ELEVEN
4 January 2021 
Ref: The Daily Star 
 
ကုလသမဂ္ဂ၏ ၇၅ ကြိမ်မြောက် အထွေထွေညီလာခံတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့် ရိုဟင် ဂျာ အရေးကိစ္စများနှင့် စပ်လျဉ်းသည့် အဆိုပြုချက်တစ်ရပ်ကို မဲခွဲဆုံးဖြတ်ခဲ့ရာ၌ တရုတ်နှင့် ရုရှားနိုင်ငံတို့က မြန်မာနိုင်ငံဘက်က ရပ်တည်ခဲ့ကြပြီး အိန္ဒိယနိုင်ငံကမူ မဲမပေးဘဲ ကြားနေခဲ့သည်။
၂၀၂၀ ပြည့်နှစ်၏ နောက်ဆုံးရက်ဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက်တွင် ၇၅ ကြိမ်မြောက် ကုလအထွေထွေညီလာခံ ၏ ၄၈ ကြိမ်မြောက် အစည်းအဝေးအတွင်း ယင်းအဆိုပြုချက်ကို မဲခွဲခဲ့ခြင်းဖြစ်သည်။




