Showing posts with label VOA Burmese. Show all posts
Showing posts with label VOA Burmese. Show all posts
Tuesday, February 5, 2019
အမ်းမြို့နယ်မှာ မိုင်းပေါက်ကွဲမှုနဲ့ ပစ်ခတ် မှုတချို့ဖြစ်
ရခိုင်ပြည်နယ်အတွင်းပိုင်း အမ်းမြို့နယ်ထဲမှာ လမ်းလုံခြုံရေးယူထားတဲ့ တပ်မတော်ယာဉ်တန်း လမ်း ကြောင်းကို တနင်္လာနေ့ညက မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ဘူးလို့ တပ်မတော် ဘက်ကရော၊ ဒေသခံ တာဝန် ရှိသူတွေကပါပြောပါတယ်။
စစ်ရေးပဋိပက္ခတင်းမာနေတဲ့ ရခိုင်ပြည်နယ်ထဲမှာ အခုလို မျိုး တိုက်ပွဲဖြစ်တဲ့နေရာတွေ ပိုပြီးကျယ်လာ တာကြောင့် ဒေသခံတွေ ပိုပြီး အခက်ကြုံလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုမျိုး လည်းရှိပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
Saturday, February 2, 2019
လူ့အခွင့်အရေးအစီရင်ခံစာနဲ့ ရင်းနှီးမြှုပ်နှံမှု အ လား အလာ
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို ဖိနှိပ်တဲ့ဥပဒေတွေ ပြင်ဆင်ဖို့လိုတယ်လို့ HRW လူ့အခွင့်အရေး စောင့် ကြည့် အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပြီး လူ့အခွင့်အရေး ချိုးဖောက် မှုနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံတကာဖွံ့ဖြိုးရေး အကူအညီတွေဟာ ဆက်စပ်နေတယ်လို့ HRW ကပြောဆိုတဲ့အပေါ် မြန်မာ့ အရေး လေ့လာသုံးသပ်သူတွေကြား ကွဲပြားတဲ့အမြင်တွေ ရှိနေကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
Thursday, January 31, 2019
ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ဖို့ Sheik Hasina လိုလား
ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို ဌာနေပြန်ပို့ရေးကို မြန်မာအစိုးရက အရှိန်မြှင့် လုပ်ဆောင်လာစေဖို့ နိုင်ငံတကာက ဝိုင်းဝန် ဖိအားပေးကြဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရဲ့ နေအိမ်မှာ ဗီယက်နမ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Nguyen Quoc Dzung နဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားလိုက်တာပါ။
ခြေဥပြင်ဆင်မှုအဆိုကိစ္စ DR.အင်ဒရူးနဲ့ မေးမြန်း ချက်
၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ NLD ပါတီဘက်ကနေ ပြည်ထောင်စု လွှတ်တော်တွင်း ပထမဆုံးအကြိမ်အဖြစ် စတင်လုပ်ဆောင်လိုက်ပြီဖြစ်ပါတယ်။ အဲဒီနေ့က လွှတ်တော်တွင်း ဖြစ်ပျက်သွားတဲ့ အခြေအနေအပေါ် သုံးသပ်ချက်၊ ရှေ့ဆက်ဖြစ်လာနိုင်တဲ့အလားအလာ၊ ဘယ်ဥပဒေ ဘယ် ပုဒ်မတွေကို လက်တွေ့ပြုပြင်သင့် ပြုပြင်နိုင်ခြေရှိသလဲ စတာတွေနဲ့ပတ်သက်ပြီး အခြေခံ ဥပဒေရေး ရာ ကျွမ်းကျင်သူ ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန်ကို ရန်ကုန်မြို့ မှာ ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်း ထားပါတယ်။
Wednesday, January 30, 2019
ဖွဲ့စည်းပုံပြင်ရေး NLD ကြိုးပမ်းမှု တိုင်းရင်းသား ပါတီတွေ အမြင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ပါတီက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင် စု လွှတ်တော်မှာ စတင်ဆောင်ရွက်လာတဲ့အပေါ် တိုင်းရင်းသား ပါတီတချို့ ရဲ့ အမြင်သဘောထားတွေ၊ ဖြစ် ပေါ်လာနိုင်တဲ့ အလားအလာတွေ ဘယ်လိုရှိနေပါသလဲ။ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က အခုလို စုစည်းတင်ပြထားပါတယ်။
Saturday, January 26, 2019
ရခိုင်စစ်ပွဲများ ဒေသခံတွေအပေါ် ရိုက်ခတ်မှု
ဝါးတောင် စစ်ရှောင်ဒုက္ခသည်စခန်းမြင်ကွင်း။ (ဗွီအိုအေ)
မြန်မာနိုင်ငံ၊ ရခိုင်မြောက်ပိုင်းမှာ စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား ဒီလအစောပိုင်းက တည်း က ပြန်ပြီးစလာတဲ့ စစ်ပွဲတွေကြောင့် အထိခိုက်ဆုံးက ဒေသခံတွေဖြစ်ပါတယ်။ တိုက်ပွဲက ကျည် တွေကြောင့် ဒေသခံတွေ နေ့ညမဆိုင်း ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပြီး သူတို့နေအိမ်ကို ဘယ်တော့ ပြန်နိုင်မလဲ ဆိုတာလည်း မသိနိုင်သေးပါဘူး။ ရွာသားတွေ ကိုယ်တွေ့ပြောပြထားတာတွေကို မအေးသန္တာ ကျော် တင်ပြထားပါတယ်။
Wednesday, January 23, 2019
ဒေသမတည်ငြိမ်မှုကြောင့် ရခိုင်ကျေးရွာ အုပ် ချုပ်ရေး မှူးတွေ လုံခြုံရေး စိုးရိမ်
ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား စစ်ရေးပဋိပက္ခအ
ရှိန်မြင့်နေတဲ့ အခြေအနေကြောင့် တာဝန်က နုတ်ထွက်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအရေအတွက် ပိုတိုးလာနေပါတယ်။ အဓိကအားဖြင့် လုံခြုံရေးပိုင်း စိုးရိမ်မှုတွေ ကြောင့်ဖြစ်ပါတယ်။ ဒီအတော
အတွင်းမှာပဲ အရပ်သားတဦး လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သံသယဝင် ထင်မြင်ချက်တွေလည်း ရှိနေပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။
Wednesday, October 24, 2018
ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးဆွေး နွေးပွဲတိုက်ရိုက်ထုတ်လွှင့်ချက် ( 24.10.2018 )
----------------------------------------------------------------------------------------------------------------------
ဒေသစံတော်ချိန် နေ့လည် ၃ နာရီမှာ ဆွေးနွေးပွဲ စတင်နေပါပြီ။
မြန်မာ့အရေး ဆွေးနွေးပွဲကို လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ ဘိုလီဗီးယား သံအမတ်ကြီး Sacha Sergio Llorenti Soliz က ကမကထပြု ဆောင်ရွက်နေပါတယ်။
တရုတ်နဲ့ ရုရှား နိုင်ငံကိုယ်စားလှယ်တွေက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ ကြားနာပွဲ လုံခြုံရေးကောင်စီမှာ မလုပ်သင့်ကြောင်း အရင်ဆုံးကန့်ကွက် ပြောကြားခဲ့ပါတယ်။ ဒါအပြင် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ အစီရင်ခံစာရဲ့ နိဂုံးမှာ ဖေါ်ပြထားတဲ့အချက်တွေကို ရုရှားအနေနဲ့ လက်မခံကြောင်း ရုရှား ကိုယ်စားလှယ်က ပြောသွားပါတယ်။
အဲဒီနောက် ဗြိတိန်သံအမတ်ကြီး Karen Pierce ကနေ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာကို လုံခြုံရေးကောင်စီမှာ ကြားနာသင့်ကြောင်း ပြောသွားပါတယ်။
ဒီကြားနာပွဲကို ကြားဖြတ် အစီအစဉ် တခုအနေနဲ့ ထည့်သွင်းဆွေးနွေးသင့်မသင့် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေ ၃ မဲနဲ့ ဆက်လက် ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် မြန်မာ သံအမတ်ကြီး ဟောက်ဒိုဆွမ်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သံအမတ်ကြီး Masud Bin Momen တို့ ဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ဥက္ကဌ Marzuki Darusman လုံခြုံရေးကောင်စီ အစီအစဉ်အတိုင်း စတင် တင်ပြနေပါတယ်။
Friday, June 22, 2018
( ၂၂-၀၆-၂၀၁၈ ) ICC တောင်းဆိုချက် မြန်မာအစိုးရပယ်ချ
VOA
ICC ရှေ့နေချုပ် Fatou Bensouda သတင်းစာ ရှင်းလင်းပွဲတခု ကျင်းပနေစဉ်
ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခ သည်တွေ သိန်းနဲ့ချီ ထွက်ပြေး ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကြားနာ စစ်ဆေး ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ပြစ်မှု ဆိုင်ရာခုံရုံး (ICC) ကို တင်ပြချက်ကို မြန်မာအစိုးရက ရှေ့လနှောင်းပိုင်း နောက်ဆုံးထား အကြောင်းပြန်ဖို့ ပြောကြား လိုက်ပေမဲ့ မြန်မာအစိုးရကတော့ လက်ခံမှာမဟုတ်ကြောင်း ပြောဆိုလိုက်ပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ကတော့ ICC ရဲ့ စုံစမ်းမှုတွေကို ရှောင်ရှားဖို့ဆိုရင် မြန်မာနိုင်ငံအနေနဲ့ စွပ်စွဲချက်တွေကို ခိုင်မာတဲ့ အထောက်အထားတွေနဲ့ ဖြေရှင်းဖို့ လိုတယ်လို့ ထောက်ပြ နေကြတာပါ။ အပြည့်အစုံ ကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေး မှာ ဖြစ် ပါတယ်။
Subscribe to:
Posts (Atom)