" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မောင်တော်မြို့. Show all posts
Showing posts with label မောင်တော်မြို့. Show all posts

Monday, December 28, 2020

မောင်တောမှာ မီးလောင်ဆုံးရှုံးခဲ့တဲ့နေအိမ်(၅၀၀) ဝန်းကျင် အတွက် အစိုးရကဒီလထဲပြန်ဆောက်ပေး

Omedia
Editor-
December 28, 2020

Photo : AFP ( ၂၀၁၈ ခုနှစ်ကမြင်ကွင်း )
ဒီဇင်ဘာ(၂၄)ရက်၊ ၂၀၂၀။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်ထဲ မီးလောင်ဆုံးရှုံးသွားတဲ့  ရိုဟင်ဂျာ တွေရဲ့ နေအိမ်တွေအတွက် အရင်နေရာမှာပဲ အစိုးရက နေအိမ် (၅၀၀) ဝန်းကျင်ကို ဒီလထဲ ဆောက်လုပ်ပေး နေတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးဆီက သိရပါတယ်။

အကြမ်းဖက်မှုဖြစ်စဉ်မှာ မီးလောင်ဆုံးရှုံးသွားတဲ့ မောင်တောမြို့က ရပ်ကွက် (၅)၊ သီဟိုကျွန်း၊ ကျောက်လှေ ကား၊ အလယ်သံကျော်၊ ပဒင်း၊ ကျားခေါင်းတောင်၊ သဲချောင်းပျေး၊ ကျွန်းပေါက်ပြုစုကျေးရွာတွေမှာ ဒီဇင်ဘာ လထဲ ပြန်ဆောက်ပေးနေတာလို့ သိရပါတယ်။

“တစ်ဖက်နိုင်ငံကို ထွက်ပြေးခြင်း မရှိတဲ့သူတွေ၊ ရွာလည်းတစ်ရွာလုံး မီးမလောင်သွားဘူး။ ရွာလည်း ပြန် တယ်။ နေတာလည်းမှန်ကန်ခဲ့ရင် အဲဒီလူတွေကို နိုင်ငံတော်အစီအစဉ်နဲ့ အိမ်ပြန်ဆောက်ပေးတာပေါ့။”လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က O Media ကို ပြောပါတယ်။

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းကလည်း မောင်တောမြို့နယ်၊ ပဒင်းကျေးရွာက နေအိမ် (၅၈) အိမ်၊ ညောင် ချောင်းရွာက နေအိမ်(၃၂)အိမ်နဲ့ ကျောက်လှေကားရွာက နေအိမ်(၁၃၉)အိမ် စုစုပေါင်း နေအိမ်(၂၂၉)အိမ်ကို ပြန်ပြုပြင်နိုင်ဖို့ အစိုးရက နေအိမ်တစ်လုံးကို ထောက်ပံ့ငွေ(၂၅၂၅၀၀)ကျပ်နဲ့ ပျက်စီးမှုနည်းတဲ့ နေအိမ်တစ်လုံး ကို (၁၂၂၅၀၀)ကျပ် ထောက်ပံ့ပေးခဲ့တယ်လို့ သိပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့် ကို O Media က ဆက်သွယ်နေဆဲဖြစ်ပါတယ်။
 


လင့်၊ ဒီမွာ
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */