောင် ကျွမ်းခဲ့ပါတယ်။  ဒီနေ့ မီးလောင်ကျွမ်းမှုကြောင့် အဲဒီဒုက္ခ သည်စခန်းမှာရှိတဲ့ အိမ်ခြေ ၅၀၀ ထက်မနည်း မီးလောင် ပျက်စီး သွားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ Save the Children အဖွဲ့ ညွှန်ကြား ရေးမှူး Onno van Manen က ထုတ်ပြန် ချက်တခု မှာ ပြောထားပါတယ်။


Save the Children အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ မီးလောင်တာ ဘယ်ဒုက္ခသည်စခန်းဆိုတာ အတိအကျ ဖော်ပြ မ ထားပါဘူး။ ဒုက္ခသည်တစ်ဦးက ဓာတ်ပုံတွေနဲ့တကွ ဗွီအို အေကို အကြောင်းကြားထားတဲ့ထဲမှာတော့ Nayapara ဒုက္ခသည်စခန်း အမှတ် ၂၆ လို့ပြောထားပါတယ်။

Thursday, December 3, 2020

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတချို့ကို ကျွန်း တစ်ကျွန်းဆီ စတင် ပို့ဆောင်

 B B C

ဘီဘီစီ မြန်မာပိုင်း
၀၃ ဒီဇင်္ဘာလ ၂၀၂၀ 

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းခန့် ခိုလှုံနေ
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တချို့ကို ဘင်္ဂလားပင်လယ်အော်ထဲက ဝေးလံခေါင် သီတဲ့ ကျွန်းတစ်ကျွန်းဆီ ပြောင်းရွှေ့ နေရာချထားမှုတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဒီကနေ့ ဒီဇင် ဘာလ ၃ ရက်နေ့မှာ စလုပ်နေပြီ ဖြစ်ပါတယ်။ အဲဒီကျွန်းဟာ မကြာခဏ ရေကြီးလေ့ ရှိတဲ့ ကျွန်းဖြစ်တယ်လို့ ကယ်ဆယ်ရေး အေဂျင်စီတွေက ပြောနေတာပါ။

ကော့ဆက်စ် ဘဇားဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကား အနည်းဆုံး ၁၀ စင်းလောက်ဟာ စစ်တကောင်း ဆိပ်ကမ်းမြို့ဆီ ထွက်ခွာသွားတာ တွေ့ခဲ့ရပါတယ်။ အဲဒီကနေမှ သူတို့ကို ဘာဆန်ချား ကျွန်းဆီ ပို့ဆောင်မှာ ဖြစ်ပါတယ်။ 

Thursday, October 8, 2020

ရိုဟင်ဂျာတွေ ဒုက္ခသည်စခန်းမှာ နေထိုင်ရတဲ့အပေါ် မြန်မာအစိုးရကို HRW ဝေဖန်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
08 အောက်တိုဘာ၊ 2020  
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ တွေ့ရတဲ့ မြင်ကွင်း။ (ဇူလိုင် ၀၂၊ ၂၀၁၆) 
 

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ၁၀၀,၀၀၀ ကျော်ကို စခန်းတွေထဲ ဆက် ထိန်းသိမ်းထားတဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

HRW လို့အတိုခေါက်ခေါ်တဲ့ Human Rights Watch လူ့အခွင့်အရေးစောင်ကြည့်ရေးအဖွဲ့က မြန်မာအစိုးရ အနေနဲ့ ဒီရိုဟင်ဂျာ ၁၃၀,၀၀၀ ကို နေချင်စရာမရှိတဲ့ ရခိုင်ပြည်နယ်က စခန်းတွေထဲ ဆက်ထိန်းထားတာက လူမျိုးရေးအရ ခွဲခြားဆက်ဆံတာဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ ပိတ်သိမ်းပေးဖို့ HRW တောင်းဆို

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
နေမျိုးထွန်း
2020-10-08

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင် ၁၃၀၀၀၀ ကျော်ကို အကျယ်ချုပ်ချသလို ကန့်သတ်မှုတွေလုပ်ထားတာ ရှစ်နှစ်ကြာပြီဖြစ်တာကြောင့် ဒီအခြေအနေကို အမြန်ဆုံး အဆုံးသတ်ပေးဖို့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဒီကနေ့ အစီရင်ခံစာထုတ်ပြန်ပြီး အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ကိုဗစ်တိုက်ဖျက်ရေး ရိုဟင်ဂျာ ဒုက္ခသည်တွေ ဦးဆောင်

B B C 

ဘီဘီစီ မြန်မာပိုင်း
၇ အောက်တိုဘာ ၂၀၂၀


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားမြို့မှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဆိုးဆိုးဝါးဝါး ဖြစ်ပွားမှာကို စိုးရိမ် နေ ကြပါတယ်။

ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းရှိရာ ကော့ဇက်ဘဇားမြို့မှာ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းလောက် ပြိတ်သိပ် ပြီး နေနေကြရပါတယ်။

Monday, October 5, 2020

ကော့ခ်ဘဇား ဒုက္ခသည်စခန်းအတွင်း အာဏာလုပွဲ ပဋိပက္ခ၌ ၂-ဦး သေဆုံးပြီး ၁၀-ဦး ဒါဏ်ရာရရှိ။

H2OU
04.10.2020
ဘာသာပြန်

တနင်္ဂနွေနေ့ နံနက်စောစောပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇားခရိုင်ရှိ ကူတူပါလောင်ဒုက္ခသည်စခန်း အတွင်း နေရာအချို့၌ ပဋိပက္ခများဖြစ်ပွားခဲ့ရာ ဒုက္ခသည် ရိုဟင်ဂျာ၂-ဦးသေဆုံး၍ ၎င်းတို့နှင့် ဘဝတူ ဒုက္ခ သည် ၁၀-ဦး ဒါဏ်ရာရရှိသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။

Monday, August 3, 2020

သုံးနှစ်ကြာခဲ့ပေမဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးမရေရာ

VOA
ဗွီအိုအေ (မြန်မာဌာန)
03 သြဂုတ်၊ 2020
မဆုမွန်
ကုတုပလောင် ဒုက္ခသည်စခန်းတွင် ဆုတောင်းပွဲကျင်းပနေသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (သြဂုတ် ၂၅၊ ၂၀၁၉)


ရိုဟင်ဂျာမူဆလင်တွေ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာကြရတာ သုံးနှစ်ပြည့်ပါတော့မယ် နေရပ်ပြန် ရေး- ရှေ့အနာဂတ်နဲ့ သူတို့အတွက် တရားမျှတမှု မျှော်လင့်ချက် အခြေအနေ အလားအလာတွေ ဘယ်လို ရှိပါသလဲ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးပါမယ်ရှင်။

Monday, July 20, 2020

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ရေကြီး မြေပြိုမှုတွေဖြစ် ပေါ်

VOA
ဗွီအိုအေ (မြန်မာဌာန)
21 ဇူလိုင်၊ 2020
ဇော်ထက်
ရေကြီးနေတဲ့ ကူတူပလောင် ဒုက္ခသည်စခန်းထဲ က ရိုဟင်ဂျာ ဒုက္ခသည်များ (မှတ်တမ်းဓါတ်ပုံ- ၂၀၁၇၊ စက်တင်ဘာလ ၁၉ ရက် )


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်နယ်အများစုမှာ မိုးသည်းပြီး ရေကြီးရေလျှံဖြစ်နေလို့ ဒုက္ခသည်အများစုနေနေတဲ့ Cox’s Bazar ဒုက္ခသည်စခန်းမှာလည်း ရေကြီးတဲ့ဒဏ်ကို ခံစားနေရပါတယ်။ ဒုက္ခသည်တချို့ပြောပြချက်ကို ကိုဇော်ထက် တင်ပြပေးမှာပါ။

Saturday, June 20, 2020

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေ အိမ်ပြန်ပါရစေလို့ ဒုက္ခသည်များနေ့မှာ တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
20 ဇွန်၊ 2020
မဆုမွန်
ကုတုပလောင် ဒုက္ခသည်စခန်း မြင်ကွင်းတခု။ (ဇွန် ၁၊ ၂၀၂၀)


ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ရိုဟင်ဂျာဒုက္ခသည်တွေက "အခမ်းအနားပွဲတွေ မကျင်းပလိုဘူး၊ အိမ်ကိုပဲပြန်ပါ ရစေ" ဆိုတဲ့ ကြေညာချက်ထုတ် တောင်းဆိုတဲ့အကြောင်း မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့ဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ World Refugee Day ဖြစ်ပါတယ်။ ဒုက္ခသည်များနေ့ အထိမ်းအမှတ် ဒုက္ခသည်တွေအရေး တောင်းဆိုတာတွေ၊ အခမ်းအနားကျင်းပတာ၊ ဆန္ဒထုတ်ဖော်တာ၊ သ ရုပ်ဖော်တင်ဆက် သတင်းထုတ်ပြန်တာတွေ နိုင်ငံတကာမှာ လုပ်ဆောင်ကြပေမယ့်လို့ ကမ္ဘာ့အကြီးဆုံး ဒုက္ခ သည်စခန်းလို့ တင်စားခေါ်ဝေါ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည် တွေကတော့ "On World Refugee Day, We Do Not Want to Celebrated, We Want to Go Home” ကမ္ဘာ့ ဒုက္ခသည်များနေ့မှာ ကျနော် ကျမတို့ ဘာအခမ်းအနားတွေမှ မကျင်းပလိုဘူး၊ ကိုယ့်အိမ်ကိုပဲ ပြန်ပါရစေ ဆိုတဲ့ ကြေညာချက်ထုတ် တောင်းဆိုလိုက်ကြပါတယ်။

Saturday, April 18, 2020

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေ COVID-19 ကာကွယ် ရေး အပြင်းအထန် လုပ်ဆောင်နေ

VOA
ဗွီအိုအေ (မြန်မာဌာန)
18 ဧပြီ၊ 2020
မဆုမွန်
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေ COVID-19 ကာကွယ်ရေး အပြင်းအထန် လုပ်ဆောင်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ဒုက္ခသည်စခန်းတွေမှာ COVID-19 ရောဂါ ကာကွယ်ရေး လုပ် ဆောင်ထားတာတွေနဲ့ ပတ်သက်ပြီး မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် မှုနဲ့ ကြုံရမယ်ဆိုရင် အလွန်ကို အန္တရာယ် ကြီးမားလာနိုင်တဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဒုက္ခ သည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) စတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ဒုက္ခသည် ဆိုင် ရာ နိုင်ငံတကာ NGO အဖွဲ့တွေ၊ အကူအညီပေးရေး အဖွဲ့အစည်းတွေက သတိပေးထားပါတယ်။

Sunday, February 9, 2020

ကျောက်ဖြူ မွတ်စလင် ဒုက္ခသည်တွေ မြို့ထဲပြန်ရေး ညှိနှိုင်းနေ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-02-08

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ကျောက်တစ်လုံး ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကို ပြန်လည် နေရာချထားပေးဖို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက်နေ့က သွားရောက်ညှိနှိုင်းခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခကြောင့် ကျောက်တစ်လုံးဒုက္ခသည်စခန်းကို ဖွင့်လှစ်ခဲ့ တာ ဖြစ် ပြီး မွတ်စလင် အိမ်ထောင်စု ၃၆၀ ကျော် လူဦးရေ တစ်ထောင်ကျော်ရှိပါတယ်။

Saturday, February 1, 2020

ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းကျော် သောင်မတင် ရေမကျ အခြေနေနဲ့ ကြုံနေရဆဲ။

SBS
2020.02.01

ဘင်္ဂံလားဒေ့ရှ် မှာရှိတဲ့ ကမ္ဘာ့ အကြီးဆုံးဒုက္ခသည်စခန်း ပတ်ပတ်လည်မှာ အငြင်းပွါဖွယ်ဖြစ်နေတဲ့ ခြံစည်းရိုးဆောက်နေတာကို သြစတြေလျံ ပါလီမာန်အဖွဲ့က သွားရောက်စစ်ဆေးကြည့်ရှု ခဲ့ပါတယ်။



လင့်၊https://www.sbs.com.au/language/burmese/audio/more-than-a-million-rohingya-refugees-still-in-limbo

Friday, December 20, 2019

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကမိသားစုတချို့ မြန်မာဘက် ပြန်လာ


B B C
ဘီဘီစီမြန်မာပိုင်း
၂၀ ဒီဇင်္ဘာလ ၂၁၀၉

ကူတူပါလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ မိသားစုတစ်စု


လူ ၈ ယောက်ပါဝင်တဲ့ ဒုက္ခသည် မိသားစု တချို့ဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ရခိုင်ပြည်နယ် မောင်တော မြို့ နယ်ကို သူတို့သဘောနဲ့ သူတို့ ပြန်လာကြတယ်လို့ မောင်တောမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ် စား လှယ် ဦးလှထွန်းကျော်က ဘီဘီစီကို ပြောပါတယ်။

Thursday, December 19, 2019

ဘင်္ဂလားရောက် ဒုက္ခသည်များနှင့် မြန်မာကိုယ်စားလှယ် တွေ့ဆုံ

VOA
19 ဒီဇင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ဘင်္ဂလားဒေရှ့် ကုတုပလောင် ဒုက္ခသည် စခန်းကို ရောက်ရှိလာတဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဦးချမ်းအေးကို ဘင်္ဂလားဒေရှ့် ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီး ကြိုဆို။

ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို ဘာ့ကြောင့် လက်မခံနိုင်တာလဲ ဆိုတာ ဒုက္ခသည်တွေကို ရှင်းပြခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောပါတယ်။

Thursday, December 12, 2019

ရိုဟင်ဂျာဒုက္ခသည်များ ICJ အမှု စိတ်ဝင်စား

VOA
ဗွီအိုအေ (မြန်မာဌာန)
12 ဒီဇင်ဘာ၊ 2019
ဒေါ်ခင်စိုးဝင်း

Gambia နိုင်ငံက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိနေတဲ့အတွက် ဟန့်တားပေးနိုင်ဖို့၊ ICJ-နိုင်ငံတကာတရားရုံး အနေနဲ့ ကြားဖြတ်အရေးယူ ဆောင်ရွက်ချက် ချမှတ်နိုင်ရေး ဦးတိုက်လျှောက်ထားချက် ကြားနာနေတာနဲ့ ပတ်သက်လို့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ သဘောထားအမြင်ကို တင်ပြပေးချင်ပါတယ်။ ဘင်္ဂလားဒေ့်ရှ်နိုင်ငံ Cox’s Bazar မှာ ခိုလှုံနေတဲ့ Rohingya ဒုက္ခသည် Azid ကို ဒေါ်ခင်စိုးဝင်းက ဆက်သွယ်မေးမြန်းစဉ် သူက အခုလို စဖြေပါတယ်။

Monday, December 9, 2019

ICJ အမှု တရားမျှတမှုရဖို့ ရိုဟင်ဂျာဒုက္ခသည်တွေမျှော်လင့်

VOA
ဗွီအိုအေ (မြန်မာဌာန)
09 ဒီဇင်ဘာ၊ 2019
မဆုမွန်
ရိုဟင်ဂျာ ဒုက္ခသည်များ
ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ ဂန်ဘီ ယာနိုင်ငံဖက်က စွဲဆိုထားတဲ့အမှုဟာ တရားမျှတမှုရရှိမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြ တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဘက်က မျှော်လင့်နေပါတယ်။

မြန်မာနိုင်ငံကိုယ်စား အမှုရင်ဆိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အခု ICJ တရားခွင်ရှိရာ the Hague မြို့ကို ရောက်ရှိနေပါပြီ။ ဒီ တရားခွင်နဲ့ပတ်သက်လို့ ရိုဟင်ဂျာဒုက္ခ သည် တွေဘက်က ဘာလို သဘောထားနေကြပါသလဲ၊ Reuters သတင်းဌာန မေးမြန်းထားချက်တွေကို အခြေခံ ပြီး မဆုမွန်က တင်ပြပေးပါမယ်။

Saturday, December 7, 2019

ဒုက္ခသည်စခန်းက ရိုဟင်ဂျာအဖွဲ့တဖွဲ့ရုံး ပိတ်ထားဖို့ ဘင်္ဂလားဒေ့ရှ် အမိန့်ထုတ်

VOA
07 ဒီဇင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ဒုက္ခသည်စခန်း


ကူတူးပါလောင် ဒုက္ခသည်စခန်းက ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာ အာရကန် ရိုဟင်ဂျာ အဖွဲ့အစည်းလို့ နာမည်ပေးထားတဲ့ ARSPH အဖွဲ့ရဲ့ဌာနချုပ်ကို ချိတ်ပိတ်ထားဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အမိန့် ထုတ်ခဲ့တယ်လို့ အဖွဲ့ပြောခွင့်ရ Sayed Ullah ကပြောကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတာ နှစ်နှစ်ကျော်လာချိန်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက အခုလို အမိန့် ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒီအဖွဲ့ရဲ့လှုပ်ရှားမှုအားလုံးကို နောက်အမိန့်တစုံတရာ မထုတ်ပြန်မချင်း ရပ်ဆိုင်း ထားဖို့ပါ ပြောကြားထားတာပါ။

Saturday, September 14, 2019

ဘင်္ဂလား ဒုက္ခသည်စခန်းအနီး ရိုဟင်ဂျာ ၂ ဦး ပစ်သတ် ခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
14 စက်တင်ဘာ၊ 2019


ဘင်္ဂလားဒေ့ရှ် အာဏာရပါတီက တာဝန်ရှိသူတစ်ဦးလုပ်ကြံသတ်ဖြတ်ခံ ရပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်း နယ်စပ်မြို့မှာ ရဲတပ်ဖွဲ့က နောက်ထပ် ရိုဟင်ဂျာ ဒုက္ခသည် ၂ ဦးကို သောကြာနေ့က ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

Monday, September 9, 2019

ဒုက္ခသည်စခန်းက အသက်မွေးဝမ်းကြောင်းသင်တန်း များ

VOA
ဗွီအိုအေ မြန်မာပိုင်း
09 စက်တင်ဘာ၊ 2019
ဗွီဒီယို၊ မခင်ဖြူထွေး -
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဆယ်ကျော်သက် ဒုက္ခသည် လူငယ်တွေကို ကိုယ်ပိုင်ဝင်ငွေရစေပြီး နေ့တဓူဝအခက်အခဲတွေ ဖြေရှင်းနိုင်ဖို့အတွက် အသက်မွေးပညာတချို့ သင်ကြားပေးနေပါတယ်။ Sandford က သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။

Friday, September 6, 2019

အကူအညီပေးရေးနှစ်ဖွဲ့ကို ရိုဟင်ဂျာစခန်း လုပ်ခွင့်ပိတ်

VOA
05 စက်တင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး လက်မခံကြဖို့ တိုက်တွန်းနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကူအညီပေးရေး အဖွဲ့ ၂ ဖွဲ့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပိတ်လိုက်ပါတယ်။

မကြာသေးခင်က စီစဉ်ခဲ့တဲ့ နေရပ်ပြန်ပို့ရေး အစီအစဉ် မအောင်မမြင် ဖြစ်အောင် သွေးထိုးပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် အခြေစိုက် Adventist ဖွံ့ဖြိုးရေးနဲ့ အကူအညီပေးရေးအေဂျင်စီ (ADRA) နဲ့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် Al Markazul Islami အဖွဲ့တို့ကို လုပ်ငန်းလုပ်ခွင့် ပိတ်လိုက်တာဖြစ်ကြောင်း ဒုက္ခသည်စခန်းတွေရှိရာ Cox's Bazar ဒေသ အုပ်ချုပ်ရေးမှူး Kamal Hossain ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */