Showing posts with label နေဆန်းလွင်. Show all posts
Showing posts with label နေဆန်းလွင်. Show all posts

Monday, March 24, 2025

ရခိုင်ပြည်နယ်နိုင်ငံရေးဖြစ်စဉ်ထဲက ရခိုင်-မူဆလင်ဆက်ဆံရေး

သံလွင်ခက်
မောင်ချေ
ဩဂုတ်၊ ၂၁၊ ၂၀၂၃။

ရခိုင်ပြည်နယ် စစ်တွေမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် ပွိုင့်ကမ်းခြေသို့မူဆလင်များ သွားရောက်လည်ပတ် နေကြပြီဖြစ်သလို ရခိုင်နှင့်မူဆလင်လူငယ်များကြားချစ်ကြည်ရေး ဘောလုံးပွဲများနှင့် အခြားသော ပျော်ပွဲရွှင်ပွဲများပြန်လည်ပြုလုပ်နေသည်ကိုတွေ့မြင်လာရပြီး ရင်းနှီးချစ်ခင်စွာ အတူစားသောက်နေကြတာတွေလည်းတွေ့မြင် လာရပါသည်။ ရခိုင်ပြည်နယ်တွင် ထိုမြင်ကွင်းမျိုးကွယ်ပျောက်သွားခဲ့သည်ကဆယ်စုနှစ်တစ်ခုကျော်သွားခဲ့ပြီဖြစ် ပြီး ယခုမှ ပြန်လည်မြင်တွေ့ရခြင်းလည်း ဖြစ်သည်။

Sunday, February 16, 2025

ရိုဟင်ဂျာအကျဉ်းသား တစ်ထောင်နီးပါးကို စစ်ကောင်စီပြန်လွှတ်

RFA
RFA Burmese
2025.02.16 

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့အား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။ Photo: RFA 

Updated 4:50 PM, Feb 16, 2025


လွတ်ရက်စေ့တဲ့ ရိုဟင်ဂျာအကျဥ်းသား တစ်ထောင်နီးပါးကို အင်းစိန်အကျဥ်းထောင်ကနေ စစ်ကောင်စီက ဒီနေ့ပြန်လွှတ်ပြီး စစ်တွေကို ပို့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ပြောပါတယ်။

Saturday, November 30, 2024

အာရှတိုက်မှာ ပထမဆုံး ဝရမ်းထုတ်ခံရတဲ့ ရာဇဝတ်ကောင် ဖြစ်သွားနိုင်တယ် (ရုပ်/သံ)

ဧရာဝတီ
နိုဝင်ဘာ ၃၀၊ ၂၀၂၄

နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်လိုက်ပြီဆိုရင် စစ်ခေါင်းဆောင်ဟာ အာရှတိုက်တခုလုံးရဲ့ ပထမဆုံး ဝရမ်းထုတ်ပြီး ကြေညာခံရနိုင်တဲ့ စစ်ရာဇဝတ်ကောင်ဖြစ်သွားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း က ပြောဆိုလိုက်ပါတယ်။

Tuesday, May 21, 2024

ဘူးသီးတောင်တိုက်ပွဲကြောင့် ရိုဟင်ဂျာများ ထွက်ပြေးရ

ဧရာဝတီ
21 May 2024

၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက် ဘူးသီးတောင်တွင် ဆန့်ကျင်ရေး မွတ်ဆလင်များ ဆန္ဒပြခဲ့စဉ် 

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် အာရက္ခတပ်တော် (AA) က ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ဘူးသီးတောင်မြို့ကို သိမ်းပိုက်လိုက်သည်ဟု စနေနေ့က ကြေညာပြီး စစ်ကောင်စီအပေါ် အောင်ပွဲ အများအပြားအနက် နောက်ဆုံးအောင်ပွဲ ဖြစ်လာသည်။

Monday, April 8, 2024

ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ ဖိအားပေး ခြိမ်းခြောက်ခံနေရ (ရုပ်/သံ)

ဧရာဝတီ
စောမေရီ၊ ဧပြီ ၇၊ ၂၀၂၄

ရခိုင်ပြည်နယ် မြောက်ပိုင်း ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေပြီး မိသားစုနဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ကာယကံရှင်တွေနဲ့ စောင့်ကြည့်လေ့လာသူတွေက ဧရာဝတီကို ပြောပါတယ်။

စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေက ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေ ဖြစ်ကြပြီး အများစုက ဒုက္ခသည်စခန်းမှာနေထိုင်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

Saturday, April 6, 2024

ရခိုင်မှာ စစ်ကောင်စီက ရိုဟင်ဂျာတွေကို ရက်တိုစစ်သင်တန်းပေးပြီး ရှေ့တန်းပို့

RFA
RFA Burmese
2024.04.05 

စစ်ယူနီဖောင်းဝတ်ဆင်ထားပြီး သေနတ်ကိုင်ဆောင်ထားသည့် မွတ်စလင်များအား ၂၀၂၄ ခုနှစ် မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ရက္ခိုင့်တပ်တော်(AA)ရဲ့ ထိုးစစ်တွေကြောင့် ဗျူဟာကုန်းတွေ၊ တပ်ရင်း တပ်စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ် ဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို ရက်တိုစစ်သင်တန်းပေးပြီး ရှေ့တန်းစစ်မြေပြင်ကို ပို့နေတယ်လို့ ကိုယ်တိုင်ပြည်သူ့စစ်သင်တန်း တက်ခဲ့ရသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။

Thursday, April 4, 2024

ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာလူငယ်တွေကို စစ်ကောင်စီ စစ်ကောင်စီ

RFA
RFA Burmese
2024.04.03 

ရခိုင်ပြည်နယ် စစ်တွေမြို့ လေဆိပ်အနီးတွင် စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂ဝရက်နေ့က တွေ့ရစဉ်။Photo: AFP

“ဘူးသီးတောင်ဗျူဟာက အမှတ် ၅ ရပ်ကွက်ကို လူအယောက် ၁၀၀ စာရင်းနဲ့လာပြီးတော့ အ ယောက် ၃၀ လောက်ကိုခေါ်သွားတယ်။ ရိုဟင်ဂျာတွေကို ဘူးသီးတောင်ဗျူဟာက လာဖမ်းတယ်။ လာဖမ်းတဲ့အခါ တချို့လူတွေက ခြံတံခါးကို ဖောက်တဲ့အသံကြားလို့ ထွက်ပြေးသွားတယ်။ တချို့လူတွေကိုတော့ ဖမ်းသွားတယ်။ အဖမ်းခံရတဲ့ မိသားစုတွေက တချို့ငိုနေတယ်။ တချို့ကတော့ ဒီလိုပဲ ကံကြမ္မာရှိတာပေါ့ဆိုပြီး စိတ်ဖြေကြတယ်။”

Friday, March 15, 2024

“AA ကစစ်တွေကို သိမ်းဖို့လုပ်နေတော့စစ်ကောင်စီကပြဿနာတခုခုဖန်တီးပြီးလူတွေကိုအာရုံလွဲဖို့ကြိုးစားနေတယ်”

Mizzima TV
Mar 15, 2024  

ရောင်နီ(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ တိုက်ပွဲတွေမှာ တိုက်ခိုက်ခိုင်းဖို့အတွက် ရိုဟင်ဂျာ ၁,၀၀၀ ကျော်ကို စစ်ကောင်စီက စစ်သားစုဆောင်းဖို့ ခေါ်ဆောင်သွားသလို လူမျိုးရေးပြဿနာတွေ ဖန်တီးဖို့ ကြိုးစားနေတယ်လို့ ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ ရိုနေဆန်းလွင်က ပြောပါတယ်။ စစ်မှုထမ်းဥပဒေပြဌာန်းပြီးတဲ့နောက် စစ်တွေ၊ ဘူးသီးတောင်နဲ့ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကနေ ရိုဟင်ဂျာလူငယ်တွေကို စစ်ကောင်စီကခေါ်သွားတာလို့ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လူမျိုးရေးနဲ့ဘာသာရေးအဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်မှုတွေရှိနေပြီး ဒါကို အထူးသတိထားဖို့ ရိုနေဆန်းလွင်က သတိပေးပါတယ်။လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ရိုဟင်ဂျာလွတ်မြောက်ရေးညွှန့်ပေါင်းအဖွဲ့ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်ကို မဇ္စျိမက ဆက်သွယ်မေးမြန်းထားပါတယ်။ ရုပ်သံတည်းဖြတ်/တင်ဆက် - ရောင်နီ

Link : Here

Saturday, January 20, 2024

ပညာရေးထိခိုက်နေတဲ့ ရခိုင်ပြည်နယ်က လူငယ်များ

VOA
ဒို့အသံအစီအစဉ်
၂၀ ဇန်နဝါရီ၊ ၂၀၂၄

ရခိုင်ပြည်နယ်မှာ မွတ်ဆလင်ကျောင်းသားတွေ၊ အထူးသဖြင့် ရိုဟင်ဂျာလို့ ခံယူထားတဲ့လူငယ်တွေ ကျောင်းတက် ခွင့် ခက်ခဲတာအပါအဝင် ကြုံတွေ့ရတဲ့ ခွဲခြားဆက်ဆံခံရမှုတွေကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာတင် ပြထားပါတယ်။

Link : Here

Saturday, December 9, 2023

အခက်အခဲတွေရှိတဲ့ကြားက ရိုဟင်ဂျာဒုက္ခသည်တွေ အ သက် စွန့်ခရီးနှင်နေကြဆဲ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.12.09 

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ရှိ ကမ်းခြေသို့ စက်လှေဖြင့် ရောက်ရှိလာသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။ AFP

ဒီနှစ်နိုဝင်ဘာလမှာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း အာချေးပြည်နယ်ကို ရိုဟင်ဂျာ တစ်ထောင် ကျော် ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း အများဆုံးရောက်လာတဲ့ အရေအတွက် ဖြစ် ပါတယ်။

Friday, May 5, 2023

ရိုဟင်ဂျာများအား နေရပ်ပြန်မပို့မီ စစ်ကောင်စီ၏ အသင့် ဖြစ်မှုနှင့် နိုင်ငံသားအခွင့်အရေးများကို အကဲဖြတ်ရန်ပထမ ဆုံးရိုဟင်ဂျာအဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်

မဇ္ဇျိမ
By AA.com
05 May 2023

အဖွဲ့ဝင် ၂၀ ဦးပါသော ရိုဟင်ဂျာအဖွဲ့သည် ရှေ့ပြေးအစီအစဉ်အဖြစ် နေရပ်စွန့်ခွာသွားခဲ့သူများအတွက် ပြင်ဆင် ထားသည့် ရခိုင်ပြည်နယ်အတွင်းရှိ နေရာအဆောက်အဦများကို ကြည့်ရှုရန် မေလ ၅ ရက်တွင် နတ်မြစ်လမ်း ကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။

၂၀၁၇ ခုနှစ် သြဂုတ်လတွင် ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက်ထွက်ခွာသွားပြီးနောက် မြန်မာနိုင်ငံသို့ ရိုဟင်ဂျာ အဖွဲ့၏ ပထမဆုံးအကြိမ်လာရောက်မှုဖြစ်ပြီး ယခုနှစ် မတ်လတွင် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက်ကမ်းခြေရှိ ဒုက္ခသည်စခန်းများသို့ စစ်ကောင်စီအဖွဲ့ဝင်များ ကြုံတောင့်ကြုံခဲ လာရောက်ပြီးနောက် ယခုခရီးစဉ်ထွက်ပေါ် လာ ခြင်းဖြစ်သည်။

Friday, March 24, 2023

အသက်စွန့်ပြီး နယ်မြေသစ်ရှာတဲ့ ရခိုင်ပြည်နယ်ကရိုဟင်ဂျာ များ

RFA
RFA Burmese
2023.03.24

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသူများအား ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။Photo: RFA


ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာရှိတဲ့ သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းက ရိုဟင်ဂျာ တွေဟာ မျှော်လင့်ချက်မဲ့၊ အနာဂတ်မဲ့စွာနဲ့ အဲဒီဒုက္ခသည်စခန်းမှာပဲ နေထိုင်လာခဲ့တာ ဆယ်စုနှစ်တစ်စုကျော် ကြာပါပြီ။

သူတို့ဟာ အလုပ်အကိုင်အခွင့်အလမ်း မရှိသလို မြို့တွင်းကို လွတ်လပ်စွာ သွားလာခွင့် လည်း မရကြပါဘူး။ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်(WFP) ကနေ ထောက်ပံ့နေတဲ့ လူတစ်ဦး တစ်နေ့ ငွေ ၅၀၀ ကျပ်ကိုပဲ အဓိက အမှီပြုပြီး စားဝတ်နေရေး ဖြေရှင်းနေရတာပါ။

Thursday, February 24, 2022

တန်းတူအခွင့်အရေးရမှသာ နေရပ်ပြန်လာချင်ကြောင်း ရိုဟင်ဂျာတွေပြောဆို

RFA
လွတ်လပ်တဲ့အာရှအသံ
2022.02.24
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို ၂၀၂၁ အောက်တိုဘာ ၆ ရက်နေ့က တွေ့ရစဥ် AFP Photo
 
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့အမှု ကြားနာဖို့ တစ် ရက်အလို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ရခိုင်ပြည်နယ်က နေရပ်စွန့် ခွာ သူတွေ ပြန်လက်ခံရေးကိစ္စကို ပြင်ဆင်နေ ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ အရင်က ခါးခါးသီးသီး ငြင်းဆန်ခဲ့တဲ့ 'ရိုဟင်ဂျာ' ဆိုတဲ့ စကားလုံးနဲ့၊ တောက်လျှောက်သုံး စွဲခဲ့တဲ့ 'ဘင်္ဂါလီ' ဆိုတဲ့ စကားလုံးနှစ်ခုစလုံးကို ရှောင်ရှားပြီး၊ 'ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူများ' လို့ သုံးနှုန်း ထားပါတယ်။ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေ ပြန်လက်ခံရေးကိစ္စ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ ကနဦး အကြံပြုချက်တွေကို အတည်ပြုနိုင်ဖို့နဲ့ ဒီကိစ္စ လက်တွေ့အကောင်အထည်ဖော်ရေးမှာ အကူအညီတွေ လိုအပ် တာကြောင့် အာဆီယံအတွင်းရေးမှူးချုပ်နဲ့ အစည်းအဝေးတွေ ထပ်လုပ်လိုကြောင်းလည်း ဖော်ပြထားပါတယ်။

Thursday, February 27, 2020

အင်တာနက်ဖြတ်တောက်မှုကြောင့် ဘယ်လိုသက်ရောက် မှုဖြစ်ပေါ်နေလဲ

DMG
ခိုင်မြတ်နိုင်
Feb 27, 2020
စစ်တွေ
ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်က မြို့နယ်(၉)မြို့နယ်ကို အစိုးရက အင်တာနက်ဖြတ်တောက်ထားသည်။ အင်တာနက်ဖြတ်တောက်ထားခြင်းမှာ နိုင်ငံတော်ကာကွယ်ရေးအတွက် လုပ်သင့်လုပ်ထိုက်သည်ကို လုပ် aဆာင်ခြင်းဖြစ်ပြီး တိုင်းပြည်အတွက် အကျိုးရှိသည်ဟု အစိုးရက ပြောထားသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */