Showing posts with label mm.R2P. Show all posts
Showing posts with label mm.R2P. Show all posts

Friday, March 5, 2021

မြန်မာလူထုကို R2P အရ ကာကွယ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တောင်းဆို

 



အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ် မတရားဖမ်းဆီးထောင်ချခံနေရတဲ့ မြန်မာပြည်သူတွေ အေ ပါ် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ Responsibility to Protect R2P အရ အကာကွယ်ပေးဖို့ ကုလသ မဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် ဒေါက်တာဆာဆာက လုံခြုံရေးကောင်စီထံ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကနေ့ မတ်လ ၅ ရက်နေ့ မှာ တံခါးပိတ် အစည်းအဝေး ကျင်းပဖို့ ရှိနေချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရပ်စ်ထံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPHက ခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူး ကိုယ်စားလှယ် ဒေါက်တာဆာဆာက မတ်လ ၄ ရက်နေ့စွဲနဲ့ စာရေးသားပေးဖို့ တောင်းဆိုလိုက်တာပါ။