DVB
November 12, 2023
ဆော်ဒီအာရေဗျနဲ့ မွတ်ဆလင်နိုင်ငံတွေက ဂါဇာမှာ စစ်ဆင်ရေးတွေ ချက်ချင်းရပ်ဖို့ နိုဝင်ဘာ ၁၁ ရက်က ဆော် ဩ လိုက်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံရဲ့မြို့တော် ရီယာ့ဒ်မှာ ကျင်းပတဲ့ အစ္စလာမ္မစ်-အာရပ် ထိပ်သီး အစည်းအဝေးမှာ စစ်ပွဲရဲ့ အကြောင်းပြချက်အဖြစ် အစ္စရေးတို့ရဲ့ ခုခံကာကွယ်မှု ဆိုတဲ့အချက်ကို ပယ်ချခဲ့ ပါတယ်။