Showing posts with label ရသေ့တောင်မြို့. Show all posts
Showing posts with label ရသေ့တောင်မြို့. Show all posts

Monday, May 22, 2023

မိုခါမုန်တိုင်းကြောင့် ရသေ့တောင်ရှိ ရွာတစ်ရွာမှ ရိုဟင်ဂျာ ၁၉ ဦး သေဆုံ

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရသေ့တောင်မြို့နယ်၊ မေယုမြစ်ကမ်းဘေး၊ မိုးစဲကျွန်းပေါ်မှ ညောင်ပင်ကြီးကျေးရွာတွင် ကလေးများအပါအဝင် ရိုဟင်ဂျာ ၁၉ ဦး ရေနစ်သေဆုံးခဲ့ပြီး သောက်သုံးရေနှင့် စားနပ်ရိက္ခာများ ပြတ်လပ်ကာ အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ရွာခံများထံမှ သိရသည်။

သေဆုံးသူများမှာ ၂ နှစ် အရွယ်မှ ၆၅ နှစ် အရွယ်ထိ ရှိပြီး အမျိုးသမီး ၂ ဦး ပါဝင်သည်ဟု ဆိုသည်။

မေ ၁၄ မွန်းတည့် ၁၂ နာရီတွင် မုန်တိုင်း ပြင်းထန်လာပြီး မွန်းလွဲ ၃ နာရီတွင် ပင်လယ်ဒီရေ မြင့်တက်လာသည်၊ ကျေးရွာထဲမှ မထွက်ခွာနိုင်တော့ဘဲ ကျေးရွာအလယ်တွင် ရှိသည့် နှစ်ထပ်အိမ်တစ်လုံးတွင် မုန်တိုင်းဒဏ်မှ ပုန်းခိုနေကြချိန် နေအိမ်ပြိုကျပြီး အများအပြား သေဆုံးရခြင်းဖြစ်သည်။

Friday, March 3, 2023

ICJ တွင် ချေပနိုင်ရေး ရိုဟင်ဂျာများကို စစ်ကောင်စီ စည်းရုံး

Myanmar Now
ပိုးဥ
March 3, 2023 

လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံ ရင်ဆိုင်နေ ရသော အမှုအတွက် သွားရောက်ချေပမည့် စစ်ကောင်စီက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ ရိုဟင်ဂျာတချို့ကိုမကြာ သေးမီက ထိတွေ့စည်းရုံးနေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၄ နှင့် ၂၅ တို့တွင် ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) မှ အရာရှိ များ၊ စစ်ထောက်လှမ်းရေးများက ရိုဟင်ဂျာတချို့ကို ခေါ်ယူတွေ့ဆုံကြသည်ဟု ထိုရိုဟင်ဂျာများနှင့် နီးစပ်သူတစ် ဦးက ပြောသည်။

Monday, August 3, 2020

ရသေ့တောင်တွင် စစ်ကျန်လက်နက်ပေါက်ကွဲ၍ ကလေး နှစ်ဦးသေဆုံး

7DAY NEWS
မောင်ကံ
Monday, August 3, 2020


ရသေ့တောင်မြို့နယ် ကပ်ချောင်းကျေးရွာတွင် စစ်ကျန် လက်နက် ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦးသေ ဆုံးကာ လေးဦး ဒဏ်ရာရရှိသည်။

ဩဂုတ် ၁ ရက်က ကျေးရွာ အနီးချောင်းသို့ ငါးဖမ်းသွားရာ တွင် စစ်ကျန်လက်နက်ကိုတွေ့ ရှိပြီး နေအိမ်သို့ ယူဆောင်ထုခွဲ ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွား ခြင်းဖြစ်ကြောင်း ကပ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦး ထွန်း လှိုင်က ပြောသည်။

ရသေ့တောင်မြို့နယ်အတွင်း နစခ စစ်ကြောင်း တိုက်ခိုက်ခံ ရ

VOA 
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်
04 သြဂုတ်၊ 2020



 ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် တပ် (၂၀၁၇ နိုဝင်ဘာလ) 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ နစခစစ်ကြောင်းတခုတိုက်ခိုက်ခံရလို့ ထိခိုက်မှုများပြားနေတဲ့ အကြောင်း ပြောပြချင်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် တင်ပြထားပါ တယ်။

Wednesday, July 8, 2020

ရသေ့တောင် အဓမ္မပြုကျင့်မှုစွပ်စွဲချက် ပြည်နယ်ရဲတပ် ဖွဲ့စစ်ဆေး

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.07.07


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ညက အသက် ၃၆ နှစ်အ ရွယ် အမျိုးသမီးတစ်ဦးကို တပ်မတော်သား သုံးဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်အမျိုးသမီး RFA ကို ဇူလိုင်လ ၂ ရက်နေ့က ထုတ်ဖော်ပြောဆိုလိုက်တဲ့နောက် မနေ့က ဇူလိုင်လ ၆ ရက်နေ့မှာတော့ ကာယ ကံရှင် အမျိုး သ မီးနဲ့အတူရှိနေခဲ့တဲ့ အမျိုးသမီး သုံးဦးကို ရဲတပ်ဖွဲ့က စစ်တွေမြို့ အရန်ရဲတပ်ဖွဲ့မှူးရုံးမှာ ခေါ် ယူစစ်ဆေး ခဲ့ပါတယ်။

Saturday, July 4, 2020

တပ်သားသုံးဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း ရသေ့တောင် အမျိုးသမီး ပြောကြား၊ တပ်မတော် ငြင်းဆို

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-07-03
 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တောင်ပိုင်း မူစဲကမ်းပေါ်မှာရှိတဲ့ ဦးဂါကျေးရွာက အမျိုးသမီးတစ်ဦးကို ပြီးခဲ့တဲ့ဇွန်လ ၃၀ ရက်နေ့ညက တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်ကပြောဆို ပေမယ့် တပ်မ တော်ကတော့ ဒါဟာ တပ်မတော်အပေါ် ပြည်သူလူထုအထင်အမြင်လွဲမှားစေဖို့ လုပ်ကြံဖန် တီးမှု တရပ်သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

Monday, January 6, 2020

ရခိုင်တွင် ရေရှည်စစ်ပွဲဖြစ်မည့် အလားအလာများကြောင့် ဒေသခံများ စိုးရိမ်မှုပိုလာ

Myanmar NOW
အောင်ငြိမ်းချမ်း
Published on Mar 5, 2019

၁ ရက်လျှင် တိုက်ပွဲ ၂ ခုနီးပါးဖြစ်နေသည့် ရခိုင်တွင် စစ်ပွဲအရှိန်မြင့်နိုင်သည့် သဘောထားများကို လက်နှက်ကိုင် များက မကြာခဏ ထုတ်ပြောခဲ့ကြသည်။

နေရပ်သို့ မည်သည့်အချိန်တွင် ပြန်နိုင်မည်ကို မသိသေးသော စစ်ပြေးဒုက္ခသည်များထဲတွင် ကလေးငယ် အများအပြား ပါဝင်သည်။ (တောင်မင်းကုလားစစ်ရှောင်စခန်း၊ ကျောက်တော်မြို့နယ်) (ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now)

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့အကြား လတ်တလော တိုက်ခိုက်နေမှုများသည် ရေရှည်စစ်ပွဲ အ သွင် ကူးပြောင်းသွားနိုင်သည့် လက္ခဏာများကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်မှု မြင့်တက်လာသည်ကို မြင်တွေ့နေရကြောင်း ကယ်ဆယ်ရေး အဖွဲ့များနှင့် ရခိုင် လွှတ် တော်အမတ်တချို့က သုံးသပ်သည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက စစ်ပွဲအရှိန် မြင့်တက်လာသည်နှင့်အတူ ၎င်း၏ မဲဆန္ဒနယ်မြေအတွင်း မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံရမှုများ ရှိနေသော ကြောင့် ဒေသခံအများစုက စိုးရိမ်နေကြသည်ဟု ဆိုသည်။

“ ပြည်သူတွေကလည်း တခါမှ ဒီလိုဖမ်းဆီးတာတွေ မတွေ့ကြုံဖူးတော့ ထိတ်လန့်မှုတွေ ဆက်တိုက်ဖြစ်နေ တယ်” ဟု ၎င်းကပြောသည်။

ယခုနှစ်ဆန်းပိုင်းမှစတင်ပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့် တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှု၊ ဖမ်းဆီးခံရမှုနှင့် ထွက်ပြေးတိမ်း ရှောင်မှုများ သိသိသာသာ တိုးလာကြောင်း မြောက်ဦးမြို့နယ် ပြည် နယ် လွှတ်တော်အမတ် ဦးထွန်းသာစိန်က ပြောသည်။

ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုများသည် ဆက်တိုက်ဖြစ်နေကြောင်း၊ မတ်လ ၄ ရက်နေ့ နေ့လည် ပိုင်း ကလည်း မြောက်ဦးမြို့နယ် ဘုရားကြီးကျေးရွာမှ ဒေသခံ ၇ ယောက်ကို လုံခြုံရေး တပ်ဖွဲ့များက ၁ နာရီ နီးပါးကြာ ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ရွာသားများသည် ၎င်း တို့လုံခြုံရေးကို စိုးရိမ်ပြီး ရွာကို စွန့်ခွာသွားကြ ကြောင်း ဒေသခံများ၏ပြောစကားများကို ကိုးကားပြီး ၎င်းက ပြောသည်။

တပ်မတော်က စစ်တိုင်း ၅ တိုင်းတွင် တစ်ဖက်သတ် အပစ်ရပ်ကြောင်း ကြေငြာခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင် ဘာ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလကုန်အထိ တစ်ရက်လျှင် တိုက်ပွဲ ၂ ကြိမ်နှုန်းဖြင့် ၂ လ ကျော် အတွင်း တိုက်ပွဲပေါင်း ၇၀ ကျော် ဖြစ်ပွားခဲ့ကြောင်း AA ပြော ခွင့်ရအရာရှိ ခိုင်သုခက ဆိုသည်။

သို့သော် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဟု ၎င်းတို့ကိုယ်၎င်းတို့ အမည်ပေးထားသည့် အာဆာလက် နက်ကိုင်အဖွဲ့ လှုပ်ရှားမှု ရှိနေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် တပ်၏ အပစ်ရပ်ကြေညာသည့် ဧရိယာ တွင် ရခိုင်ပြည်နယ် မပါဝင်ပါ။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏အဆိုအရ အနည်းဆုံး ဒေသခံ ၆၀၀၀ နီးပါးသည် အိုး အိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ၎င်းတို့အား အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ပေးနေရကြောင်း၊ ဒုက္ခသည် အရေအတွက် တိုးလာနေဆဲဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ တွင် ထုတ်ပြန်ခဲ့သည်။

“တချို့နေရာတွေက အခုအထိ မသွားနိုင်သေးတာတွေ ရှိနေတုန်းပဲ။ ကူညီမယ့်တချို့ ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းစဉ်တွေလည်း ရပ်ထားရတယ် ” ဟု ICRC ၏ ပြန်ကြားရေးအရာရှိ ဒေါ်အေးပြည့်စုံကပြော သည်။

ယခုနှစ်ဆန်းမှ စတင်ပြီး အရှိန်မြင့်လာသည့် တိုက်ပွဲများအပေါ် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန် ပြောဆိုသည့် သဘောထား များကြောင့် တိုက်ပွဲဖြစ်ပွားမှုမှာ ကာလ ကြာမြင့်လာနိုင်ကြောင်းရသေ့တောင်မြို့ နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက သုံး သပ်သည်။

AA ပြောခွင့်ရ အရာရှိ ခိုင်သုခကလည်း စစ်ပွဲအရှိန်နှင့် ဧရိယာသည် ပိုမိုကျယ်ပြန့်လာဖွယ်ရှိသည်ဟု ဝန်ခံ ခဲ့သည်။

“သူတို့ (တပ်မတော်ဘက်က)ပြောသလို ကျွန်တော်တို့ကို အမြစ်ပြတ် တိုက်မယ်ဆိုရင်တော့ မလွှဲရှောင် သာ တဲ့အတွက် တိုက်ပွဲက ပိုပြီး ကျယ်ပြန့်လာလိမ့်မယ်။ ပိုပြီး ကြာရှည်လာလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်စိုးနိုင်ဦးက တိုက်ပွဲသည် AA ဘက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး AA သည် ဒေသတည်ငြိမ်မှု ပျက်ပြား အောင် လုပ်ဆောင်နေသည်ဟု ဖေဖေါ်ဝါရီ ၂၃ ရက်က ရန်ကုန်မြို့တွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲခဲ့သည်။

၂၀၁၉ ဇန်နဝါရီ ၄ ရက်နေ့တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဘူးသီးတောင်မြို့နယ်အတွင်းရှိ ခထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပီ နှင့် ကျောင်း တောင် အစရှိသည့် နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကို ဝင်ရောက်တိုက် ခိုက် ခဲ့မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအပြီး ရက်အနည်းငယ်အကြာ နေပြည်တော်တွင် အစိုးရနှင့် တပ်မတော် ထိပ်သီးခေါင်း ဆောင်များ အစည်းအဝေး လုပ်ခဲ့ပြီး ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို ပြတ်ပြတ်သားသား ချေမှုန်းရန် နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန် ကြားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ပြောသည်။

နှစ်ဘက်အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးသတ်ဖြတ်မှုများ မြင့်တက်လာချိန်တွင် ဒေသခံ ပြည်သူ များသာမက ဒေသတွင်း အုပ် ချုပ်ရေးအရာရှိများလည်း ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်နေကြသည်။

မြောက်ဦးမြို့နယ်တွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦး ဖေဖော်ဝါရီ ၂၈ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးရုံးတွင် ပြုလုပ်သည့် အစည်းအဝေး တွင် ဖမ်းဆီးခံရပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆို ခဲ့ ပြီးနောက် အခြားကျေးရွာအုပ်ချုပ်ရေးမှူးများလည်း ၎င်း တို့လုံခြုံရေးကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆို ခဲ့ကြသည်။

၎င်းတို့ ၄ ဦး ဖမ်းဆီးခံရပြီးနောက် ရက်ပိုင်းအတွင်း မြောက်ဦးမြို့နယ်အတွင်းမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀ နီးပါး နှုတ်ထွက် စာတင် ခဲ့ကြသည်။

“အစည်းအဝေးခန်းထဲမှာကို လာပြီး ဆွဲတယ်ဆိုတော့ ခြံထဲကကြက်ကို ရိုက်သတ်တဲ့ သဘောမျိုး ဖြစ်နေ တာပေါ့ဗျာ။ အိမ်မှာဖမ်းတာ မဟုတ်ဘူး။ တကယ့်ကို အရေးကြီးတဲ့ အစည်းအဝေးမှာကို ဝင်ဖမ်းတယ်ဆို တော့ တကယ့်ကို လုံခြုံမှုမရှိတော့ဘူး” ဟု ရာထူးမှ နုတ် ထွက်ခဲ့သည့် ကန်စောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောနိုင်က Myanmar Now ကို ပြောကြားခဲ့သည်။


Link : Here

Friday, January 3, 2020

ဝန်ထမ်းလစာများ ရသေ့တောင်တွင် လုယက်ခံရ၊ ရဲနှစ်ဦး ကို ဖမ်းခေါ်သွားဟု အမတ်ဆို

Myanmar NOW
ချမ်းသာ
Published on Jan 2, 2020

ချွတ်ပြင်ကျေးရွာမှ နယ်ခြားစောင့်ရဲများသည် စေတီပြင်ရဲစခန်းမှ လစာများထုတ်ယူပြီး အပြန်လမ်းတွင် လုယူဖမ်းဆီးခံရခြင်းဖြစ်သည်။
မြေပုံ - မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (MIMU)

 ဒေသခံအစိုးရဝန်ထမ်းများ၏ လစာများ လာရောက်ထုတ်ယူသည့် ရဲဝန်ထမ်းလေးဦးကို မည်သူမည်ဝါ မှန်း မသိရသေးသူ လူတစ်စုက ကြားဖြတ်ကာ လစာများလုယူပြီး ရဲနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင် သွား သည့် ဖြစ်စဉ်တစ်ခု ရသေ့တောင်မြို့နယ်အတွင်း ယနေ့နံနက်က ဖြစ်ပွားခဲ့သည်ဟု လွှတ်တော် ကိုယ် စား လှယ်တစ်ဦးက ပြောသည်။

Thursday, January 2, 2020

ရသေ့တောင်မြို့နယ်တွင် လစာထုတ်၍ ပြန်လာသည့် နယ်ခြားစောင့် ရဲ ၂ ဦးဖမ်းဆီးခေါ်ဆောင်ခံရဟု သတင်း ထွက်ပေါ်

နိရဉ္စရာသတင်းဌာန
သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇန်နဝါရီ ၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်နယ်ခြားစောင့်စခန်း သို့ လစာထုတ်ရန် သွားသည့် သဇင် မြိုင် နယ် ခြားစောင့် ရဲကင်းစခန်းမှ ရဲဝန်ထမ်း ၂ ဦးသည် ရက္ခိုင့်တပ်တော် (AA) အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံ လိုက်ရသည်ဟု ဒေသအတွင်း သတင်းများ ထွက်ပေါ်နေသည်။

Sunday, December 8, 2019

ရသေ့တောင်မှာ တိုက်ပွဲတွေပြင်းထန်

B B C
ဘီဘီစီ မြန်မာပိုင်း 
08 ဒီဇင်္ဘာ 2019
 ဘူးသီးတောင်နဲ့ရသေ့တောင်ကြားက ရွာဆယ်ရွာကျော်ကို ဒေသခံတွေစွန့်ခွာသွားကြပါပြီ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီဇင်ဘာ ၇ ရက်မှာ တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ အကြိမ်ကြိမ် လာရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Tuesday, November 26, 2019

ရသေ့တောင်မြို့အနီး မြန်မာရေတပ်သင်္ဘောတိုက်ခိုက်ခံရ

VOA 
ဗွီအိုအေ (မြန်မာဌာန
ကိုနိုင်ကွန်းအိန်
26 နိုဝင်ဘာ၊ 2019

ရခိုင်ပြည်နယ် ရသေ့တောင်မြို့အနီး မေယုမြစ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ရေတပ်သင်္ဘောကို မနေ့ည နေပိုင်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့လို့ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာ မြန်မာရေတပ်သင်္ဘောဘက်က ထိခိုက်မှုရှိတယ်လို့ AA ဘက်ကပြောဆိုနေပေမဲ့ တပ်မတော်ဘက်ကတော့ တစုံတရာ ထိခိုက်မှု မရှိဘူးလို့ဆိုပါတယ်။ တချိန်ထဲမှာ ရသေ့တောင်မြို့နယ်အ တွင်း နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သ တင်းပေးပို့ထားပါတယ်။

Friday, November 1, 2019

ရသေ့တောင်က ဒဏ်ရာရသူနှစ်ဦးကို ကယ်ထုတ်ဖို့ ခက်ခဲ နေ

လွတ်လပ်တဲ့အာရှအသံ ( RFA )
2019-11-01
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို တွေ့ရစဉ် 
Photo: Google Map
                                         
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးလက်ဒေသက ကျည်ဒဏ်ရာရ လူနာ နှစ်ဦးကို ကယ်ထုတ်ဖို့ ကြိုး စားနေပေမယ့် ကယ်ထုတ်ဖို့ခက်ခဲနေကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ရသေ့တောင်မြို့နယ် တာ ဝန်ရှိသူက ပြောပါတယ်။

Wednesday, October 30, 2019

ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲဖြစ်၍ မညှင်းတောင်ရွာ သား များထွက်ပြေးရ

နိရဉ္စရာ
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ ၊ အောက်တိုဘာ ၃ဝ/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မညှင်းတောင်ရွာနှင့် ငစံဘော်( မုဆိုးချောင်း) ကျေးရွာအကြားတွင် ယနေ့နံနက် ၉ နာရီက မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲ ဖြစ်ပွားသောကြာင့် မညှင်း တောင် ကျေးရွာသားများမှာ ရွာကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်ဟု သတင်းရရှိသည်။

Saturday, August 10, 2019

အစိုးရစစ်သားတွေ ဆိုင်တွေကိုဖောက် ပစ္စည်းယူ တယ်လို့ စွပ်စွဲ

B B C
ဘီဘီစီ မြန်မာပိုင်း 
10 သြဂုတ် 2019
  ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်းက အုတ်ဖို ကျေးရွာ (ဒေသခံတွေ အခေါ် အိုးဖောက်ကျေး ရွာ) ကို အစိုးရစစ်သားတွေ ဝင်ရောက်လာပြီး ရွာဈေးဆိုင်တွေထဲကနေ ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

Friday, August 9, 2019

ရသေ့တောင်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ် မှာ WY ဆေးပြားတွေနဲ့ လက်နက်တွေ သိမ်းဆည်းရမိ

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-08-09

တပ်မတော်က သတင်းထုတ်ပြန်တဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် တံခွန်တိုင်ကျေးရွာ မြေပုံကို တွေ့ရစဉ်  ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် တံခွန်တိုင်ကျေးရွာ အုပ် ချုပ်ရေးမှူး ဦးစံသာကျော်ရဲ့ နေအိမ်မှာ WY စာတန်း ပါ စိတ်ကြွရူးသွပ် ဆေးပြား ၂ သန်း ၅ သိန်းခန့် (ကျပ် ၅ ဘီလီယံခန့်) အပါအဝင် လက်နက်ခဲ ယမ်း တွေ ဖမ်း ဆည်းရမိခဲ့ တယ်လို့ တပ်မတော်က သတင်းထုတ် ပြန် ပါတယ်။

မနေ့က သြဂုတ်လ ၈ ရက်နေ့မနက်ပိုင်းက တပ်မတော် လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေ သတင်းအရ ဝင်ရောက်စစ် ဆေး တာဖြစ်ပြီး ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ အိုင်ကွန် ၅၂ လုံး၊ မိုင်းပြုလုပ်ရာမှာသုံးတဲ့ ကွန်ကြူပိုက် ၂၃ ချောင်း၊ ဘော စေ့တွေရောထားတဲ့ ယမ်းထုတ် တစ်ပိဿာခန့် ၂ ထုပ်နဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်း ဆည်းရမိခဲ့ကာ တရားခံနဲ့ မိသားစုဝင် ၅ ဦးတို့ကတော့ ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ ဖော်ပြထား ပါ တယ်။
အဲဒီရွာဟာ AA အဖွဲ့ဝင်တွေ မကြာခဏ ခိုလှုံနေတယ်လို့သတင်း ရရှိထားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက လည်း AA ရဲ့ မြေပေါ်အမာခံတစ်ဦးဖြစ်ကြောင်း၊ တပ်မတော် စစ်ကြောင်းတွေကို အကြိမ်ကြိမ် မိုင်းဆွဲ တိုက် ခိုက်နေသူ တစ်ဦးဖြစ်ကြောင်း စွပ်စွဲထားပါတယ်။

Tuesday, August 6, 2019

ရသေ့တောင်မြို့နယ် ခြေရာတော်ကျေးရွာအနီး၌ ဗဗအဖွဲ့၏ လေ့ကျင့်ရေးစခန်းတစ်ခု သိမ်းဆည်းရမိ

မြန်မာ့အလင်း
နေပြည်တော် ဩဂုတ် ၅

 ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး နှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင် ရွက်နေသည့် လုံခြုံ ရေး တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂ ရက်နှင့် ၃ ရက် တို့တွင် ခြေရာတော်ကျေးရွာအနီး၌ AA အဖွဲ့၏ လေ့ကျင့်ရေးစခန်း နေရာတစ်ခုနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ ကြောင်း သိရ သည်။

Sunday, July 28, 2019

ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းမှာ လူငယ် ၁ဝ ဦးကို ဖမ်းဆီး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-07-28
ponnagyun-signboard-622
Photo: RFA

 ရခိုင်ပြည်နယ် ရ‌သေ့‌တောင်‌ကနေ ပုဏ္ဏားကျွန်းမြို့ကိုသွားတဲ့ ကားတစ်စီးပေါ်ကနေ လူငယ် ၁ဝ ဦးနဲ့ ယာဉ် မောင်း တစ်ဦးကို ဇူလိုင်လ ၂၇ ရက် နေ့လယ်ပိုင်းက ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။

Friday, July 26, 2019

မေယုကမ်း ချွတ်ပြင်ရွာအနီး မိုင်းနှစ်လုံးပေါက်ကွဲ၊ လယ်ထွန်နေသည့် ရွာသား ၃ ဦးခေါ်ဆောင်ခံရ

နိရဉ္စရာ
သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၂၅/၂ဝ၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း ချွတ်ပြင်ကျေးရွာနှင့် ပိတောက်မြို့ (နတလ) ကျေးရွာ အ ကြား ယနေ့နေ့လယ် ၁၂ နာရီခန့်က မိုင်း ၂ လုံးပေါက်ကွဲခဲ့ပြီးနောက် အနီးအနားရှိ လယ်ထွန်နေသူ စေတီ ပြင် ကျေး ရွာသား ၃ ဦးကို လုံခြုံရေး ဆောင်ရွက်နေသည့် တပ်နှင့်ရဲ ပူးပေါင်း စစ်ကြောင်း တစ်ခုက ခေါ်ယူ သွားသည်ဟု သတင်းရရှိသည်။

Tuesday, July 9, 2019

ရသေ့တောင်မြို့နယ်၊အမျက်တောင်ကျေးရွာမှ နေ အိမ် ၁၁လုံးမီးရှို့ခံရမှု အမှုဖွင့်၍မရဟုဆို

နိရဉ္စရာ 
သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၉/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာမှ နေအိမ် ၁၁ လုံး မီးရှို့ခံရမှုအပေါ် မီးသတ် အေ နနဲ့ အမှုဖွင့်၍ မရကြောင်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Tuesday, February 19, 2019

ရခိုင်စစ်ဘေးရှောင်များအတွက် ပြည်နယ်အစိုးရက တစ်ကြိမ် ထောက်ပံ့ထား

မဇျ္စိမ
၂၀၁၉ ဖေဖော်ဝါရီ ၁၉
ဓာတ်ပုံ - အေးချမ်းခိုင်
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ။         ။ တပ်မတော်နှင့် ရက္ခိုင့်တပ်(AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တစ်မိသားစုလျှင် ငွေကျပ် ၅ သောင်းနှုန်းဖြင့် ဇန်နဝါရီလအတွင်းက တစ်ကြိမ် ထောက်ပံ့ပေးထားသည်ဟု ရခိုင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးဝင်းမြင့်က ပြောသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */