" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကုလအထူးကိုယ်စားလှယ်. Show all posts
Showing posts with label ကုလအထူးကိုယ်စားလှယ်. Show all posts

Thursday, November 23, 2023

ရိုဟင်ဂျာတွေကို ပင်လယ်ထဲ ပြန်တွန်းမပို့ဖို့ ကုလအထူး ကိုယ်စားလှယ် တိုက်တွန်း

RFA
2023.11.23 

၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ရှိ Sabang ကျွန်းသို့ ကမ်းကပ်ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များ။ AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သင်္ဘောပေါ်ပြန်တင်တာ ဒါမှမ ဟုတ် လှေတွေကိုပင်လယ်ထဲ ပြန်တွန်းပို့တာမျိုး မလုပ်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက ကြေ ညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

Tuesday, December 20, 2022

ရိုဟင်ဂျာများကို နိုင်ငံတကာက ဝိုင်းဝန်းကူညီပေးရေးမြန်မာ နိုင်ငံဆိုင်ရာ ကုလအထူးသံတမန် တိုက်တွန်း

မဇ္စျိမ
20 December 2022


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်း ဟေဇာက အစ္စလမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ လူ့အခွင့်အရေးဆိုင်ရာ လွတ်လပ်သော အမြဲတမ်းကော်မရှင်နှင့် ဒီဇင်ဘာ ၁၉ ရက်က တွေ့ဆုံသည့် အစည်းအဝေးအတွင်း ရိုဟင်ဂျာများကို နိုင်ငံတကာက ချက်ချင်းလက်ငင်း အခိုင်အမာ ထောက်ကူပံ့ပိုးပေးရေးကို တောင်းဆိုခဲ့သည်။

Monday, August 22, 2022

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အထူးကိုယ် စားလှယ် နိုလင်းဟေဇာတို့ ဆွေးနွေးချက် အပြည့်အစုံကို နစက သတင်းထုတ်ပြန်

Published: 19 August 2022

နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ် စားလှယ် နိုလင်းဟေဇာတို့ရဲ့ ဆွေးနွေးချက် အပြည့်အစုံကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ဩဂုတ် ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အထူးကိုယ်စားလှယ်ရုံးရဲ့ထုတ်ပြန်ချက်ဟာ တစ်ဖက်သတ်ဖြစ်ပြီး အထင်အမြင်လွဲမှားမှုတွေဖြစ်စေခဲ့တဲ့အတွက် ယခုလို အပြည့်အဝထုတ်ပြန်ပေးရတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်အပြည့်အစုံကို အောက်မှာ ပြန်လည်ဖော်ပြပေးအပ်ပါတယ်။

Thursday, February 25, 2021

လူ့အခွင့်အရေးကောင်စီအဆင်မြင့်ကိုယ်စားလှယ်ဆွေးနွေးပွဲက မြန်မာ့အရေး

VOA
သားညွန့်ဦး
24 ဖေဖော်ဝါရီ၊ 2021
ရန်ကုန်မြို့ ဆန္ဒပြပွဲ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁)

အမေရိကန်ပြည်ထောင်စုအနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ ပြန်လည်ထိစပ်ဆက်ဆံခဲ့ပြီးနောက် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအခြေအနေ ဆုတ်ယုတ်လာတဲ့အခြေအနေကို ပထမဆုံးကိုင်တွယ်ခဲ့တယ်လို့ အေ မရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ပြောပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အ ဆင့်မြင့်တာဝန်ရှိသူတွေဆွေးနွေးပွဲလုပ်နေရာမှာ ဒီနေ့မှာလည်း သက်ဆိုင်ရာနိုင်ငံအဆင့်မြင့်တာဝန်ရှိ သူတွေ က မြန်မာ့အရေးက ထည့်သွင်းဆွေးနွေးခဲ့တာပါ။ ကိုသားညွန့်ဦး ပြောပြပါလိမ့်မယ်။

Friday, February 12, 2021

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေပေါ် နည်းလမ်းစုံ သုံးအရေးယူဖို့ အထူးကိုယ်စားလှယ်တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
12 ဖေဖော်ဝါရီ၊ 2021
မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအပေါ် နည်းလမ်းမျိုးစုံသုံးပြီး အရေးယူဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေ အေ နဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Tom Andrews က တောင်းဆိုလိုက်ပါတယ်။

Friday, December 11, 2020

ရိုဟင်ဂျာတွေ Bhasan Char ကျွန်းပြောင်းတဲ့ကိစ္စ ဆန်းစစ် ဖို့ ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
11 ဒီဇင်ဘာ၊ 2020
Bhasan Char ကျွန်းမှာ ရောက်ရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (ဒီဇင်ဘာ ၃၊ ၂၀၂၀)


 ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘာဆန်ချာကျွန်းကို ပို့တဲ့အပေါ် သီးခြား လွတ်လပ်တဲ့ ဆန်းစစ်မှုတွေလုပ်ပြီး ဒီလူတွေအနေနဲ့ သူတို့ရဲ့ ဆန္ဒအလျောက်သွားတယ်ဆိုတာကို အတည်ပြု ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်း လိုက် ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်၁,၆၄၂ယောက် ကို ဘာဆန်ချာကျွန်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက ရွှေ့ပြောင်းပေးခဲ့တာဖြစ်ပါတယ်။ ဒီလူတွေကို အဲဒီ ကျွန်းမှာဘေး ကင်းလုံခြုံစွာ ထားနိုင်ဖို့အတွက် သင့်တော်ရဲ့လားဆိုတာကို အတည်ပြုဖို ကုလသမဂ္ဂရဲ့ သီးခြား လွတ်လပ်တဲ့ အကဲဖြတ်ချက်မပါဘဲ ရွှေ့ပြောင်းလိုက်တဲ့အပေါ်မှာ စိုးရိမ်တယ်လို့ Tom Andrews ကပြော ပါ တယ်။

Friday, May 8, 2020

မြန်မာ့လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလအထူး ကိုယ်စားလှယ်သစ် တာဝန်စတင်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
08 မေ၊ 2020 

ျြမြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အမေရိကန် လွှတ်တော် အမတ်ဟောင်း Thomas H. Andrews (ဓာတ်ပုံ - UNHCR's Screen Shot)

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် အမေရိကန်လွှတ်တော် အမတ်ဟောင်း Thomas H. Andrews ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တာဝန်ပေးထားပါတယ်။

Wednesday, February 26, 2020

မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စား လှယ်သစ် အမည်စာရင်းတင်သွင်း

VOA
ဗွီအိုအေ (မြန်မာဌာန)
26 ဖေဖော်ဝါရီ၊ 2020
အင်ကြင်းနိုင်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ အမည်သွင်းခံရတဲ့ အမေရိကန် အောက်လွှတ်တော်အမတ်ဟောင်း Tom Andrews (Photo- cspan)
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ၄၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံဆိုင် ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ အမေရိကန် အောက်လွှတ်တော် အမတ်ဟောင်း Tom Andrews ကို လူ့အခွင့်အရေးကောင်စီဥက္ကဌက အင်္ဂါနေ့မှာ အမည်တင်သွင်းလိုက် ပါတယ်။

Wednesday, February 19, 2020

ရခိုင်ပဋိပက္ခအပေါ် စိုးရိမ်ကြောင်း ကုလအထူးကိုယ်စား လှယ်ပြော

VOA
ဗွီအိုအေ (မြန်မာဌာန)
19 ဖေဖော်ဝါရီ၊ 2020
ရခိုင်ပဋိပက္ခကြောင့် ထွက်ပြေးနေရတဲ့ အရပ်သားတွေ (ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၁၉)

ရခိုင်ပြည်နယ်မှာ အင်တာနက် ဆက်သွယ်မှုတွေ ထပ်မံဖြတ်တောက်လိုက်ပြီးနောက် လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးနေတဲ့အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စား လှယ်တွေက ပြောဆိုလိုက်ပါတယ်။

Tuesday, January 14, 2020

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် စုံစမ်းရေးခရီးထွက်မည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
14 ဇန်နဝါရီ၊ 2020 
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ တာဝန်သက်တမ်း မကုန်ဆုံးခင်နောက် ဆုံးအကြိမ်အဖြစ် ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတွေကို ဒီသီတင်းပတ်ကစလို့ သီတင်းတပတ်ကြာ သွား ရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဝင်ရောက်ခွင့် ဆက်လက် ငြင်းပယ်ခံထားရတဲ့အတွက် အိမ်နီးချင်း နိုင်ငံတွေကို မနက်ဖြန် ဇန်နဝါရီ ၁၅ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ သွားရောက်ပြီး အချက်အလက် စု ဆောင်းမှုတွေနဲ့ သက် ဆိုင်သူတွေကို တွေ့ဆုံမှာဖြစ်ကြောင်း ကုလသမဂ္ဂက ဒီကနေ့ပဲ သတင်းထုတ်ပြန် ခဲ့တာပါ။

Wednesday, December 18, 2019

ပိတ်ထားသော တံခါးများနောက်ကွယ်မှ ကုလအထူး သံတမန်

Frontier 
MYANMAR 
Wednesday, December 18, 2019

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှရာနာ ဘူဂင်နာသည် သူ တာဝန်ထမ်းဆောင်လာခဲ့သည့် ၁၈ လပြည့်လာချိန်တွင် သူ့လုပ်ဆောင်မှုများမှာ ဝေဖန်မှုနှင့်ရင်ဆိုင်နေရသည်။ သူ၏ “တိုးတိုးတိတ်တိတ် သံတမန်နည်းလမ်း”ကြောင့် သူ့လုပ်ဆောင်ချက်များကို ကမ္ဘာက ဘာမျှမသိရှိရဘဲ အာဏာပိုင်များနှင့် ချိုချို သာသာပြောဆိုနေခြင်းမှတပါး ဘာမျှပြီးမြောက်မှုမရှိခဲ့ဟု သူ့ကိုဝေဖန်ကြသည်။

Thursday, November 21, 2019

လူ့အခွင့်အရေးကိစ္စ နိုင်ငံတကာနဲ့ပူးပေါင်းဖို့ ကုလကိုယ်စား လှယ်တိုက်တွန်း

VOA
 ဗွီအိုအေ (မြန်မာပိုင်း)
21 နိုဝင်ဘာ၊ 2019
၂၀၁၈ ဇူလတုန်းက ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Schraner Burgener ရခိုင်ခရီးစဉ် (MOI)
ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အ သိုင်းအဝန်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Schraner Burgener က တိုက်တွန်းလိုက်ပါတယ်။

Monday, November 18, 2019

မောင်တောဒေသခံတွေနဲ့ ကုလအထူးကိုယ်စားလှယ် တွေ့ဆုံ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
ကျော်လွင်ဦး
2019-11-18
မောင်တောမြို့ကိုရောက်ရှိနေတဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ကို ၂၀၁၉၊ နိုဝင်ဘာ ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: Aung Thurein

မောင်တောမြို့ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ မောင်တောခရိုင်အုပ်ချုပ်ရေး မှူးရုံးမှာ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ပြန်ရောက် လာသူတွေနဲ့ တွေဆုံခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

ကုလ အထူးကိုယ်စားလှယ် မောင်တောမြို့မှာ တွေ့ဆုံပွဲ တွေ ကျင်းပ

လွတ်လပ်တဲ့အာရှအသံ ( RFA )
2019-11-18
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ၂၀၁၈၊ အောက်တိုဘာ ၁၅ ရက်နေ့က မောင်တောမြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်
Photo: RFA

ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရ စ္စတင်းဘာဂနာဟာ မောင်တောမြို့ကို ဒီနေ့ သွားရောက်ပြီး ရခိုင်၊ ဟိန္ဒူ၊ မွတ်စလင် အသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Friday, September 6, 2019

ကုလအထူးကိုယ်စားလှယ် Burgener ရဲ့စွမ်းဆောင်နိုင် မှု အပေါ် သုံးသပ်သူတချို့အမြင်

VOA
ဗွီအိုအေ (မြန်မာဌာန)
06 စက်တင်ဘာ၊ 2019
ကိုဉာဏ်ဝင်းအောင်
လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Burgener (MOI)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ပြဿနာတွေ ပြေလည်စေဖို့ အားရလောက်အောင် စွမ်းဆောင်နိုင်ခြင်း မရှိသေးဘူးလို့ အကဲခတ်တချို့က သုံးသပ်ပါတယ်။ Ms. Christine Schraner Burgener ဟာ သူ့ရဲ့(၇)ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့နဲ့ တွေ့ဆုံပြီး တိုးတက်ဆုတ်ယုတ်မှု အခြေအနေတွေကို ကြားနာ ဆွေးနွေးခဲ့ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

Friday, July 19, 2019

ရခိုင်ပြည်နယ်မှာ IDP တွေအပေါ် ကန့်သတ်မှုတွေအ တွက် ကုလအထူးကိုယ်စားလှယ် စိတ်ပျက်

VOA
19 ဇူလိုင်၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener 

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးသူ ၈၀ ရာခိုင်နှုန်းဟာ နိုင်ငံသားတွေ ဖြစ်ပေမဲ့လည်း အဲဒီလူတွေရဲ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို အလွန်အကျွံကန့်သတ်ထားတဲ့အပေါ်မှာ စိတ် ပျက် မိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က ပြောလိုက်ပါတယ်။

ရိုဟင်ဂျာနှိပ်ကွပ်မူ ကန်အရေးယူပုံ ယန်ဟီးလီ ဝေဖန်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 ဇူလိုင်၊ 2019
ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှု ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်ခေါင်း ဆောင် တွေအပေါ် အမေရိကန်အစိုးရရဲ့ ဒီသီတင်းပတ်အတွင်း ချမှတ်လိုက်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေဟာ လုံလောက်မှု မရှိဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူး Yanghee Lee က ကြာ သပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

Thursday, July 18, 2019

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ပဏာ မ အစီရင်ခံစာ ထုတ်ပြန်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-18
၂ဝ၁၉ ဇူလိုင်လ ၁၈ ရက်နေ့က မလေးရှားနိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ။Photo: AFP
                                             
မြန်မာနိုင်ငံကို ဝင်ခွင့်မရလို့ ထိုင်းနဲ့ မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံအခြေအနေများကို လေ့လာခဲ့သူ မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ရှိချက် ပဏာမ အစီရင်ခံစာတစောင်ကို ထုတ်ပြန်လိုက်ပါတယ်။

Wednesday, July 10, 2019

ကုလအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ်စစ်တွေ ရောက်ရှိ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-10
ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂနာ စစ်တွေမြို့ကို ၂၀၁၉ ဇူလိုင် ၁၀ ရက်နေ့က ရောက်ရှိလာစဉ် Photo: Min Thein Aung/RFA

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂနာဟာ ဒီနေ့ မနက်က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ရခိုင်အမျိုးသားပါတီ ANP ရုံးမှာ ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံနေပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် စစ်တွေမြို့သို့ရောက်ရှိ

မြန်မာ့အလင်း သတင်းစာ
စစ်တွေ ဇူလိုင် ၁၀
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် Mrs. Christine Schraner Burgener ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိကြသည်။
                                                                      
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */