RFA
RFA Burmese
2025.01.11

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုအပါအဝင် ရိုဟင်ဂျာ ၅၈ ဦးကို နယ်ခြားစောင့်ရဲတွေက ဇန်နဝါရီ ၁၁ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
သတင်းအရ နယ်ခြားစောင့်တပ်ဖွဲ့ (BGB) က နယ်စပ်နေရာတွေကို ဝင်ရောက်စီးနင်းခဲ့ရာမှာ ထရပ်ကား၊ ကိုယ်ပိုင်ကား မော်တော်ဆိုင်ကယ်အများအပြားနဲ့ သယ်ဆောင်တဲ့ ရိုဟင်ဂျာတွေကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ သူတို့အားလုံးကို အမှုဖွင့်စစ်ဆေးနေပြီး မြန်မာနိုင်ငံကို ပြန်ပို့နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ဒီရိုဟင်ဂျာတွေကို တရားမဝင်နယ်စပ်ဖြတ်ကျော် ပို့ဆောင်ဖို့ ကြိုးပမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဦးကိုလည်း ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ သတင်းက ဖော်ပြပါတယ်။
ဆက်နွယ်သောသတင်းများ
- စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ် အရေးယူမှုအသစ်ချမှတ်ဖို့ BROUK အဖွဲ့ တောင်းဆို
- ရိုဟင်ဂျာတွေကို ကယ်တင်ဖို့ UNHCR တိုက်တွန်း
- ပေါက်တောက ရိုဟင်ဂျာဒုက္ခသည်တွေကို AA က စားနပ်ရိက္ခာထောက်ပံ့
- အင်ဒိုနီးရှားနဲ့ မလေးရှားကို ရိုဟင်ဂျာဒုက္ခသည် ရာနဲ့ချီရောက်
- မြန်မာနိုင်ငံက ရွှေ့ပြောင်းလာတဲ့ ရိုဟင်ဂျာနှစ်ရာနီးပါးကို မလေးရှား ဖမ်းဆီးထိန်းသိမ်း
Link : Here
No comments:
Post a Comment