Showing posts with label အာဂျင်တီးနားတရားရုံး. Show all posts
Showing posts with label အာဂျင်တီးနားတရားရုံး. Show all posts

Tuesday, February 18, 2025

အာဂျင်တီးနားတရားရုံးရောက် ရိုဟင်ဂျာအမှုနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

 



ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူမျိုးတုံးသတ်ဖြတ်မှု ဖမ်းဝရမ်းက ဖယ်ရှားပေးဖို့ NUG တောင်းဆို

RFA
RFA Burmese
2025.02.18
 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ယာ) နှင့် သမ္မတဟောင်း ဦးထင်ကျော် (ဝဲ) တို့အား တွေ့ရစဉ်။ AFP & MYANMAR STATE COUNSELLOR OFFICE

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ် တရားစွဲဆိုထားတာကနေ ဖယ်ရှားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုလိုက်ပါတယ်။

Friday, February 14, 2025

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၄ ဖေဖော်ဝါရီ၊ ၂၀၂၅ 
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
 
မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအရ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိပ်တန်းစစ်အရာရှိတချို့ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း UK အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာစစ်ခေါင်းဆောင် အပါအဝင် ၂၅ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်

RFA
RFA Burmese
2025.02.14

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလက မြန်မာနှင့် ဂမ်ဘီယာအမှု ကြားနာနေချိန်အတွင်း တရားရုံးရှေ့ ၌ ဆန္ဒပြနေသူတစ်ဦး။

Updated 5:26 PM Feb 14, 2025

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်က အရာရှိ ကြီး၊ ငယ် ၂၃ ဦးနဲ့ အဲဒီအချိန်က အစိုးရအဖွဲ့ကိုယ်စား တာဝန်ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ယူကေ (BROUK) RFA ကို ဒီနေ့ ပြောပါတယ်။

Tuesday, May 7, 2024

မြန်မာစစ်ခေါင်းဆောင်အချို့ အာဂျင်တီးနားတရားရုံးကနေ ဖမ်းဝရမ်းထုတ်ခံရဖွယ်ရှိ

RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.05.07

ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်မှုစွဲချက်နဲ့ အာဂျင်တီးနားနိုင်ငံ တရားရုံးမှာ စွဲဆိုထားတဲ့ အမှုမှာ မြန်မာစစ်ခေါင်းဆောင်အချို့နဲ့ သတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့သူတွေရဲ့ နာမည်စာရင်းကို တင်သွင်းထားပြီး၊ စွပ်စွဲခံရသူတွေကို အခုနှစ်အတွင်းမှာ နိုင်ငံတကာအဆင့် ဖမ်းဝရမ်းထုတ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဒီအမှုအတွက် တရားလို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စတာ တိုးမာ့စ် ကင်တားနားက ပြောပါတယ်။ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တွေ့ဆုံမေးမြန်းထားပါတယ်။

Friday, June 9, 2023

လူမျိုးတုံး သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး အာဂျင်တီးနားတရား ရုံး တွင် ရိုဟင်ဂျာများ သက်သေထွက်ဆို

DVB
June 8, 2023

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့ရှိ တရားရုံးမှာ ရိုဟင်ဂျာမွတ်ဆလင် လူနည်းစုအဖွဲ့ဝင်တွေဟာ မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ဇွန် ၇ ရက်က ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင် သက်သေထွက် ဆိုခဲ့ကြတယ်လို့ တက်ကြွလှုပ်ရှားသူတဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

ဒါဟာ မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ်မှာ အာဂျင်တီးနားနိုင် ငံရဲ့ တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

Link : Here

Saturday, December 18, 2021

စစ်ခေါင်းဆောင် ခြောက်ဦးကို လူမျိုးတုံးသတ်ဖြတ်မှု ကျူး လွန် သူတွေအဖြစ် အာဂျင်တီးနားတရားရုံးမှာ တင်သွင်း

RFA
လွတ်လပ်တဲ့အာရှအသံ
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2021-12-17

၂ဝ၁၇ ခုနှစ် စက်တင်ဘာလက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြသော ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ်။Photo: Reuters

နိုင်ငံတကာဥပဒေတွေအရ အလွန် ဆိုးဝါးရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်တဲ့ ရာဇဝတ်မှုတွေအတွက် ဘယ် နိုင်ငံတရားရုံးကမဆို တရားစွဲဆိုပြီး စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ Universal jurisdiction သဘောတရားအရ ရို ဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်မှုအတွက် တာဝန်ရှိတဲ့ မြန်မာတပ်မတော်ခေါင်းဆောင် အတွက် အာဂျင်တီးနားနိုင်ငံ ဘွေနိုအေးရီးစ်မြို့ ဖက်ဒရယ်တရားရုံးမှာ စွဲဆိုထားတာဖြစ်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */