Showing posts with label ရခိုင်ပြည်နယ်. Show all posts
Showing posts with label ရခိုင်ပြည်နယ်. Show all posts

Tuesday, January 19, 2021

ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ဆွေးနွေး

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
ရဲခေါင်မြင့်မောင်
2021-01-18

ရခိုင်ပြည်နယ်မှာရှိတဲ့ လူမျိုးစု အားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားဖို့ လိုလားကြောင်း မလေးရှား နိုင်ငံရောက် ရခိုင်နဲ့ ရိုဟင်ဂျာအသိုက်အဝန်းက အဖွဲ့အစည်းအချို့ ပူးပေါင်းပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါ တယ်။

ဇန်နဝါရီလ ၁၈ ရက် မနေ့က အွန်လိုင်းကနေ ပြုလုပ်တဲ့ ရခိုင်ပြည်၏ စည်းလုံးညီညွတ်သော မတူကွဲပြားသည့် အသိုင်းအဝန်းများရဲ့ ထုတ်ပြန်ကြေညာချက် ဖတ်ကြားပွဲမှာ ရခိုင်နဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းက လူမျိုးစု ခေါင်း ဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သံတမန်အသိုင်းအဝိုင်းက ပုဂ္ဂိုလ် အချို့ အပါအဝင် တက်ရောက်သူ ၁၀၀ကျော် ရှိခဲ့ပါတယ်။

Saturday, October 10, 2020

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ထိန်းသိမ်းရေးစခန်းများ ဖျက် သိမ်းရန် HRW တောင်းဆို

မဇ္ဈိမ
Friday, October 09, 2020

ရခိုင်ပြည်နယ် ကျောက်ဖြူရှိ ကျောက်တစ်လုံးစခန်းတွင် မွတ်ဆလင်အမျိုးသမီးတစ်ဦး သူ၏တဲတွင် ထမင်းချက်နေသည်ကို အောက်တိုဘာ ၃ ရက်၊ ၂၀၁၉ ခုနှစ်က ရိုက်ကူးထားခဲ့သော ဓါတ်ပုံဖြစ်သည်။ (ဓါတ်ပုံ- အေအက်ဖ်ပီ)

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ ၁၃၀,၀၀၀ ခန့်ကို ထိန်းသိမ်းထားရှိသည့် နေချင်စဖွယ်မကောင်းသော ခိုလှုံရေး စခန်းများကို ရုတ်သိမ်းသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆို လိုက် သည်။

ရခိုင်ပြည်နယ်တွင် နယ်မြေရှင်းလင်းရေးများကြောင့် ၂၀၁၂ ခုနှစ်ကစပြီး နေရပ်စွန့်ခွာကာ ထိန်းသိမ်းရေး စ ခန်း တွင် ပိတ်မိနေသည့် ရိုဟင်ဂျာ နှင့် ကမန်မွတ်စလင် ထောင်ပေါင်းများစွာရှိနေသည်ဟု HRW ၏ အောက်တိုဘာလ ၇ ရက်နေ့က ထုတ်ပြန်သည့် စာမျက်နှာ ၁၆၉ မျက်နှာပါ အစီရင်ခံစာတွင် ဖော်ပြထား သည်။

Wednesday, September 9, 2020

ICC လက်ထဲ တပ်သားနှစ်ယောက်ရောက်သွားလို့ မတရား မှုတွေ ဖော်နိုင်မယ်လို့ သုံးသပ်


လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ ခင်မောင်စိုး
2020-09-08

ရိုဟင်ဂျာတွေကို နှိမ်နင်းတဲ့ကာလမှာ ကိုယ်တိုင်ပါဝင်ခဲ့ရတယ်လို့ ဝန်ခံထားတဲ့ တပ်မတော်သားနှစ် 
ယောက် ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး International Criminal Court ကို ရောက်သွား တဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူနိုင်မယ့် လမ်းစပေါ်လာတယ်လို့ ရှေ့နေတွေနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။

Tuesday, May 28, 2019

ရခိုင်ပြည်နယ်မှာ အခြေချနိုင်ရေး ဆက်လက်ကြိုးစား သွားမယ်လို့ AA အဖွဲ့ပြော

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-05-28
ရခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေကို လိုင်ဇာမှာတွေ့ရစဉ်



ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်မတော် AA အခြေချနိုင်ရေးဟာ အဓိကရည်မှန်းချက်ဖြစ်တာကြောင့် တပ်မတော် က လက်မခံလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရခိုင့်တပ်မတော် AAပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ဒီနေ့ပြောလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */