" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်တပ်. Show all posts
Showing posts with label စစ်တပ်. Show all posts

Friday, September 23, 2022

ဘင်္ဂလာဒေ့ရှ်စစ်တပ်က မြန်မာဘက်သို့ ပြင်းထန်သောသတင်းစကားပေးပို့

နိရဉ္စရာ
စက်တင်ဘာ ၂၂/၂၀၂၂

ဘင်္ဂလာဒေ့ရှ်စစ်တပ်က မြန်မာဘက်သို့ ပြင်းထန်သော သတင်းစကားပေးပို့ ခဲ့သည်ဟု Dhaka Tribune တွင် ‘Bangladesh Army sent strong message to Myanmar’ခေါင်းစဉ်ဖြင့် ယနေ့ သတင်းဖော်ပြသည်။

ဘင်္ဂလာဒေ့ရှ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး SM Shafiuddin Ahmed က ဘင်္ဂလားဒေ့ရှ်အနေဖြင့် နယ်စပ်တစ် လျှောက် အခြေအနေကို စောင့်ကြည့်နေပြီး ငြိမ်းချမ်းမှုရရှိစေရန် နှစ်နိုင်ငံကြား ဆက်သွယ် ဆောင်ရွက်နေကြောင်း ပြောဆိုသည်ဟု သတင်းတွင် ဖော်ပြသည်။

“ ကျွန်တော်တို့ မြန်မာနဲ့ ဆက်သွယ်ဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့ လိုအပ်ချက်တွေကို သတိထားဆောင်ရွက်နေပါတယ်” ဟု ဘင်္ဂလာစစ်ဦးစီးချုပ်က ဗုဒ္ဒဟူးနေ့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားသည်။ သူက ထပ်လောင်းပြီး “ ကျွန်တော်တို့ လိုအပ်တဲ့ အချိန်မှာ တုံ့ပြန်ဖို့ အဆင်သင့်ရှိပါတယ်” ဟုလည်း ပြောဆိုသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */