" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လူမျိုးတုံးရှင်းလင်း. Show all posts
Showing posts with label လူမျိုးတုံးရှင်းလင်း. Show all posts

Thursday, January 23, 2020

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကနေ အကာအ ကွယ်ပေးဖို့ မြန်မာနိုင်ငံကို ICJ အမိန့်ချ

လွတ်လပ်တဲ့အာရှအသံ ( RFA )
2020.01.23


■ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတဲ့အမှုကို ဒီနေ့ ICJ တရားရုံးက အမိန့်ချမှတ်ရာမှာ... မြန်မာနိုင်ငံဘက်က တင်ပြထားတဲ့ အချက်တွေကို ပယ်ချလိုက်ပြီး ဂမ်ဘီယာဘက်က တောင်းဆိုထားတဲ့ ကြားဖြတ် စီမံဆောင်ရွက်ချက် ခြောက်ချက်ထဲက လေးချက်ကို ချမှတ်လိုက်ပါတယ်။

အဲဒီလေးချက်ကတော့...

၁။ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာမူဆလင်လူမျိုးစုတွေအပေါ် သတ်ဖြတ်တာ၊ စိတ်ရောကိုယ်ပါ အန္တရာယ် ကျရောက်အောင်လုပ်ဆောင်တာ အပါအဝင်၊ လူမျိုးတုံးသတ်ဖြတ်မှုမြောက်စေတဲ့ လုပ်ဆောင်ချက်အား လုံးကို အစွမ်းကုန် ကာကွယ်တားဆီးပေးဖို့၊

Friday, December 13, 2019

လူမျိုးတုံးစေလိုသောအကြံရှိကြောင်း အချက် ၇ ချက်တွင် မြန်မာက တစ်ချက်သာငြင်းဟု တရားလိုပြော

Myanmar NOW
Myanmar Now
Published on Dec 12, 2019

မြန်မာအနေဖြင့် လူမျိုးတုံးသတ်ရန်အကြံမရှိဘဲ မောင်းထုတ်ရုံသက်သက်သာဆိုပါက အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ ကလေးငယ်များကိုသတ်ဖြတ်ခြင်းများ အဘယ်ကြောင့်ကျူးလွန်ရပါသနည်းဟု ရိုက်ခလာ က မေးခွန်းထုတ်သည်။
 
ဂမ်ဘီယာနိုင်ငံ ဥပဒေအဖွဲ့မှ ရှေ့နေ ပေါ်လ် ရိုက်ခလာ လျှောက်လဲနေစဉ်

မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက စွပ်စွဲချက်အပေါ် ကြားနာပွဲ တတိ ယနေ့ ပထမပိုင်းကို နယ်သာလန်နိုင်ငံ ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ယနေ့ ဆက်လက် ကျင်းပရာ ဂမ်ဘီယာနိုင်ငံကိုယ်စား ရှေ့နေက ‘လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်လိုသည့် စေတနာပါကြောင်း ၎င်းတို့အနေဖြင့် မြန်မာဘက်တွင်တွေ့ရသည့် အချက်များကို တင်ပြသွားသည်။

Monday, November 25, 2019

ရခိုင်ပြည်နယ်မှာ လူမျိုးတုံးရှင်းလင်းမှု ဖြစ်ပွားခဲ့တယ်လို့ အမေရိကန်ဝန်ကြီး ပြောကြား

လွတ်လပ်တဲ့အာရှအသံ ( RFA )
22 နိုဝင်ဘာ 2019





























ရခိုင်ပြည်နယ်မှာ လူမျိုးတုံးရှင်းလင်းမှု ဖြစ်ပွားခဲ့တယ်လို့ အမေရိကန်ဝန်ကြီး ပြောကြား
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရက် တီလာဆန်က ရရှိခဲ့တဲ့ သက်သေ အထောက်အထား တွေကို အသေအချာ လေ့လာဆန်းစစ်ပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုး တုံးရှင်းလင်းမှုတွေ ဖြစ်ပွားခဲ့တာ ထင်ရှားတယ်လို့ ဒီကနေ့ နိုဝင်္ဘာလ ၂၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */