Showing posts with label ရိုဟင်ဂျာနေရပ်ပြန်ရေး. Show all posts
Showing posts with label ရိုဟင်ဂျာနေရပ်ပြန်ရေး. Show all posts

Wednesday, October 1, 2025

ရိုဟင်ဂျာနေရပ်ပြန်ရေးအတွက် မြန်မာစစ်အုပ်စုနှင့် အေအေကို ဖိအားပေးရန် ယူနွတ် တောင်းဆို

မဇျ္စိမ
October 1, 2025

ဓာတ်ပုံ- နယူးယော့ခ်မြို့ ကုလဌာနချုပ်၌ စက်တင်ဘာ ၃၀ ရက်တွင် မြန်မာရှိ ရိုဟင်ဂျာ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ အခြေအနေဆိုင်ရာ အဆင့်မြင့်လယ်ဗယ် ကွန်းဖရင့် အဖွင့်၌ စကားပြောနေသည့် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရခေါင်းဆောင် အတိုင်ပင်ခံချုပ် ပါမောက္ခ မိုဟာမက် ယူနွတ်။ Md Saurav

Newagebd.net

ရိုဟင်ဂျာများအပေါ် နှိပ်စက်ညှဉ်းပန်းမှု ချက်ချင်း ရပ်တန့်ရေးနှင့် ၎င်းတို့ ရခိုင်ပြည်နယ်ဆီ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာ (စစ်အုပ်စု) နှင့် အာရက္ခတပ်တော် (အေအေ) အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးရန် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ ခေါင်းဆောင် မိုဟာမက် ယူနွတ်က ထပ်မံ တိုက်တွန်းတောင်းဆိုသည်။

Friday, December 20, 2024

ရိုဟင်ဂျာနေရပ်ပြန်ရေး ပြည့်စုံတဲ့လမ်းပြမြေပုံတရပ် ဘင်္ဂလားဒေ့ရှ်တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၀ ဒီဇင်ဘာ၊ ၂၀၂၄ 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ukhia ဒုက္ခသည်စခန်းအတွင်းမှာရိက္ခာလာရောက်ယူနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (စက်တင်ဘာ ၁၂၊ ၂၀၂၄)

ရခိုင်ပြည်နယ် တည်ငြိမ်ရေး ကို ဦးစားပေးပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် ပြည့်စုံတဲ့ လမ်းပြမြေပုံတစ်ခု ချမှတ်ဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Md Touhid Hossain က ထပ်မံ တောင်းဆိုလိုက်ပါတယ်။

Tuesday, August 29, 2023

နိုင်ငံတကာအကူအညီနဲ့ ရိုဟင်ဂျာနေရပ်ပြန်ရေး NUG သတင်းစာရှင်းလင်း

RFA
အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.08.29 

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲ ဒေါနစစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့စဉ်။ ပြည်သူ့ကာကွယ်ရေး အဖွဲ့ - နေပြည်တော်
 
ဩဂုတ်လ ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒု ဝန် ကြီး ဦးမိုးဇော်ဦးနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့ တက်ရောက်ခဲ့ပါတယ်။

Wednesday, June 14, 2023

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး တွန်းအားပေးတဲ့ သတင်းတွေ ကြောင့် စိုးရိမ်မှုတွေထွက်ပေါ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၄ ဇွန်၊ ၂၀၂၃ 

မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလေ့လာဖို့ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံရောက်ရှိ (မေ ၅၊ ၂၀၂၃)

ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်သွားဖို့အတွက် ဘင်္ဂလားဒေ့ရှ့်အစိုးရက ငွေသား မက်လုံး တွေပေးနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် လူအခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်ကြောင်း ပြောဆိုနေကြပါတယ်။ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး ရှေ့ပြေး စီမံကိန်းတွေကိုတွေကို ချက်ချင်း ရပ်ဆိုင်းထားဖို့ ဘင်္ဂလားဒေ့ရှ့်အစိုးရကို ကုလသမဂ္ဂ အကြီးတန်းအရာရှိတဦးက တောင်းဆိုလိုက်ပါတယ်။

Tuesday, May 30, 2023

ရိုဟင်ဂျာနေရပ်ပြန်ရေး ကြိုးပမ်းမှုများကြား OIC အကြီး အကဲ ဘင်္ဂလားဒေ့ရှ်က စခန်းတွေကိုသွားရောက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၃၁ မေ၊ ၂၀၂၃ 

ရိုဟင်ဂျာများခိုလှုံနေတဲ့ Kutupalong ဒုက္ခသည်စခန်း၊ မေ ၁၅၊၂၀၂၃။
 

အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ အကြီးအကဲဟာ တနင်္လာနေ့မှာဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း နယ်စပ်ဒေသ ကော့ဘဇားခရိုင်ထဲက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေရဲ့ နေရေး ထိုင်ရေး အခြေအနေကို ကြည့်ရှုခဲ့ပါတယ်။ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေကို ကိုးကားပြီး တူရကီ နိင်ငံပိုင် Anadolu သတင်းအေဂျင်စီရဲ့ ဖော်ပြချက်မှာ OIC အထွေထွေအတွင်းရေးမှူး Hissein Brahim Taha ကရိုဟင် ဂျာ ဒုက္ခသည်တွေနဲ့ အမြင်ချင်းဖလှယ်ခဲ့ပြီး OIC အနေနဲ့ ရိုဟင်ဂျာတွေရဲ့ အကျိုးစီးပွားကို အမြဲကာကွယ်ပေးနေ တယ် လို့ ပြောခဲ့တယ် ဆိုပါတယ်။

Friday, May 19, 2023

ရိုဟင်ဂျာနေရပ်ပြန်ပို့ရေးအစီအစဉ် ရပ်ဆိုင်းဖို့ HRW ပြော

RFA
ကျော်ထွန်းနိုင် (ဝါရှင်တန်ဒီစီ)
2023.05.18

၂ဝ၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့က စစ်ကောင်စီ ရခိုင်ပြည်နယ် ဝန်ကြီးအဖွဲ့နှင့် တွေ့ဆုံခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်မိသားစုတစ်စု။AFP

ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ မြန်မာစစ်ကောင်စီတို့ကြား ပူးပေါင်းလုပ်နေကြတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး အစီအ စဉ်ကို ရပ်ဆိုင်းဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ရှေ့ပြေးစီမံကိန်းအနေနဲ့ ရိုဟင်ဂျာအယောက် ၁၁ဝဝ ကို စစ်ကောင်စီက ဒီမေလထဲမှာ ပြန်ခေါ်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေဟာ ဘေးကင်းလုံခြုံမှုရှိရှိနဲ့ နေရပ်ပြန်နိုင်တဲ့ အခြေအနေ မရောက်သေးဘူးလို့ HRW က မေလ ၁၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။

နေရပ်ပြန်လိုတဲ့ ရိုဟင်ဂျာစာရင်း ဘင်္ဂလားဒေ့ရှ်အစိုးရ ထပ်မံကောက်ယူနေ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.05.18

၂၀၂၃ ၊ ဇန်န၀ါရီလ ၁၂ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်က ယာယီခိုလှုံရေးစခန်းတစ်ခုမှာ ဆေးစစ်ရန်တန်းစီစောင့်ဆိုင်းနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များ။AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက မြန်မာပြည်ပြန်လိုသူတွေစာရင်း ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက မေလ ၁၇ ရက်နေ့ကစပြီး ထပ်မံကောက်ယူနေတယ်လို့ ဒုက္ခသည်တွေ က ပြောပါတယ်။

Thursday, April 6, 2023

စစ်ကောင်စီ၏ ဖိတ်ခေါ်မှု ရိုဟင်ဂျာများ သံသယရှိ

ဧရာဝတီ
18 March 2023

ရိုဟင်ဂျာ ဒုက္ခသည်တဦး / ဧရာဝတီ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် ခိုလှုံနေသည့် ရိုဟင် ဂျာ ဒုက္ခသည်များအား ပြန်လည်လက်ခံရန်အတွက် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ညှိနှိုင်းခဲ့ကြောင်း သိရသည်။

                                                                             

Monday, March 20, 2023

ရိုဟင်ဂျာနေရပ်ပြန်ရေး ဆွေးနွေးရန် စစ်ကောင်စီအရာရှိ များ ဘင်္ဂလားဒေ့ရှ်သို့ ခရီးသွားရောက်မှုကို ကုလက အကူ အညီပေးခဲ့

မဇျ္စိမ
AFP
20 March 2023

ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စ ဆွေးနွေးရန် ပြီးခဲ့သည့် သီတင်းပတ်အတွင်း စစ်ကောင်စီ တာဝန်ရှိသူ များ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ရန် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီက ကူညီပေးခဲ့ကြောင်း ကုလအရာ ရှိ နှစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

သို့သော် နိုင်ငံ၏ အခြေအနေများက ရိုဟင်ဂျာများ နေရပ်ပြန်လာရေးအတွက် လုံခြုံမှုမရှိဘဲ ဆက်ဖြစ်နေကြောင်း အဆိုပါ ကုလအရာရှိများက ပြောသည်။

Wednesday, March 15, 2023

နေရပ်ပြန်မယ့် ရိုဟင်ဂျာဒုက္ခသည်တချို့နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ လိုက်လံတွေ့ဆုံ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.15

၂ဝ၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့က စစ်ကောင်စီ ရခိုင်ပြည်နယ် ဝန်ကြီးအဖွဲ့နှင့် တွေ့ဆုံခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်မိသားစုတစ်စု။ 

 ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ဝန်ကြီးအဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာမြို့ကို မတ်လ ၁၅ ရက်နေ့ကစပြီး တစ်ပတ်ကြာသွား ရောက်နေပါတယ်။

စစ်ကောင်စီဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် ရခိုင်ပြည်နယ်မှာ လိုအပ်တဲ့ပြင်ဆင်မှုတွေ မရှိဘဲ နိုင်ငံတ ကာရဲ့ထောက်ခံမှုရဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်တွေကို ဟန်ပြလာတွေ့တာလို့ ဒုက္ခသည်တွေနဲ့ ရိုဟင်ဂျာ အရေးလှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */