ISP China Desk
Khin Khin Kyaw Kyee
November 29, 2020
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ တခဲနက် အနိုင် ရခဲ့ တာကြောင့် နောက်ထပ်ငါးနှစ်စာ အစိုးရသက်တမ်းကို ထပ်မံ တာဝန်ယူမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ နိုင်ငံ ခြား ဆက်ဆံရေးကို ဆက်လက်ဦးဆောင် မောင်းနှင်ရမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲ NLD ပါတီ အနိုင် ရခဲ့တုန်းက မြန်မာ့ နိုင်ငံခြားဆက်ဆံရေးအခင်းအကျင်း ပိုမိုအားကောင်းနိုင်တယ် ဆိုတဲ့ ခန့်မှန်း မျှော် လင့်ခဲ့ချက် တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အစိုးရအဖြစ် တာဝန်ယူပြီး မကြာခင်မှာပဲ ရိုဟင်ဂျာအရေး ဖြစ်ပွား ခဲ့ တာကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေးဟာ ပြီးခဲ့တဲ့ ငါးနှစ်တာကာလုံး ရုန်းကန်နေခဲ့ရပါတယ်။ ဒါ့အ ပြင် အတိုက်အ ခံ ပါတီဘဝတုန်းက ဆက်ဆံရေးကောင်းမွန်ခဲ့တဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးဟာလည်း လူ့အခွင့် အရေး ဝေဖန်မှုတွေကြောင့် ပြန်လည်အေးစက်လာခဲ့ပြီး တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေကို ပိုမို အား ကိုးခဲ့တာ တွေ့ရ ပါတယ်။