" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အစ္စရေး-ဟားမတ်စ်. Show all posts
Showing posts with label အစ္စရေး-ဟားမတ်စ်. Show all posts

Thursday, December 7, 2023

အစ္စရေးကို အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုအတွက် တပ်ဖွဲ့ကို ဟားမတ်စ် ဘယ်လိုတည်ဆောက်ခဲ့လဲ

BBC
၆ ဒီဇင်ဘာ ၂၀၂၃

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တွေကြား ပူးတွဲစစ်ရေးလေ့ကျင့်တာတွေကို ၂၀၂၀ နောက်ပိုင်းကတည်းက ပြုလုပ်နေပါတယ်

အက်ဘ်ဒယ်လာရိုင် ရာဂတ်၊ ရစ်ချက် အာဗင်ဘရောင်း၊ ဘန်နဒစ် ဂါမန်နဲ့ ရှောင် ဆက်ဒန်ရာထူးတာဝန်, ဘီဘီစီ အာရဗီဘာသာဌာန နဲ့ ဘီဘီစီ Verify

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ဟာ ၂၀၂၀ ပြည့်နှစ်ကစလို့ စစ်တပ်ပုံစံစစ်ရေးလေ့ကျင့်မှုတွေ အတူတူပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ဟားမတ်စ်က အစ္စရေးကို အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့ကြတယ်ဆိုတာကို ဘီဘီစီက လေ့လာတွေ့ရှိခဲ့ပါတယ်။

Saturday, December 2, 2023

ဂါဇာရှိ အစ္စရေးတင့်ကားများကို တိုက်ခိုက်ရန် ဟားမတ်စ် ပြင်ဆင်

DVB
December 2, 2023

ဟားမတ်စ်အဖွဲ့ခွဲရဲ့ တိုက်ခိုက်ရေးသမားတွေက ဂါဇာကမ်းမြောင်ဒေသထဲက အစ္စရေးတင့်ကားတွေ ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာ ၁ ရက်မှာ သတင်း ထုတ်ပြန်ခဲ့ ပါတယ်။

ဗီဒီယို ရိုက်ကူးတဲ့ နေရာကို သီးခြား အတည်မပြုနိုင်ပါဘူး။

Thursday, November 30, 2023

အစ္စရေး-ဟားမတ်စ်အပစ်ရပ်ရေး ၇ ရက်မြောက်သဘော တူခဲ့

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၁ ဒီဇင်ဘာ၊ ၂၀၂၃ 

ဂါဇာကမ်းမြောင်ဒေသကနေ ပြန်လွတ်လာတဲ့ ဓားစာခံတဦး နိုဝင်ဘာ ၃၀ ရက်မှာ မိသားစုနဲ့ အစ္စရေးနိုင်ငံတွင်း ပြန်လည်တွေ့ဆုံစဥ်။

ဟားမတ်စ်တို့ဖမ်းထားတဲ့ဓါးစာခံတွေထဲ အစ္စရေးအမျိုးသမီးနှစ်ဦး ကြာသပတေးနေ့ နေ့လယ်ပိုင်းက ပြန်လွတ်လာပြီး နောက်ထပ် ဓါးစားခံ ၆ ဦးလည်း လွတ်လာတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ လက်ရှိ နှစ်ဘက်အပစ်အခတ်ရပ်စဲရေးယူထားတဲ့ရက်အတွင်း ဟားမတ်စ်တို့က တရက်ကို အစ္စရေး နိုင်ငံသား ၁၀ ဦးထက်မနည်း ပြန်လွှတ်ပေးနေတာပါ။

Sunday, October 29, 2023

အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း သေဆုံးသူ ၈၈၀၀ ကျော် ရှိလာ

DVB
October 28, 2023

အစ္စရေး-ဟားမတ်စ် ပဋိပက္ခရဲ့ ၂၁ ရက်မြောက်နေ့အထိ ၂ ဖက်စလုံးမှာ သေဆုံးသူပေါင်း ၈,၈၀၀ ကျော်သွားပြီ လို့ စီစီတီဗီ သတင်းဌာနက ဖော်ပြပါတယ်။

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့မှာ ထုတ်ပြန်တဲ့ နောက်ဆုံးစာရင်းတွေအရ ဂါဇာကမ်း မြောင်နဲ့ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း စုစုပေါင်း ၇,၄၃၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဂါဇာဆေးရုံကြီးကိုဟားမတ်စ်ကစစ်ဆင်ရေး ဒိုင်းကာအဖြစ် သုံးနေဟု အစ္စရေးပြော

DVB
October 29, 2023

အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့ ဟားမတ်စ်က ဂါဇာရှိပင်မဆေးရုံကြီးကို သူ့ရဲ့ဥမင်လိုဏ်ခေါင်းတွေနဲ့ စစ်ဆင်ရေးစင် တာတွေအတွက် ဒိုင်းကာအဖြစ် သုံးစွဲနေတယ်လို့ အစ္စရေးစစ်တပ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

Friday, October 20, 2023

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

ဧရာဝတီ
13 October 2023

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်တွင် အစ္စရေးက ဂါဇာကို လက်တုံ့ပြန်တိုက်ခိုက်စဉ် / AFP

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန် လည် ပေါ်ပေါက်စေသည်။

အရှေ့တောင်အာရှမှ မွတ်ဆလင်အများစု နိုင်ငံများသည် သမိုင်းကြောင်းအရ ပါလက်စတိုင်းကို ထောက်ခံ ကြ သည်။ လက်နက်ဝယ်ယူခြင်း အပါအဝင် ကုန်သွယ်ရေး အကျိုးစီးပွားကြောင့် အခြား နိုင်ငံများက အစ္စရေးဘက် မှ ရပ်တည်ကြသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */