" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဧရာဝတီတိုင်း. Show all posts
Showing posts with label ဧရာဝတီတိုင်း. Show all posts

Thursday, July 8, 2021

အထောက်အထားမဲ့လို့ဆိုပြီး ရိုဟင်ဂျာ ၂၀ ဦး ထောင်ချခံရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-07-08

ဧရာဝတီတိုင်းမှာ ၂၀၂၁ ဇွန်လ ၂၁ ရက်နေ့က ဖမ်းခံရတဲ့ ရိုဟင်ဂျာတွေကို ဘိုကလေးမြို့မှာ ယာယီထိန်းသိမ်းထားစဉ် Photo: Citizen Journalist

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က အထောက်ထားမဲ့ ဝင်ရောက်လာလို့ဆိုပြီး ဘို ကလေး သစ်တောကြိုဝိုင်းအနီးမှာ ဖမ်းဆီးခံလိုက်ရတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ၂၀ ဦးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ဘိုကလေးမြို့နယ် တရားရုံးက ထောင်ဒဏ် တစ်နှစ်စီ အမိန့်ချလိုက်တယ်လို့ လိုက်ပါ ကူညီပေး ခဲ့သူတွေက RFA ကို ဒီနေ့ပြောပါတယ်။

Tuesday, January 19, 2021

သုံးနှစ်အတွင်း ဧရာဝတီတိုင်းထဲ ဝင်လာတဲ့ ရိုဟင်ဂျာ သုံး ရာ ကျော် ဖမ်းဆီးခံခဲ့ရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
စိုးသိမ်း
2021-01-19

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းနဲ့ ဘိုကလေးမြို့နယ်အစပ် ဧရာဝတီမြစ်ထဲမှာ လှေနဲ့အတူ ဖမ်းဆီးရမိတဲ့ ရိုဟင် ဂျာတွေကို ၂၀၂၀ သြဂုတ် ၂၇ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - ရှင်သန်ခြင်းပရဟိတလူမူကူညီရေးအသင်းဘုံရှည်ကုန်း
 

၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ်အတွင်း ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းထဲ ဝင်လာတဲ့ အ ထောက်အထားမဲ့ ရိုဟင်ဂျာ စုစုပေါင်း ၃၀၇ ဦးရှိတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ စာရင်းအရ သိရပါတယ်။

သုံးနှစ်အတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့အထဲက တချို့ကို အမှုဖွင့်ပြီး တချို့ကို နေရပ်ပြန်ပို့ခဲ့တယ်လို့ ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ထွန်းရွှေ က RFA ကို ပြောပါတယ်။

“သုံးနှစ်အတွင်းမှာ တချို့ကိုလည်း လဝက အက်နဲ့ တရားစွဲတယ်။ တချို့ကိုလည်း နေရပ်ကို ပြန်ပို့တယ်။ သူတို့ ကို သယ်ဆောင်လာတဲ့သူတွေကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၆၇ နဲ့ အရေးယူပါတယ်”

Saturday, December 7, 2019

ဧရာဝတီတိုင်းမှာ တွေ့ခဲ့တဲ့ မွတ်ဆလင် ၁၄ ဦးကို ထောင် ၂ နှစ်စီချ

B B C
ဘီဘီစီ မြန်မာပိုင်း
07 ဒီဇင်္ဘာ 2019
ရခိုင်ကနေ ရေလမ်းကတဆင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့ကတဆင့် မလေးရှားကို သွားဖို့ ရည်ရွယ်ကြတာလို့ဆို


ဧရာဝတီတိုင်း ရွှေသောင်ယံမြို့ဘောမိကျေးရွာ အုပ်စုမှာ နိုဝင်ဘာလတုန်းက တွေ့ခဲ့တဲ့ မွတ်ဆလင်၂၂ ဦးထဲက ၁၄ ဦးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ပုသိမ်မြို့နယ် တရားရုံးက ဒီဇင်ဘာ ၆ရက်မှာ အလုပ်နဲ့ a ထာင်ဒဏ် အသီးသီး ချမှတ်လိုက်ပါတယ်။

Saturday, September 28, 2019

ရခိုင်က မွတ်စလင် အယောက် ၃၀ကျော်ကို ဧရာဝတီတိုင်း မှာတွေ့

B B C
ဘီဘီစီ မြန်မာပိုင်း
28 September 2019
ဧရာဝတီတိုင်း ငရုတ်ကောင်းမြို့အ၀င်မှာတွေ့ရတဲ့ မွတ်စလင် အယောက် ၃၀ ဟာ ရခိုင်ပြည်နယ် ဘက်က နေ လာတဲ့သူတွေဖြစ်တယ်လို့ သိရကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ထွန်းရွှေက ဘီဘီစီကိုပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */