" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဝန်ကြီးချုပ်. Show all posts
Showing posts with label ဝန်ကြီးချုပ်. Show all posts

Tuesday, March 5, 2024

ထွက်ပြေးလာသော မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ပို့ရေး မြန်မာပြည်တွင်ရေးပဋိပက္ခကြောင့် ပိုမိုခက်ခဲသွားပြီဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာပြောကြား

Narinjara
ရက်စွဲ: ၀၅ မတ် ၂၀၂၄

မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် မွတ်ဆလင်ဒုက္ခသည် ( ရိုဟင်ဂျာ) များအား နေရပ်ပြန်ပို့ပေးရေးမှာ မြန်မာပြည်တွင်ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများကြောင့် ပိုမိုခက်ခဲသွားပြီဖြစ်ကာ ဘင်္ဂလားဒေ့ရှ် အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေသည်ဟု ဝန်ကြီးချုပ်ရှိတ်ဟာဆီနာက မတ်လ ၄ ရက်တွင်ထုတ်ဖော်ပြောကြားလိုက်သည်။

ရိုဟင်ဂျာတွေက ဝန်ထုပ်ဝန်ပိုးဖြစ်လာကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြော

RFA
RFA Burmese
2024.03.04 

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်။
INDRANIL MUKHERJEE / AFP
ရိုဟင်ဂျာတွေဟာ သူတို့နေတဲ့တိုင်းပြည်ကို ပြန်ကိုပြန်ရမယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ထပ်‌ ပြီးပြောဆိုလိုက်ပါတယ်။ အဲဒီအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရပ်တည်ချက်ဟာ ဒီနိုင်ငံကိုခြေကုတ်ယူပြီး ပုန်ကုန် တော်လှန်မယ့် ဘယ်လှုပ်ရှားကိုမှ ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ် ဟာဆီနာက ထည့်သွင်းပြောဆိုပါတယ်။

Monday, October 30, 2023

ဂါဇာစစ်ပွဲ အဆင့်သစ်တရပ်ရောက်ပြီး ကြာရှည်ခက်ခဲမယ် လို့ အစ္စရေးဝန်ကြီးချုပ်သတိပေး

VOA
ဗွီအိုအေ (မြန်မာဌာန)
၃၀ အောက်တိုဘာ၊ ၂၀၂၃ 

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

ဂါဇာစစ်ပွဲဟာ ဒုတိယအဆင့်ကို ဝင်ရောက်သွားပြီဖြစ်ပြီး စစ်က ကြာရှည်ခက်ခဲလိမ့်မယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်န်ဂျမင် နာတန်ရာဟုက စနေနေ့ညက တနိုင်ငံလုံးကို မိန့်ခွန်းပြောကြားလိုက်ပါတယ်။ ကြည်း၊ ရေ၊ လေ တိုက်ပွဲအားလုံးကို အစ္စရေးက တိုးချဲ့လိုက်ပြီး ကျယ်ပြန့်တဲ့ မြေပြင်ထိုးစစ်မလာမီမှာ တိုက်ခိုက်မှုတွေ ပြင်းထန် လိမ့်မယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။ 

Sunday, September 24, 2023

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး ကူညီဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တောင်းဆို

RFA
RFA Burmese
2023.09.23

နယူးယောက်မြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က ကျင်းပသည့် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ။ UN 

ဘင်္ဂလားဒေ့ရှ်မှာ ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင် ကူညီပြီး ဒေသ တွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ဖော်ဆောင်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ကုလ သမဂ္ဂ အထွေထွေညီလာခံမှာ စက်တင်ဘာ ၂၂ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ သူတို့တိုင်းပြည်ကို ပြန်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ ဆန္ဒရှိကြ တဲ့အတွက် သူတို့ နေရပ်ပြန်နိုင်အောင် လုပ်ဆောင်ပေးဖို့ ဝန်ကြီးချုပ်က ပြောခဲ့တာပါ။

Sunday, August 21, 2022

ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာနိုင်ငံဆီ ပြန်ရမည်ဟု ကုလ သမဂ္ဂကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ပြော

မဇ္ဇျိမသတင်းဌာန
ဩဂုတ် ၁၈

ဘင်္ဂလားဒေ့ရှ်ရှိ လူပြည့်သိပ်သော စခန်းများ၌ နေထိုင်နေကြသည် ရိုဟင်ဂျာဒုက္ခသည်များအနေဖြင့် အကြမ်း ဖက် ဖိစီးနှိပ်စက်မှုများမှ ထွက်ပြေးလာရာ မြန်မာနိုင်ငံဆီ ပြန်ကြရလိမ့်မည်ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီး ချုပ် ရှိတ် ဟာစီနာက ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲအား ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲလ် ဘက်ချလက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာသို့ တနင်္ဂနွေနေ့က ရောက်ရှိပြီး မြန်မာနယ်စပ်နားက ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းသို့ သွား ရောက်ခဲ့သည်။

Sunday, September 27, 2020

ဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တင်ပြချက် ရိုဟင်ဂျာတွေ ကြိုဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
27 စက်တင်ဘာ၊ 2020
မဆုမွန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ကုတုပလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်များ။ (သြဂုတ် ၂၅၊ ၂၀၁၉)

လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ရိုဟင်ဂျာဒုက္ခသည် တွေအရေး ဝိုင်းဝန်းအဖြေရှာပေးဖို့ မေတ္တာရပ်ခံလိုက်တဲ့အပေါ် ဒုက္ခသည်တွေက ကြိုဆိုပြီး သူတို့နေရပ်ရင်းကို ဘေးကင်းလုံခြုံစွာ အမြန်ဆုံးပြန်နိုင်ရေး မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */