၁၁ ဇွန် ၂၀၂၅
အမေရိကန်ရဲ့ ကုလသမဂ္ဂလူမှုစီးပွားဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ ဂျောနသန် ရှရှ်ရာ
ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးဆွေးနွေးမှုတွေမှာ ရခိုင်တပြည်နယ်လုံးနီးပါးကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (အေအေ) နဲ့ပါ ထိတွေ့ဆက်ဆံဖို့လိုအပ်တယ်လို့ ဇွန် ၁၀ ရက်ကပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။
အဲဒီလိုပြန်လည်ဆွေးနွေးမှုထဲမှာ အမေရိကန်ရဲ့ ကုလသမဂ္ဂလူမှုစီးပွားဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ ဂျောနသန် ရှရှ်ရာက ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် အေအေနဲ့ပါ ဆွေးနွေးဖို့လိုကြောင်း ထောက်ပြခဲ့တာဖြစ်ပါတယ်။
ဒါအပြင် အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ လူ့အသက်တွေ တန်ဖိုးထားဖို့အတွက် စစ်တပ်ရော အေအေအနေနဲ့ပါ အလေးပေးဆောင်ရွက်ဖို့လည်း အမေရိကန်က ပြောခဲ့တာပါ။
တရုတ်ကိုယ်စားလှယ် ဆန်လိုင်ကတော့ ရိုဟင်ဂျာတွေနေရပ်ပြန်ရေးမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ က အဓိကဆွေးနွေးဖို့လိုတာဖြစ်ပြီး တရုတ်အနေနဲ့လည်း သံတမန်ရေးအရ နှစ်ဖက်စလုံးကို ကူညီဆောင် ရွက်ပေးနေတယ်လို့ ဝင်ရောက်ဆွေးနွေးတာတွေ့ရပါတယ်။
Link : Here
No comments:
Post a Comment