Sunday, August 1, 2021
အာဏာသိမ်းပေမယ့် အာဏာမထိန်းနိုင်သေးပါ
အောင်မျိုးမင်း
31 July 2021
ရွေးကောက်ပွဲအတွင်း မဲသမာမှုများရှိသည်ဆိုသည့်အကြောင်းပြချက်ဖြင့် အာဏာသိမ်းယူခဲ့သော စစ်ကောင်စီ ၏ မတရားအာဏာသိမ်းယူမှုသည် သြဂုတ်လ ၁ ရက်နေ့တွင် ခြောက်လပြည့်ပြီဖြစ်သည်။
မတရား အာဏာလုယူခဲ့သည့်နောက်ပိုင်း နိုင်ငံရးခေါင်းဆောင်များအား ဥပဒေမဲ့ဖမ်းဆီးခြင်းမှအစ ဆန့်ကျင် တော် လှန်သူများကို တရားမဲ့နှိမ်နှင်းသတ်ဖြတ်မှုများအလယ် မြို့ရွာတခုလုံးကို ပစ်ခတ်တိုက်ခိုက်ပြီး ဒေသ ခံပြည်သူများကို နေရပ်မှ အတင်းအကြပ်မောင်းထုတ်ခြင်းများအဆုံး နိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန် နေလျက်ရှိသည်။
ထိုသို့ ကျူးလွန်နေသော်လည်း တချိန်တည်းမှာပင် စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေကြသော မျိုးဆက် ပေါင်းစုံ၏ သွေးမအေးကြောင်း ဆန္ဒထုတ်ဖော်ပွဲများ၊ စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမပြုဘဲ လုပ်ဆောင်နေသော လှုပ်ရှားမှုများအပြင် သံတမန်အခင်းအကျင်းများဖြင့် ဖိအားပေးမှုများကိုလည်း ဘက်ပေါင်းစုံက ရင်ဆိုင်နေရ လျက်ရှိ၏။
စစ်အာဏာရှင်တိုင်းသည် လက်နက်ကို ခွန်အားအဖြစ် သတ်မှတ်လေ့ရှိကြသည်။ ထိုသို့သတ်မှတ်သည့်အ တိုင်း မိမိတို့၏အာဏာကို ထိပါးလာသူမှန်သမျှကီု လက်နက်အင်အားနှင့် စစ်အင်အားသုံး၍ ဖြိုခွင်းလေ့ရှိ ကြ သည်။
Wednesday, May 26, 2021
အကြမ်းဖက်နှိမ်နင်းမှုကြောင့် ပြည်တွင်းစစ်ကို ဦးတည်နိုင် (Christine Schraner Burgener)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး အင်အားသုံး အကြမ်းဖက်ဖိနှိပ်မှုတွေရဲ့ အကျိုးဆက်အနေနဲ့ ပြည်တွင်းစစ် ဖြစ်နိုင်မယ့် အခြေအနေကို ဦးတည်နေကြောင်း ကုလအထူးကိုယ်စားလှယ် Chrisrine Schraner Burgener က တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး အင်အားသုံး အကြမ်းဖက်ဖိနှိပ်မှုတွေရဲ့ အကျိုးဆက်အနေနဲ့ ပြည်တွင်း စစ်ဖြစ်နိုင်မယ့် အခြေအနေကို ဦးတည်နေကြောင်း ကုလအထူးကိုယ်စားလှယ် Chrisrine Schraner Burgener က တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။
ဒါအပြင် မြန်မာနိုင်ငံကို လာဖို့ အချိန်မတန်သေးဘူးလို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က သူနဲ့ လူချင်းတွေ့ဆုံရာမှာ ပြောဆိုခဲ့တယ်လို့လည်း Burgener က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗွီဒီယိုကွန်ဖရင့်ကနေ ပြောခဲ့ပါတယ်။
Tuesday, July 7, 2020
ကာချုပ်နဲ့ ဒုကာချုပ်ကို ဗြိတိန်က အရေးယူပိတ်ဆို့/ အမေရိကန်က ထောက်ခံ
2020.07.06
Friday, November 15, 2019
အာဂျင်တီးနားတွင် ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံရ
15 November 2019
ယခုအခါတွင်မူ သူသည် ဗိုလ်ချုပ်ကြီးများနှင့် စေ့စပ်ရင်ကြားစေ့ရေး မျှော်ကိုးပြီး တပ်မတော်က ကျူး လွန်ခဲ့ ပုံရသော စစ်ရာဇဝတ်မှုများကို မသိကျိုးကျွန် မျက်နှာလွှဲခဲ့သည်ဟု ဆိုကာ ယခင်က ထောက်ခံခဲ့သော လူ့ အခွင့်အရေးအဖွဲ့များက တရားစွဲလာကြသည်။
ဒေါ်အောင်ဆန်းစုကြည် အမှုဖွင့်ခံရမှု ဘယ်လောက် သက် ရောက်နိုင်လဲ
14 နိုဝင်္ဘာ 2019
Universal Jurisdiction လို့ ခေါ်တဲ့ ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့်ကို သုံးပြီး မြန်မာ အရပ်ဘက်၊ စစ် ဘက် ခေါင်းဆောင်တွေ အပေါ် စုံစမ်း စစ်ဆေးပေးဖို့ ရိုဟင်ဂျာ အရေး လှုပ်ရှားသူတွေ အာဂျင်တီးနားမှာ တိုင်ချက်ဖွင့် လျှောက်ထားလိုက်တာ ဖြစ်ပါတယ်။
Friday, February 15, 2019
အစီအစဉ်ရှိရှိ စနစ်တကျသတ်ဖြတ်မှု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငြင်းဆို
လွတ်လပ်တဲ့အာရှအသံ
2019-02-15
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက အစီအစဉ်ရှိရှိ စနစ်တကျ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မှားယွင်းပြီး၊ အခိုင်အမာသက်သေ မရှိတဲ့ ပြောဆိုချက်တွေဟာ မိမိတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို စော်ကားမှုပဲ ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဂျပန် အခြေစိုက် အဆာဟိရှင်ဘွန်း သတင်းဌာနနဲ့ သီးသန့် တွေ့ဆုံမေးမြန်း ခန်းမှာ အခုလို ထည့်သွင်းပြောခဲ့တာပါ။