" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လှေစီူဒုက္ခသည်. Show all posts
Showing posts with label လှေစီူဒုက္ခသည်. Show all posts

Wednesday, September 7, 2022

ထိုင်းပင်လယ်ထဲ တွန်းချခံရသည့် ရိုဟင်ဂျာ ၁၀ ဦးနှင့် ကျွန်းပေါ်သောင်တင်နေသူ ၄၁ ဦးကို ကယ်တင်

DVB
2022.09.07

ထိုင်းတောင်ပိုင်း ဆဒွန်းခရိုင်ထဲမှာ ပင်လယ်ထဲတွန်းချခံရတဲ့ ရိုဟင်ဂျာအမျိုးသား ၁၀ ဦးနဲ့ ကျွန်းပေါ်သောင် တင် နေတဲ့ ၄၁ ဦးတို့ကို ထိုင်းအာဏာပိုင်တွေ ကူညီကယ်ဆယ်ထားတယ်လို့ The Nation ထိုင်းသတင်းမှာ ဖော်ပြ ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၆ ရက် မနက် ၆ နာရီလောက်က ထိုင်းပင်လယ်ပြင် ပူးလွန်း ကျွန်းစုအနီးမှာ လူတစုရေထဲ ကူးခတ်ပြီး အကူအညီလှမ်းတောင်းနေတာကို တံငါသည် ရွာသားတွေက တွေ့ရှိတာကြောင့် ကနဦးကယ်တင်ပြီး လငူးမြို့နယ် အုပ်ချုပ်ရေးရုံးနဲ့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တယ်လို့ လငူးနယ်မြေရဲစခန်း တာဝန်ကျစခန်းမှူး က ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */