" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ထုတ်ပြန်ချက်. Show all posts
Showing posts with label ထုတ်ပြန်ချက်. Show all posts

Monday, January 20, 2020

ICOE ထုတ်ပြန်ချက် HRW ဝေဖန်တုံ့ပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
သားညွန့်ဦး
20 ဇန်နဝါရီ၊ 2020 

ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ အစိုးရကဖွဲ့တဲ့ ICEO လွတ်လပ်တဲ့စုံစမ်းရေးကော် မ ရှင်ရဲ့ အစီရင်ခံစာဟာ နိုင်ငံတကာမှာ အပြကောင်းအောင်နဲ့၊ လာမယ့် ICJ တရားခွင်အတွက် ပြင်ဆင်မှု သာဖြစ်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဝေဖန်တုံ့ပြန်ပါတယ်။ ကော်မရှင်အနေနဲ့ လူ့ အခွင့်အရေးချိုးဖောက်မှု ဖြစ်ရပ်ကြီးကို ဖော့ပြောဖို့ ကြိုးစားထားသလို၊ ကော်မရှင်စုံစမ်းမှုဟာ ပွင့်လင်းမြင် သာ မှုမရှိဘူးလို့လည်း ထောက်ပြပါတယ်။ HRW ရဲ့ တုံ့ပြန်ချက်ကို ကိုသားညွန့်ဦး ပြောပြမှာပါ။

Thursday, December 5, 2019

ICJ တွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခြင်း အား ရင်ဆိုင်ဖြေရှင်းခြင်းသည် အမှန်တရားနှင့် တရားမျှတမှု ကို ဖော်ထုတ်ခြင်းဖြစ်ဟု NCA- SEAO ထုတ်ပြန်

ELEVEN
2019-12-04

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခြင်းအား ရင်ဆိုင်ဖြေ ရှင်းခြင်းသည် အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသခြင်းဖြစ်ပြီး အမှန်တရားနှင့် တရားမျှတမှုကို ဖော် ထုတ်ခြင်းဖြစ်ကြောင်း NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA- SEAO) ၏ အစည်းအဝေးက ဒီဇင်ဘာ ၄ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်း ချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ဒီဇင်ဘာ ၂ ရက်မှ ၄ ရက်အထိ ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး၏ သတင်းထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ထည့်သွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Thursday, November 28, 2019

အိုင်စီဂျီအရေး နိုင်ငံခြားရေးရုံး ထုတ်ပြန်ချက်က ဘာလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
28 နိုဝင်ဘာ 2019
မြန်မာက နိုင်ငံတကာ တရားရုံး အိုင်စီဂျေမှာ တရားရင်ဆိုင်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂၇ ရက်စွဲနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဟာ မြန်မာဘက်က ဝန်းရံသူတွေကို လမ်းညွှန်တဲ့ ထုတ်ပြန် ချက် မျိုး အဖြစ် ယူဆနိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

ဒါ့အပြင် အခု ထုတ်ပြန်ချက်ဟာ မြန်မာဘက်က ဝန်းရံသူတွေကို We stand with you အစား We stand with justice ပဲ ဖြစ်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်မျိုး ဖြစ်တယ်လို့ ယူဆတဲ့ အကြောင်း ဦးကြီးမြင့်က ဘီဘီစီကို ပြော ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */