Showing posts with label ဒိုင်းနက်. Show all posts
Showing posts with label ဒိုင်းနက်. Show all posts

Sunday, October 13, 2024

အနာဂတ်ရခိုင်ပြည်ထူထောင်ရေးတွင် တိုင်းရင်းသားများပါ တန်းတူပါဝင်မှုရှိစေရေး မျှော်လင့်မှုများရှိနေ

Myanmar Pressphoto Agency
by MPA,Jar Seng
Oct 13, 2024

အနာဂတ်ရခိုင်ပြည်ထူထောင်ရေးတွင် အခြားသောလူနည်းစု တိုင်းရင်းသားများကိုပါ တန်းတူပါဝင်မှုရှိစေရေးအတွက် ULA/AA က ဖိတ်ခေါ်ပေးရန် မျှော်လင့်နေကြောင်း စုံစမ်းသိရှိရသည်။

၂၀၂၄ခုနှစ်၊ စက်တင်ဘာလက AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်ကိုULA/AA ဦးဆောင်မှုအောက်တွင် ထားရှိပြီး တစ်ပြည်ထောင်စနစ်ဖြင့် အုပ်ချုပ်သွားမည်ဟု ပြောကြားခဲ့ပြီးနောက် အခြားသော တိုင်း ရင်းသားများက ယခုကဲ့သို့ မျှော်လင့်နေခြင်းလည်းဖြစ်သည်။

Sunday, February 17, 2019

ဒိုင်းနက်လူမျိုး ၃ ဦး အသတ်ခံရ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-02-17



 ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း သင်္ဘောလှကျေးရွာမှာ ဂဏန်းရှာထွက်တဲ့ ဒိုင်းနက်လူမျိုး ၃ ဦး မနေ့က သတ်ဖြတ်ခံခဲ့ရပြီး ဒါဟာ အာဆာနဲ့ တစ်ဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ခိုးဝင်လာသူတွေရဲ့ လက်ချက်ဖြစ်တယ်လို့ သုံးသပ်ထားကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က RFA ကို ဒီနေ့ ပြောပါတယ်။

Saturday, February 16, 2019

ပျောက်ဆုံးနေသူ မောင်တောမြို့နယ် သင်္ဘောလှ ကျေးရွာသား ၃ ဦးအလောင်း ကျင်းတစ်ခုတည်းတွင် မြုပ်နှံတွေ့ရှိ

နိရဉ္စရာ
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၆
မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း၊ အထက်သင်္ဘောလှ ကျေးရွာမှ ပျောက်ဆုံး နေသူ ဒိုင်းနက်လူမျိုး ၃ ဦး၏ အလောင်းကို ကျင်းတစ်ခုတည်းတွင် မြုပ်နှံ၍ ယနေ့ နံနက်က ၉ နာရီကျော် က ရှာဖွေ တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

Wednesday, January 16, 2019

မောင်တောမြောက်ပိုင်းတွင် လက်နက်ကြီးကျပြီး လူငယ် ၂ ဦးဒဏ်ရာရ

DVB · 
January 16, 2019

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ရန်အောင်မြင်ကျေးရွာမှာ ဒီနေ့ နေ့လယ်ပိုင်း က လက်နက်ကြီးကျပြီး နေအိမ်တလုံး မီးလောင်ကာ ဒိုင်းနက်လူမျိုး ရွာသား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်းက ရန်အောင်မြင်ကျေးရွာကို လက်နက်ကြီးကျရောက် မီးလောင်လို့ ရွာသူရွာ သားတွေဘုန်းကြီးကျောင်းသို့ထွက်ပြေးခိုလှုံနေရတယ်လို့ရန်အောင်မြင်ကျေးရွာသားတဦးကအတည် ပြုပြောကြား ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */