" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခုိင္အမ်ိဳးသားပါတီ. Show all posts
Showing posts with label ရခုိင္အမ်ိဳးသားပါတီ. Show all posts

Wednesday, February 20, 2019

တပ်မတော် ဆောင်ရွက်ချက်တွေကို ရခိုင်ဒေသခံတွေ ပူးပေါင်းကူညီဖို့ အဆို ပြည်နယ်လွှတ်တော် ပယ်ချ

RFA
လွတ်လပ်တဲ့ အာရှအသံ

ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပစဉ်

ရခိုင်ပြည်နယ်ထဲက ဒေသခံတိုင်းရင်းသား ပြည်သူတွေအနေနဲ့ တပ်မတော်ရဲ့လုပ်ဆောင်ချက်တွေကို ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြဖို့ ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်း အဆိုကို တပ်မတော်က တင်သွင်းခဲ့ပေမယ့် ရခိုင်ပြည်နယ်လွှတ်တော်က ဒီနေ့မှာ ပယ်ချလိုက်ပါတယ်။

Sunday, January 27, 2019

လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကို တပ်မတော်ငြင်းဆို


တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို တွေ့ရစဉ်

အစိုးရတပ်မတော်ဟာ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကာလအတွင်း စစ် ရာဇဝတ်ကျူးလွန်မှုတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိတယ်ဆိုတဲ့ AA ရဲ့ စွပ်စွဲချက်တွေကို တပ်မတော် က ငြင်းဆိုလိုက်ပါတယ်။ ဒီလအတွင်း တပ်မတော်က ရဟတ်ယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ကျေးရွာတွေထဲ ၀င်ရောက်ပြီး ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်တာတွေ၊ ရွှေငွေတွေ ယူဆောင်တာတွေ၊ ရှိခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Wednesday, January 9, 2019

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်တွေ ရင်ဆိုင်နေရ တဲ့ အခက် အခဲတွေကို ဆွေးနွေးမည်


ရခိုင်နဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ရခိုင်အခြေစိုက် နိုင်ငံရေးပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ စိတ်ပါဝင်စားသူတွေပါဝင်တဲ့ အစည်းအဝေး ဖိတ်ကြားလွှာကို တွေ့ရစဉ် Photo: Arakan National Party

ရခိုင်နဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရခိုင် အခြေစိုက် နိုင်ငံရေးပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ စိတ်ပါဝင်စားသူတွေရဲ့ ဆွေးနွေးပွဲကို ရခိုင် အမျိုး သားပါတီက ဦးဆောင်ပြီး စစ်တွေမြို့မှာ ကျင်းပဖို့စီစဉ်နေပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */