Showing posts with label ပယ်ချ. Show all posts
Showing posts with label ပယ်ချ. Show all posts

Saturday, March 16, 2024

ရိုဟင်ဂျာတွေ သူတို့ လူမှုအသိုက်အဝန်းနဲ့ တသားထဲဖြစ်ရေး ဘင်္ဂလားဒေ့ရှ် ပယ်ချ

VOA
ဗွီအိုအေ (မြန်မာဌာန
၁၅ မတ်၊ ၂၀၂၄ 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Sabang ကျွန်းကို ရေကြောင်းကနေ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၂၂၊ ၂၀၂၃)

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို လူမှုအသိုင်းအဝိုင်းတွေထဲမှာ တသားထဲဖြစ်စေရေး အကြုံပြုချက်တွေကို နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen ပယ်ချခဲ့ပါတယ်။

Wednesday, April 19, 2023

ရိုဟင်ဂျာကိစ္စဖြေရှင်းရန် စစ်ကောင်စီ အချိန်တိုးတောင်းမှု ICJ ပယ်ချ

Myanmar Now
ထူးအောင်
April 19, 2023

ဂမ်ဘီယာနိုင်ငံ၏ စွဲဆိုချက်များကို အင်္ဂလိပ်မှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုရန် အချိန်မလုံလောက်ဟု အကြောင်းပြကာ စစ်ကောင်စီက အချိန် ၁၀ လ တိုးတောင်းသော်လည်း ပယ်ချခံရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီကိုယ်စား စစ်တပ်အရာရှိဟောင်း ဦးကိုကိုလှိုင်ဦးဆောင်၍ ICJ တရားရုံး၌ သွားရောက်ဖြေရှင်းခဲ့စဉ်။ 


ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် အမှုရင်ဆိုင်နေရသည့် စစ်ကောင်စီက စွပ်စွဲချက်များ ဖြေရှင်းရေး အချိန် ၁၀ လ တိုးတောင်းခဲ့သော်လည်း ပယ်ချခံလိုက်ရသည်။

ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုခြင်းခံရကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ တရားရုံး၌ သွား ရောက်ဖြေရှင်းခဲ့သည်။ အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် စစ်တပ်အရာရှိဟောင်း ဦးကိုကိုလှိုင်ဦးဆောင် ၍ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း တစ်ကြိမ်ဖြေရှင်းပြီး ဖြစ်သည်။

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစွဲချက် - မြန်မာရဲ့ အချိန်တိုး တောင်းမှု ICJ ပယ်ချ -

BBC မြန်မာပိုင်း
ဧပြီလ ၁၉ ၂၀၂၃

မြန်မာ စစ်ကောင်စီဘက်က အချိန်တိုးတောင်းတာကို ပယ်ချပြီး တစ်လသာတိုးပေးဖို့ ဆုံးဖြတ်

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ အမှုရင်ဆိုင်နေရတဲ့ မြန် မာ နိုင်ငံဟာ လာမယ့် တနင်္လာနေ့ ဧပြီလ ၂၄ ရက်နေ့မှာ ချေလွှာတင်ဖို့ ရှိတာကို စစ်ကောင်စီဘက်က နောက်နှစ် ထိ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားချက်ကို တရားရုံးက ပယ်ချလိုက်ပေမဲ့ ပြင်ဆင်ချိန်ကိုတော့ တစ်လထပ်တိုး ပေး လိုက်ပါတယ်။

မြန်မာကိုယ်စားလှယ်ဘက်က နောက်နှစ် ဖေဖော်ဝါရီ ၂၄ ထိ ၁၀ လကြာ ရွှေ့ဆိုင်းထားပေးဖို့ ပြီးခဲ့တဲ့လ မတ်လ ၁၄ ရက်က ပန်ကြားခဲ့တယ်လို့ တရားရုံးက ဧပြီ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

Sunday, August 16, 2020

မောင်တောခရိုင်က မွတ်ဆလင် ကိုယ်စားလှယ်လောင်း ၅ ဦး ပယ်ချခံရ

B B C
ဘီဘီစီ မြန်မာပိုင်း
2020-08-16
  ကိုယ်စားလှယ်လောင်း ငါးဦးဟာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိ ဆိုတဲ့ ကန့်သတ်ချက်တွေနဲ့ ငြိစွန်း နေတယ်လို့ ကော်မရှင် ပြောပါတယ်

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လွှတ်တော် ကိုယ် စားလှယ်လောင်းအဖြစ် လျှောက်ထားတဲ့ မွတ်ဆလင်ကိုယ်စားလှယ်လောင်း ငါးဦးကို သက်ဆိုင်ရာ ခရိုင်ရွေး ကောက်ပွဲကော်မရှင်တွေက ပယ်ချလိုက်ပါတယ်။

Friday, August 7, 2020

ရိုဟင်ဂျာအရေး ဂမ်ဘီယာတောင်းဆိုချက် Facebook ပယ်ချ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများခင်မောင်စိုး
2020-08-06

ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို တရားစွဲထားတဲ့ ဂမ်ဘီယာ နိုင် ငံက  မြန်မာ့တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရေးသားချက်တွေကို ထုတ်ပြန်ပေးဖို့ တောင်းဆိုတာကို  Facebook ကုမ္ပဏီက ပယ်ချလိုက်ပါတယ်။

Wednesday, September 11, 2019

IIMM ကုလစုံစမ်းစစ်ဆေးရေးယန္တရား မြန်မာအစိုးရလက်မ ခံပယ်ချ

VOA
ဗွီအိုအေမြန်မာပိုင်း
11 စက်တင်ဘာ၊ 2019
အင်ကြင်းနိုင်
 ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း
IIMM မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား အဖွဲ့ ရဲ့ လုပ်ငန်းစဉ်တွေဟာမြန်မာနိုင်ငံရဲ့ အချုပ် အခြာ အာဏာကို ဝင်ရောက်စွက်ဖက်နေတဲ့ အတွက် မြန်မာအစိုးရက လုံးဝလက်မခံတဲ့ အပြင် နိုင်ငံတကာခုံရုံးတရားစီရင်မှုကိုလည်း လက်သင့်ခံ မှာမဟုတ်ဘူးလို့ စက်တင်ဘာလ (၁၀)ရက်နေ့က ပြုလုပ်တဲ့ ဂျီနီဗာလူ့အခွင့် အရေးကောင်စီ ညီလာခံမှာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က တုံ့ပြန်ပြောကြားခဲ့ပါတယ်။

Saturday, July 27, 2019

ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် အမှု ပယ်ချခံရပြန်

B B C
ဘီဘီစီ မြန်မာပိုင်း
26 ဇူလိုင် 2019

နိုင်ငံတော် အကြည်ညို ပျက်စေမှု ၊ နိုင်ငံတော် ပုန်ကန်မှု တွေနဲ့ တပေါင်းထဲ ပြစ်ဒဏ် နှစ်၂၀ ချခံထားရတဲ့ ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ အမှုနဲ့ ပတ်သက်လို့ စုစုပေါင်း ပြင်ဆင်မှု ၄ခုကို လက်ခံသင့် မသင့် ကြားနာပေးဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးမှာ လျှောက်ထားခဲ့ရမှာ ပယ်ချခံခဲ့ ရပါတယ်။

Tuesday, July 9, 2019

ရခိုင်မြောက်ပိုင်းအရေး ကန်လွှတ်တော်အမတ် အကြံ ပြုချက် Sheikh Hasina ပယ်ချ

VOA  
ဗွီအိုအေ (မြန်မာဌာန)
09 ဇူလိုင်၊ 2019
အင်ကြင်းနိုင်
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို အကာအကွယ်မပေးနိုင်တဲ့အတွက် သူတို့အများစု နေထိုင်တဲ့ ရခိုင်ပြည် နယ်မြောက်ပိုင်းကို ဘင်္ဂလားဒေ့ရှ်ဘက်ကို လွဲှပြောင်းပေးလိုက်ဖို့ ဝါရင့် အမေရိကန် အောက်လွှတ်တော် အ မတ် တဦးရဲ့ အကြံပြုချက်ဟာ မှားယွင်းပြီး ဆိုးရွားတဲ့ အဆိုပြုချက်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က တနင်္လာနေ့က ပြင်းပြင်းထန်ထန် တုံ့ပြန် ပြောကြားခဲ့ပါတယ်။

Tuesday, May 21, 2019

ဒေါက်တာအေးမောင်တို့၏အယူခံလွှာ ရခိုင်ပြည်နယ် တရားလွှတ်တော်တွင် ပယ်ချခံရ

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝမြေ)
နိရဉ္စရာ၊ မေ ၂၁/ ၂၀၁၉
ထောင်ဒဏ်နှစ် ၂ဝ စီချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏ အယူခံလွှာ ပယ်ချခံလိုက်ရကြောင်း သိရသည်။


ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏ အယူခံလွှာအား သူတို့၏ရှေ့နေများက ယနေ့ မေလ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ် တရားလွှတ်တော်သို့ တင်သွင်းရာ ပယ်ချခံလိုက်ရခြင်းဖြစ်သည်။

Tuesday, May 14, 2019

မြန်မာစစ်တပ်နဲ့ နီးစပ်မှုရှိတဲ့ စွပ်စွဲချက် MIPS သုတေ သနအဖွဲ့ လက်မခံပါယ်ချ

VOA
 ဗွီအိုအေ (မြန်မာဌာန)
14 မေ၊ 2019
အင်ကြင်းနိုင်
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အမှုဆောင်ညွန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦး

မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ခွဲခြား၊ မုန်းတီးမှုတွေကို ဆိုရှယ်မီဒီယာကနေ ဖြန့်ဝေလှုံဆော်ပြီး အကြမ်း ဖက်မှုတွေ ဖြစ်ခဲ့ရာမှာ တာဝန်ရှိကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတဲ့ Facebook ကုမ္ပဏီ ဟာ နောက် ထပ် လှုံဆော်ဖြန့်ချိမှုတွေ မဖြစ်ပေါ်ရေး ပိတ်ပင်တားဆီးနိုင်ဖို့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ အဖွဲ့ အ စည်းတွေနဲ့ အနီးကပ် ပူးပေါင်း ဆွေးနွေးမှုတွေရှိနေပါတယ်။

Friday, September 11, 2015

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ကိုယ်စားလှယ် လောင်း အားလုံးနီးပါး အယူခံ ပယ်ချခံရ

မဇ္ဈိမ
Friday, September 11, 2015


ပါတီစုံအထွေထွေရွေးကောက်ပွဲဝင်ပြိုင်ရန် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ကိုယ်စားလှယ်လောင်း ၁၈ ဦး စာရင်းပေးသွင်းထားရာ ၁၇ ဦး ပယ်ချခံခဲ့ရသည်ဟု ပါတီဥက္ကဋ္ဌ ဦးကျော်မင်း (ခ) မိုဟာမက်ရှောင်အ နောရူလာဟောက်က မဇ္ဈိမသို့ ပြောသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */