Showing posts with label ပြည်ထဲရေးဝန်ကြီး. Show all posts
Showing posts with label ပြည်ထဲရေးဝန်ကြီး. Show all posts

Friday, June 21, 2024

ဘင်္ဂလားဒေ့ရှ်ကိုထိလာရင် လက်တုံ့ပြန်မယ်လို့ ပြည်ထဲရေးဝန်ကြီး သတိပေး

RFA
RFA Burmese
2024.06.21 

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆာဒူဇာမန် ခန်း ကာမဲလ်အား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ Bangla Tribune

ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကို မတိုက်ကြဖို့ မြန်မာစစ်တပ်ကိုရော ရက္ခိုင့်တပ်တော် AA ကိုပါ သတိပေးထားပြီး၊ ဖြစ်လာမယ်ဆိုရင် လက်တုံ့ပြန်မယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆာဒူဇာမန် ခန်းကာ မဲလ် (Asaduzzaman Khan Kamal) က မနေ့ကပြောတဲ့အကြောင်း ဒါကာထရီဗြွန်းသတင်းမှာ ဖော်ပြထားပါတယ်။

Thursday, February 6, 2020

ပြည်ထဲရေးဝန်ကြီးဖြစ်လာမယ့် စစ်ထောက်လှမ်းရေးချုပ်

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
မြန်မာဌာန | သတင်းများ
2020.02.06
ပြည်ထဲရေးဝန်ကြီးဖြစ်လာမယ့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်(ဝဲ)ကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ်
Photo: acdfm

 ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးသစ်အဖြစ် တပ်မတော်သား ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ကို ဒီကနေ့ အတည်ပြုခန့်အပ်လိုက်ပြီဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ပါတယ်။

Friday, January 31, 2020

ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ရာထူး မှ အနားယူမည်

ဧရာဝတီ
ထက်နိုင်ဇော်
31 January 2020
ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ / ဧရာဝတီ
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရထံတွင် ပြည်ထဲရေး ဝန်ကြီး တာဝန် ထမ်းဆောင် နေ သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေသည် ရာထူးမှ အနားယူတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရ သတင်းရင်း မြစ်တဦးက “ပြည်ထဲရေး ဝန်ကြီး အပြောင်းအလဲ ရှိပါတယ်။ သိပ်မကြာခင်မှာပဲ Orderထွက် ပါလိမ့်မယ်”ဟု ဧရာဝတီသို့ အတည်ပြုသည်။

ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေမှာ ၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလတွင် မွေးဖွားသူဖြစ်ရာ ယခု အ သက် ၆၁ နှစ် ရှိပြီ ဖြစ်၍ သက်ပြည့်ပင်စင်ဖြင့် အနားယူသွားခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲဖြစ်မည်ဟု သမ္မတရုံး အတည်ပြု

မြန်မာတိုင်းမ်နေ့စဉ်
စိုင်းဝဏ္ဏ 
31 JAN 2020
 တရုတ်သမ္မ ရှီကျင့်ဖင်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမှုအတွင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဂါရဝပြုနေသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေအားတွေ့ရစဉ်။ ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး


ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာ အပြောင်းအလဲဖြစ်ပေါ်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၃၁ ရက်တွင်နိုင်ငံတော် သမ္မတအိမ်တော်၌ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက အတည်ပြု ပြောဆိုသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */