RFA
လွတ်လပ်တဲ့အာရှအသံ
2022.02.22
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် မြန်မာအရေး ကြားနာစစ်ဆေးစဉ်။
Photo: Ministry of Foreign Affairs Myanmar

မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံနေရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီ ယာ နိုင်ငံက မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုထားတဲ့အမှု ကြားနာစစ်ဆေးမှုကို ဒုတိ ယနေ့အဖြစ် ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲချက်တွေကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ ICJ တရားရုံးမှာ ဒီနေ့တင်ပြမှာပါ။
ဒီအမှုကို အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့တာဖြစ် ပြီး နိုင်ငံ အနေနဲ့ပဲ အခြားတစ်နိုင်ငံကို တရားစွဲဆိုခွင့် ရှိတဲ့အတွက် ICJ တရားရုံးအနေနဲ့ စစ်ဆေးစီရင်ခွင့် မရှိကြောင်း မြန်မာဘက်က ရှေ့နေတွေက ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကြားနာစစ်ဆေးမှုမှာ လျှောက်လဲ ချက် ပေးခဲ့ပါတယ်။