" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကြားဖြတ်ဆောင်ရွက်ချက်. Show all posts
Showing posts with label ကြားဖြတ်ဆောင်ရွက်ချက်. Show all posts

Saturday, December 7, 2019

ICJ တွင် ဂမ်ဘီယာနိုင်ငံကတောင်းဆိုထားသည့် ကြားဖြတ် ဆောင်ရွက်ရေးတောင်းဆိုချက်များကို မြန်မာအစိုးရအနေ ဖြင့်ငြင်းပယ်ရန် ပြည်ခိုင်ဖြိုးပါတီ တိုက်တွန်း

ELEVEN 7 DECEMBER 2019
ဉာဏ်လင်းထွန်း


ICJ တွင် မြန်မာနိုင်ငံကို တရားစွဲဆိုသည့် အမှုအတွက် အပြီးသတ်ဆုံးဖြတ်ချက်မချမီ ကြားဖြတ်စီမံ ဆောင် ရွက်ရန် ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားသော အချက်များကို သွားရောက်တရားရင်ဆိုင်မည့် မြန်မာအစိုး ရ အဖွဲ့အနေဖြင့် လက်မခံဘဲ ငြင်းပယ်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တိုက်တွန်းသည်။

ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုချက်များသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်း လိုက်လျောရန် မသင့်သည့် တောင်းဆိုချက်များဖြစ်ခြင်းနှင့် တရားရုံးက ဆုံးဖြတ်ချက်မချမီ အပြစ်ရှိသူကဲ့သို့ ကျော်လွန်တောင်း ဆို ချက် များဖြစ်၍ လက်ခံရန် မသင့်ဘဲ ငြင်းပယ်ရမည့်ကိစ္စဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီက ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */