AYEYARWADDY TIMES
December 6, 2023
အင်ဒိုနီးရှားပိုင်နက်အတွင်းရိုဟင်ဂျာဒုက္ခသည်တွေရောက်ရှိလာမှုနဲ့ပတ်သက်တဲ့ကိစ္စကိုကိုင်တွယ်ဖြေ ရှင်းဖို့ လုံခြုံရေးဆိုင်ရာဝန်ကြီး မာဖတ်အမ်ဒီကို ညွှန်ကြားထားတယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါ တယ်။
“ရိုဟင်ဂျာပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ ဒေသန္တရအစိုးရအဖွဲ့တွေ၊ UNHCR တို့နဲ့ ပူးပေါင်း ဆောင် ရွက်ဖို့ ကျွန်တော် လုံခြုံရေးဆိုင်ရာဝန်ကြီးကို ညွှန်ကြားထားပါတယ်” လို့ ဂျိုကိုဝီက ပြောပါ တယ်။