Showing posts with label ရဲတပ်ဖွဲ့. Show all posts
Showing posts with label ရဲတပ်ဖွဲ့. Show all posts

Wednesday, January 1, 2025

လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာ ခြောက်ဆယ်ကျော်ကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ကယ်တင်

RFA
RFA Burmese
2025.01.01 

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးနေကြသည့် ရိုဟင်ဂျာများအား ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်က လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာ ခြောက်ဆယ်ကျော်ကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dhaka Tribune သတင်းက ဖော်ပြပါတယ်။

Friday, August 11, 2023

ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ဒုက္ခသည်တွေကို ညှဉ်းပန်းမှုအပေါ် Fortify Rights အစီရင်ခံစာ

RFA
တင်အောင်ခိုင် (၀ါရှင်တန် ဒီစီ)
2023.08.11

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို စခန်းလုံခြုံရေး တာ၀န်ယူထားသူတွေက အနိုင်ကျင့် နှိပ်စက်မှုတွေ အတွက် တာ၀န်ခံမှုရှိစေရန် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ Fortify Rights အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ ဒီအစီရင်ခံစာမှာ အဓိက မီးမောင်းထိုးပြထားတာ က အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ APBn အဖွဲ့မှာ တာ၀န်ရှိတယ်လို့ ဖော်ပြထားပါတယ်။ 

Friday, February 24, 2023

ဘင်္ဂလားဒေ့ရှ်မှာ ရဲတပ်ဖွဲ့နဲ့ အာဆာတိုက်ပွဲဖြစ်၊ ဒုက္ခသည် တစ်ဦးသေ ခြောက်ဦးဒဏ်ရာရ

RFA
RFA Burmese
2023.02.23

    ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုတွင် ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်တချို့။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား (Cox's Bazar) ခရိုင်က ဒုက္ခသည်စခန်းမှာ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့နဲ့ ရခိုင် ရိုဟင် ဂျာ ကယ်တင်ရေးတပ် (ARSA) တို့ တိုက်ပွဲဖြစ်ပွားပြီး ဒုက္ခသည်တစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့လယ်က ကော့ဘဇားခရိုင် ဘာလုခါလီ-၈ ဒုက္ခသည်စခန်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ရိုဟင်ဂျာ ကျောင်းသူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ စခန်းတွင်းက ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

Thursday, February 27, 2020

ရခိုင်ပြည်နယ်တည်ငြိမ်ရေးအတွက် ရဲတပ်ဖွဲ့အင်အား၏ လေးပုံတစ်ပုံ ပို့လွှတ်ထားရ

မြန်မာတိုင်းမ်နေ့စဉ် 
စိုင်းဝဏ္ဏ 
26 FEB 2020
 ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် တောင်ပြိုကျေးရွာအနီးရှိ နယ်စပ်ခြံစည်းရိုး၌ တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ- အီးပီအေ

 ရခိုင်ပြည်နယ်တည်ငြိမ်ရေးအတွက် ရဲတပ်ဖွဲ့အင်အား၏ လေးပုံ တစ်ပုံပို့ လွှတ်ထားရကြောင်း နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

Saturday, September 14, 2019

ဘင်္ဂလား ဒုက္ခသည်စခန်းအနီး ရိုဟင်ဂျာ ၂ ဦး ပစ်သတ် ခံရ

VOA
 ဗွီအိုအေ (မြန်မာဌာန)
14 စက်တင်ဘာ၊ 2019 

ဘင်္ဂလားဒေ့ရှ် အာဏာရပါတီက တာဝန်ရှိသူတစ်ဦးလုပ်ကြံသတ်ဖြတ်ခံ ရပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်း နယ်စပ်မြို့မှာ ရဲတပ်ဖွဲ့က နောက်ထပ် ရိုဟင်ဂျာ ဒုက္ခသည် ၂ ဦးကို သောကြာနေ့က ပစ်ခတ်သတ် ဖြတ်ခဲ့ပါတယ်။ 

Tuesday, August 13, 2019

ရဲတပ်ဖွဲ့ဝင်တွေကို AA အဖွဲ့ သတိပေးချက်ထုတ် ( အချပ်ပို ပါသည်)

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-13
မောင်တောမြို့နယ် ကျီးကန်းပြင်က အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူရုံးမှာ ကင်းစောင့်နေတဲ့ ရဲတပ်သားတွေကို ၂၀၁၇ ခုနှစ်ကတွေ့ရစဉ်  Photo: Min Thein Aung/RFA 
 

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေကို AA အဖွဲ့က သတိပေးချက်ထုတ်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ဖေဖော်ဝါ ရီလ ၈ ရက်နေ့က ရခိုင်ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဝင်တွေအနေနဲ့ ရဲလုပ်ထုံးလုပ် နည်းတွေ ကို ကျော်လွန် မလုပ်ဖို့နဲ့ ရခိုင်ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်တာတွေမလုပ်ဖို့ သတိပေးထားကြောင့် AA အဖွဲ့ရဲ့ မနေ့က ကြေညာချက်မှာ ပါရှိပါတယ်။

Thursday, April 11, 2019

ရဲတပ်ဖွဲ့ မိသားစု လူ ၇ ဦးကို ပြန်လည်အပ်နှံဖို့ ဆောင် ရွက်နေတယ်လို့ AA ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-11
AA ကဖမ်းဆီးသွားတဲ့ ရဲတင်ဖွဲ့မိသားစုတွေကို တွေ့ရစဉ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အမှတ် (၃၁) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲကနေ ခေါ်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့ မိသားစုဝင် ၇ ဦးကို ပြန်လွှတ်ဖို့ဆောင်ရွက်နေပြီး အဆင်ပြေရင် ဒီနေ့ပြန်လွှတ်မှာဖြစ်တယ်လို့ ရက္ခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကို ပြောပါတယ်။

Saturday, February 16, 2019

ဆန္ဒပြပွဲ အင်အားသုံးဖြေရှင်းခဲ့တဲ့လုပ်ရပ် စုံစမ်းစစ် ဆေးဖို့ HRW တိုက်တွန်း

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-15
လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ် ပြန်လည်ရုပ်သိမ်းရေးအတွက် ဆန္ဒပြတောင်းဆိုသူများကို ၂ဝ၁၉ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
 
  ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွဲခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ဘယ်သူတွေ တာဝန်ရှိသလဲဆိုတာကို အစိုးရက ချက်ခြင်း စုံစမ်းစစ် ဆေးသင့်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က မနေ့က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Sunday, January 20, 2019

ARSA တိုက်ခိုက်လို့ ရဲတပ်ဖွဲ့ဝင် ၆ ဦး ထိခိုက် ဒဏ်ရာရ

RFA
လွတ်လပ်တဲ့အာရှအသံ 
2019.01.20
 အာဆာအကြမ်းဖက်အဖွဲ့က နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်က ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ယာဉ်ကို တိုက်ခိုက်ခဲ့တဲ့ နေရာပြမြေပုံကို တွေ့ရစဉ်
 
ရဲကွပ်ကဲမှုဌာနချုပ်က ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ယာဉ်ကို မောင်တောမြို့နယ် ဝက်ကျိန်းရွာနား တံတား အနီး အရောက်မှာ အာဆာအကြမ်းဖက်အဖွဲ့က အင်အား ၁၀ ယောက်ခန့်က ချောင်းမြောင်းပစ်ခတ်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့ ဒဏ်ရာရခဲ့ကြတယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာမှာ ဖော်ပြလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */