" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဝေဒသ. Show all posts
Showing posts with label ဝေဒသ. Show all posts

Thursday, December 10, 2020

တပ်မတော်နှင့် AA ပန်ဆန်းတွင် ဆွေးနွေး

ဧရာဝတီ

နန်းလွင်နှင်းပွင့်
10 December 2020

၂၀၁၆ ခုနှစ်က မိုင်ဂျာယန် တွင်ပြုလုပ်ခဲ့သော ညီလာခံသို့ တက်ရောက်ခဲ့သော AA အဖွဲ့များ / ဧရာဝတီ

တပ်မတော် နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ နှစ်ဖက် ကိုယ်စားလှယ်များသည် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့တွင် ဒီဇင်ဘာ ၉ ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြကြာင်း သတင်းရရှိသည်။

မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-12-10

နှစ်နှစ်နီးပါးကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ကြတဲ့ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်တော်တို့ရဲ့ နှစ်ဖက် ကိုယ် စားလှယ်တွေဟာ ဒီဇင်ဘာလ ၉ ရက်နေ့က UWSA ထိန်းချုပ်တဲ့ ပန်ဆန်းမြို့မှာ တစ်နာရီနီးပါးကြာ တွေ့ ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ RFA ကို အခုလို အတည်ပြုပြောဆိုပါတယ်။

“မနေ့က ပန်ဆန်းမှာ မြန်မာစစ်တပ်ရဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ ကျနော်တို့ ရက္ခိုင့်တပ်တော်ကိုယ်စားလှယ် အ ဖွဲ့ တွေ တစ်နာရီနီးပါးကြာ ဆွေးနွေးခဲ့တယ်။ အဓိကဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ ငြိမ်းချမ်း ရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာတွေ ဆောင်ရွက်နိုင်ဖို့နဲ့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေးကိစ္စကို သေချာအောင် လုပ်ဆောင် နိုင်ဖို့ အဓိကထား ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်။ နောက်ထပ်ဆွေးနွေးပွဲတွေလဲ မကြာခင်မှာ ဆက်ပြီးဆောင် ရွက်သွားနိုင်ခြေရှိတယ်”လို့လည်း သူက ဆိုပါတယ်။

တပ်မတော်နဲ့ အေအေ အဖွဲ့တို့ ဝ ဒေသမှာ တွေ့

B B C

ဘီဘီစီ မြန်မာပိုင်း
12 Dec 2020

 ၂၀၁၉ ကျိုင်းတုံဆွေးနွေးပွဲ တက်ရောက်လာတဲ့ အေအေအဖွဲ့


၂ နှစ် ကျော်ကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ဟာ နှစ်ဖက်လူ ချင်း တွေ့ဆုံဆွေးနွေးမှုတွေ ဝဒေသမှာ စတင် ပြုလုပ်ခဲ့ပါတယ်။

မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ဟာ မနေ့က ဒီဇင်ဘာ ၉ ရက်နေ့က UWSA ၀ ထိန်းချုပ်တဲ့ နယ်မြေမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီ တွေ့ဆုံခဲ့မှုနဲ့ ပတ်သက်ပြီး ၀ တပ်ဖွဲ့ ပြင်ပဆက်ဆံရေး အကြီးအကဲ တစ်ဦးဖြစ်တဲ့ ဦးကျောက်ကော်အမ်း က ဘီဘီစီကို မှန်ကန်ကြောင်း အတည်ပြုပါတယ်။

Sunday, December 1, 2019

ICJ အရေး အစိုးရဖြေရှင်းမှု “ဝ” နှင့် မိုင်းလား ထောက်ခံ

ဧရာဝတီ
ထွန်းထွန်း
01 ဒီဇင်္ဘာ2019
၂၀၁၉ နိုဝင်ဘာ ၂၃ရက်က နေပြည်တော်သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် ICJ အရေး တုံ့ပြန်ရန် မြန်မာ အစိုးရ အဖွဲ့ဝင်များ တွေ့ဆုံစဉ် / Myanmar State Counsellor Office

နိုင်ငံတကာတရားရုံး(ICJ) တွင် လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တရားစွဲခံရမှုအား မြန်မာအစိုးရ၏ ဖြေ ရှင်းရန်ဆောင်ရွက်မှုအပေါ်ကြိုဆိုထောက်ခံကြောင်း“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နှင့် အမျိုးသားဒီမိုကရေစီမဟာမိတ်(NDAA/မိုင်းလား)တို့က ကြိုဆိုထောက်ခံကြောင်း ဧရာဝတီသို့ပြောသည်။

ICJ အရေးရပ်တည်ချက်မတူတဲ့ မြောက်ပိုင်းအဖွဲ့တွေကြား ဆက်ဆံရေး

B B C
ဘီဘီစီ မြန်မာပိုင်း
01 ဒီဇင်္ဘာ2019
ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ သွားရောက်တရားရင်ဆိုင်မယ့် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း မိုင်းလားအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီကြေညာချက်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲထား တဲ့ သတင်းကို မီဒီယာကနေတစ်ဆင့် သိရပြီး ဒါဟာ မိမိတို့ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) နဲ့လည်း တစ် စုံတစ်ရာပတ်သက်နေတဲ့ကိစ္စတစ်ရပ်လို့ ဖော်ပြထားပါတယ်။

Tuesday, April 16, 2019

ဝငြိမ်းချမ်းရေးနှစ်ပတ်လည်ကိုလာတက်တဲ့ AA ဗိုလ်ချုပ် ဘာပြောသလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ ဧပြီ ၁၆ ရက်



  ဝ လူမျိုးတွေလို အခွင့်အရေးပေးရင် ပြည်ထောင်စုကိုချစ်ခင်မှာပဲ၊ ရခိုင်လူမျိုးတွေ လွတ်မြောက်ရင် ဆိုရှယ်ဒီမိုကရေစီနဲ့ အုပ်ချုပ်မယ်၊ Welfare State ရခိုင်မှာ တည်ထောင်မယ် ဆိုတဲ့ AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်
------------
လင့်၊ဝ ငြိမ်းချမ်းရေးနှစ်ပတ်လည်ကိုလာတက်တဲ့ AA ဗိုလ်ချုပ် ဘာပြောသလဲ
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */