ဗွီအိုအေ (မြန်မာဌာန)
၁၀ အောက်တိုဘာ၊ ၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မြောက်ပိုင်း၊ တောင်ပြိုလက်ဝဲမြို့၊ လိပ်ရကျေးရွာမှာ အခြေစိုက်တဲ့ စစ်ကောင် စီတပ်စခန်းကို AA ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က ဒီကနေ့မနက် အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ ရဟတ် ယာဉ်တွေနဲ့ပါ တန်ပြန် တိုက် ခိုက် ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း အသက် ၃၅ နှစ်အရွယ် ဆီရာဇုလ်အိစ္စလာမ် ဆိုသူ အရပ် သားတဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ဗွီအိုအေကို အတည်ပြုပါတယ်။