Showing posts with label RSO. Show all posts
Showing posts with label RSO. Show all posts

Monday, October 13, 2025

မောင်တောတွင် ARSA နှင့် RSO တို့ တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

DVB
October 13, 2025

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ လိပ်ရခွဆုံအနားမှာ ရိုဟင်ဂျာလက်နက်ကိုင် ARSA နဲ့ RSO အဖွဲ့ဝင် ၁၀ ယောက်က ချုံခိုတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အကျင့်ပျက် BGB အရာရှိများက ARSA နှင့် RSO အဖွဲ့များကို စစ်ရေးဆိုင်ရာ အကူအညီပေးနေ၍ အရေးယူပေးရန် AA ထပ်မံ တောင်းဆို

Western News
အောက်တိုဘာ ၁၃

■ အကျင့်ပျက် BGB အရာရှိများက ARSA နှင့် RSO အဖွဲ့များကို စစ်ရေးဆိုင်ရာ အကူအညီပေးနေ၍ အရေးယူပေးရန် AA ထပ်မံ တောင်းဆို

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB ထဲမှ အကျင့်ပျက်အရာရှိအချို့မှာ စစ်ရေးဆိုင်ရာ အချက်အလက်များ ပံ့ပိုးကူညီပေးနေ၍ လက်ရှိ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအနေဖြင့် ထိရောက်စွာ အရေးယူပေးရန် ထပ်မံတောင်းဆိုကြောင် AA က ထုတ်ပြန်သည်။

Friday, October 10, 2025

ARSA နှင့် AA တိုက်ပွဲကြောင့် နယ်စပ်တလျှောက်တွင် BGB တပ်ဖြန့်ထား

DMG
By Admin
10 Oct 2025

 ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဖြစ်နေသည့် မွတ်ဆလင်လက်နက်ကိုင်တပ် (ARSA) နှင့် အာရက္ခတပ်တော် (AA) တို့၏ တိုက်ပွဲကြောင့် နယ်စပ်တစ်လျှောက်တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) က တပ်ဖြန့်ထားကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနများက ဖော်ပြသည်။

၂၀၂၄ ခုနှစ်အတွင်း တွေ့ရသည့် BGB တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - BGB

ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဖြစ်နေသည့် မွတ်ဆလင်လက်နက်ကိုင်တပ် (ARSA) နှင့် အာရက္ခတပ်တော် (AA) တို့၏ တိုက်ပွဲကြောင့် နယ်စပ်တစ်လျှောက်တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) က တပ်ဖြန့်ထားကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနများက ဖော်ပြသည်။

Thursday, October 9, 2025

ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ AA နှင့် ARSA တိုက်ပွဲဖြစ်

DVB
October 9, 2025
 

ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွေမှာ ရိုဟင်ဂျာ လက်နက်ကိုင် (ARSA) တပ်ဖွဲ့တွေနဲ့ အာရက္ခတပ်တော် (AA) တို့ အခုရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောခရိုင်အတွင်းရှိ ဒေသခံပြည်သူတွေကို ချောင်းမြောင်း ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးတာ၊ လုယက်ငွေညှစ်တာ၊ ပြန်ပေးဆွဲတာနဲ့ မိုင်းခွဲတိုက်ခိုက်တာတွေကိုပါ ဆက်တိုက်ကျူးလွန်လာနေတယ်လို့ ဆိုပါတယ်။

Tuesday, September 30, 2025

ARSA နဲ့ RSO ကို ထောက်ပံ့တာမရှိဘူးလို့ BGB ပြော (ရုပ်/သံ)

ဧရာဝတီ
30 September 2025

 

အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) နဲ့ ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေး အဖွဲ့ (RSO) အဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)က လက်ခံပြီး ထောက်ခံအားပေးနေတယ်ဆိုတဲ့ အာရက္ခတပ်တော် AA ရဲ့ စွပ်စွဲချက်ကို BGB ကငြင်းဆန်လိုက်ပါတယ်။

Sunday, September 28, 2025

နယ်စပ်အရေး ပြေလည်စေမယ့်နည်းလမ်းတွေ အမြန်ဆုံးရှာဖွေဖို့ ဘင်္ဂလားဒေ့ရှ်ကို အေအေ တောင်းဆို

BBC
၂၈ စက်တင်ဘာ ၂၀၂၅,
 

မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကိုသိမ်းပိုက်အပြီးတွေ့ရစဉ် (ပုံဟောင်း)

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ အာရကန် ရိုဟင်ဂျာ ကယ်တင်ခြင်းတပ်(ARSA)နဲ့ ရိုဟင်ဂျာ သွေးစည်းညွတ်ရေးအဖွဲ့(RSO)လက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်မှုကို ထောက်ပြပြီး ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ နှစ်ဖက်ပြေလည်စေမယ့်နည်းလမ်းတွေ အမြန်ဆုံးရှာဖွေပြီး အာရက္ခတပ်တော်(AA)က တောင်းဆိုလိုက်ပါတယ်။

Thursday, September 25, 2025

AA နှင့် ရိုဟင်ဂျာ မွတ်စလင်အရေး လေ့လာကြည့်ခြင်း

ဧရာဝတီ
ဗညားအောင်
သူ့အတွေး သူ့အမြင်
24 September 2025

ဩဂုတ်လ ၃၀ ရက်က ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် မွတ်စလင်အသိုင်းအဝိုင်း ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်/Arakan Princess Media

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) / ရက္ခိုင့်တပ်တော် (AA) သည် စစ်အာဏာရှင်များကို စစ်ရေးအရ တိုက်ခိုက်ချေမှုန်းရန် သူ၏ အင်အားများကို စည်းရုံး၊ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်ပြီး ရခိုင်ပြည်နယ်သို့ စွန့်လွှတ်စွန့်စား ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခြင်းကို တဆင့်ချင်း အပင်ပန်းအဆင်းရဲခံ လုပ်ဆောင်ခဲ့ရသည်။

Sunday, September 21, 2025

ARSA နဲ့ RSO တပ်ဖွဲ့တွေ AA ကိုဝင်တိုက် (ရုပ်/သံ)

ဧရာဝတီ
20 September 2025

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ အာရက္ခတပ်တော် (AA) ရဲ့ တပ်စခန်းကို မွတ်ဆလင်လက် နက်ကိုင်တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတယ်လို့ AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ပြောပါတယ်။

မွတ်စလင် လက်နက်ကိုင်တပ်တွေဖြစ်တဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) နဲ့ ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေး အဖွဲ့ (RSO) တွေက စက်တင်ဘာလ ၁၈ ရက်နေ့ညမှ စတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဧရာဝတီနဲ့ သီးသန့်အင်တာဗျူးမှာ ထည့်သွင်း ပြောဆို သွားတာပါ။

အာဏာသိမ်း စစ်တပ်ကို တိုက်နေရတဲ့ AA ဟာ သူတို့ထိန်းချုပ်နယ်မြေအတွင်း အုပ်ချုပ်ရေး၊ ငြိမ်းချမ်းတည်ငြိမ်ရေးကိစ္စတွေ ဆောင်ရွက်နေရချိန်မှာ ဘင်္ဂလားဒေ့ရှ် အရာရှိတချို့ရဲ့ နောက်ကွယ်က တွန်းအားနဲ့ စိမ့်ဝင်လာတဲ့ ARSA နဲ့ RSO အဖွဲ့တွေရဲ့ ဝင်တိုက်မှုကို ကြုံနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

#မြန်မာ #ဧရာဝတီ #AA #ARSA #RSO #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Link : Here

 

Monday, March 24, 2025

ARSA ခေါင်းဆောင် အဖမ်းခံရအပြီး မွတ်စလင် လက်နက် ကိုင်တွေ ပြိုကွဲသွားနိုင်လား

ဧရာဝတီ
သူ့အတွေး သူ့အမြင်
စွယ်တော်
22 March 2025 

ARSA ခေါင်းဆောင် အတာအူလာ(ဝဲမှ တတိယ) ကို ဘင်္ဂလားဒေ့ရှ် ရဲက ဖမ်းပြီး စုံစမ်းစစ်ဆေးရန် တရားရုံးတွင် ရမန်ယူစဉ်/bdnews24.com


အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) ၏ ထိပ်သီးခေါင်းဆောင် အာတာအူလာ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ခြောက်ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မတ်လ ၁၇ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများကို ကိုးကား၍ မြန်မာမီဒီယာများက ဖော်ပြချက်အရ သိရသည်။

Sunday, March 23, 2025

ARSAနှင့် RSO ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် စစ်ရာဇဝတ်မှုမြောက်သောလုပ်ရပ်များကို ကျူးလွန်ခဲ့ဟု Fortify Rights ထုတ်ပြန်

လူထုနွေဦး
အီယိုရီ/People’s Spring 

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိင်ငံရှိ ရိိုဟင်ဂျာဒုက္ခသည်စခန်းများတွင်စစ်ရာဇဝတ်မှုမြောက်သောလုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights က အစီရင်ခံစာထုတ်ပြန်ခဲ့

အာတာအူလာ နှင့် အာဆာ ​အဖွဲ့ဝင်များကို ရုံးထုတ်လာစဥ်။ဓါတ်ပုံ-risingbd

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိိုင်ငံရှိ ရိိုဟင်ဂျာဒုက္ခသည်စခန်းများတွင်စစ်ရာဇဝတ်မှုမြောက်သောလုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

Thursday, March 20, 2025

ARSA တစ်ခန်းရပ်ချိန် RSO ခေါင်းထောင်လာနိုင်မလ

DMG
Admin 19 Mar 2025 

အခြားတစ်ဖက်တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မတ်လ ၁၃ ရက်က ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ရောက်ရှိလာပြီးနောက်ပိုင်း မွတ်ဆလင် ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ARSA ခေါင်းဆောင်များဖမ်းဆီးခံရ ခြင်းဖြစ်သည်။ 

ပုံစာ - ဖမ်းဆီးခံရသည့် ARSA ခေါင်းဆောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Daily Star 

မွတ်ဆလင်လက်နက်ကိုင်တပ်တစ်ခုဖြစ်သည့် အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) ခေါင်းဆောင်အပါအဝင် ၁၀ ဦးကို ပြီခဲ့သည့် မတ် ၁၇ ရက်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးလိုက်သည်။

ARSA, RSO တို့ကို စစ်ရာဇဝတ်မှုအတွက်စစ်ဆေးရန် Fortify Rights အဖွဲ့ တိုက်တွန်း

Myanmar Now
ရောင်နီ
March 19, 2025
 


ARSA အဖွဲ့ခေါင်းဆောင်အပါအဝင် ၁၀ ဦးကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးလိုက်ပြီးနောက် ၎င်းတို့ကို စစ်ရာဇဝတ်မှုအတွက်စစ်ဆေးရန် Fortify Rights လူ့အခွင့်အရေးအဖွဲ့ က တိုက်တွန်းလိုက် သည်။

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ARSA နှင့် RSO တို့ စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့သဖြင့် တာဝန် ယူမှု၊ တာဝန်ခံမှုရှိလာရန် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Fortify Rights မတ် ၁၈ ရက်နေ့က အစီရင်ခံစာတစ်ခု ထုတ်ပြန်လိုက်သည်။

Wednesday, March 19, 2025

ARSA တစ်ခန်းရပ်ချိန် RSO ခေါင်းထောင်လာနိုင်မလား

DMG
19 Mar 2025 

အခြားတစ်ဖက်တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မတ်လ ၁၃ ရက်က ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ရောက်ရှိလာပြီးနောက်ပိုင်း မွတ်ဆလင် ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ARSA ခေါင်းဆောင်များဖမ်းဆီးခံရ ခြင်းဖြစ်သည်။
ပုံစာ - ဖမ်းဆီးခံရသည့် ARSA ခေါင်းဆောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Daily Star 


မွတ်ဆလင်လက်နက်ကိုင်တပ်တစ်ခုဖြစ်သည့် အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်
(ARSA) ခေါင်းဆောင်အပါအဝင် ၁၀ ဦးကို ပြီခဲ့သည့် မတ် ၁၇ ရက်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးလိုက် သည်။

Tuesday, March 11, 2025

Rising Rakhine risks reshaping regional realities

daily sun
Simon Mohsin
Publish: Wednesday, 05 March, 2025

The rise of the Arakan Army in Myanmar’s Rakhine State has significantly altered the region’s geopolitical landscape. With the group now controlling the entire 271-km border with Bangladesh, its ascendancy poses a dual challenge—both a national security threat and a humanitarian crisis for Dhaka. Yet, despite this shifting reality, Bangladesh remains indecisive, relying on traditional diplomatic approaches that have yielded limited results. The need for a recalibrated, pragmatic approach is more urgent than ever.

Thursday, February 20, 2025

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ AA နဲ့ ARSA တိုက်ပွဲဖြစ်

RFA
RFA Burmese
2025.02.20 

အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ဝင်များအား ၂ဝ၂၂ ခုနှစ်၊ ဧပြီလလယ်ပိုင်းက တွေ့ရစဉ်။
Arakan Rohingya New Generation Organization via Facebook Photo 

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က AA နဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ (ARSA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

AA က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေချိန် မီးတိုက်ရွာရဲ့ အရှေ့မြောက်ဘက် တောင်တန်းပေါ်မှာ တိုက်ပွဲပြင်းထန်ခဲ့တာလို့ မောင်တောဒေသခံ တစ်ဦးက ပြောပါတယ်။

Monday, February 17, 2025

အကျဉ်းကျ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ် ပြန်ပို့တဲ့သတင်းကြောင့် စိုးရိမ်မှုတွေထွက်ပေါ်

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၇ ဖေဖော်ဝါရီ၊ ၂၀၂၅ 

အင်းစိန်အကျဉ်းထောင်ဗူးဝမြင်ကွင်း။ (၂၇ ဇွန် ၂၀၁၆)

အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ ထောင်ဂဏန်းရှိ ရိုဟင်ဂျာတွေကို မကြာသေးခင်က ရခိုင် ပြည်နယ်ပြန်ပို့လိုက်တဲ့သတင်းတွေ ထွက်လာတာကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူတွေ စိုးရိမ်နေကြပါတယ်။ စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကို ပြန်ပို့လိုက်တာကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တကျော့ပြန်ရင်ဆိုင်ရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း သတိပေးနေကြတာပါ။ ရန်ကုန်ကသတင်းပေးပို့ ထားတာကို အခြေခံပြီးတင်ပြထားပါတယ်။

Wednesday, February 12, 2025

How Pakistan’s ISI is helping Rohingya armed groups to forge a united front in Bangladesh

Firstpost
Rajeev Bhattacharyya
January 27, 2025, 


As per sources, Pakistan’s spy agency Inter-Services Intelligence was engaged in the spadework to convince the Rohingya armed groups in Bangladesh to collaborate for ‘effective coordination’ in their campaign to recover their homeland in Myanmar
 
A refugee camp of the Rohingya at Kutupalong in Bangladesh's Cox's Bazar/ Credit - Rajeev Bhattacharyya
 
Among the many consequences of Bangladesh’s growing bonhomie with Pakistan seems to be the emergence of a united front of Rohingya armed groups that could have a far-reaching impact on the region, including India.

Wednesday, January 1, 2025

ဒီလ် မိုဟာမတ် (Dil Mohammed) ပျောက်ဆုံးခြင်း သို့ မူဆလင်များအတွက် အသံတစ်ခု တိတ်ဆိတ်သွားခြင်း

Arakan Bay News
Shafiur Rahman
ဘာသာပြန် – ကျော်ဇံ

(The Diplomat သတင်းဌာနတွင် ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က The Disappearance of Dil Mohammed: A Voice for the Rohingya Silenced ဆောင်းပါးအား Arakan Bay News က ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံ နယ်စပ်ကြားနေရာ (No Man’s Land) ရှိ မူဆလင်ဒုက္ခသည်စခန်းတစ်ခုမှ ထင်ရှားသည့် မူဆလင်အရေး ကာကွယ်သူ ဒီလ်မိုဟာမတ်တစ်ယောက် ပြန်ပေးဆွဲခံခဲ့ရသည်။ ထိုအချိန်မှစ၍ သူအကြောင်းမကြားရတော့ပေ။

သံစူးခြံစည်းရုံးကာထားသည့် No Man’s Land တွင် Dil Mohammed ကိုတွေ့ရစဥ်

မြန်မာ-ဘင်္ဂလားဒေ့ရှ်ကြား ပဋိပက္ခများဖြင့် မတည်ငြိမ်သည့် နယ်စပ်ဒေသ၌ ဗရုတ်သုက္ခများကြားမှ အလွန်ပင် တည်ကြည်သည့် မူဆလင်အရေး ကာကွယ်မြှင့်တင်သူတစ်ဦး ပေါ်ပေါက်ခဲ့သည်။ မူဆလင်ဒုက္ခသည်တစ်ဦးဖြစ်သူ ဒီလ် မိုဟာမတ်သည် နှစ်နိုင်ငံ နယ်စပ်ကြားနေရာ (No Man’s Land) ရှိ မူဆလင် ဒုက္ခသည်စခန်း၏ အများသဘောတူ ပြောရေးဆိုခွင့်ရှိသူဖြစ်လာပြီး သူတို့မူဆလင်လူမျိုးတို့၏ အရေးကို မြှင့်တင်ကာကွယ်ရန် အလွန်ရှုပ်ထွေးလှသည့် စစ်ရေး၊နိုင်ငံရေး သပွတ်အူကို လေ့လာစုံစမ်းခဲ့သည်။ သို့ရာတွင် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သူနေထိုင်သည့် စခန်းတစ်ခုလုံး ပြာကျသွားအောင်ထိ တိုက်ခိုက်၊ မီးရှို့ခံခဲ့ရပြီး အချိန်ကာလတာရှည်စွာ လွှမ်းမိုးလာခဲ့သည့် ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (RSO) ထံတွင် အဖမ်းခံခဲ့ရကာ သူ့သတင်းအစအနများမှာလည်း ထိုအချိန်ကတည်းက ပျောက်ခြင်းမလှ ပျောက်သွားခဲ့ရသည်။

Tuesday, December 17, 2024

မောင်တောတိုက်ပွဲနှင့် နောက်ဆက်တွဲ မွတ်ဆလင်ပျူ‌စောထီး ပြဿနာ

ဧရာဝတီ
သူ့အတွေး သူ့အမြင်

ဗညားအောင်
12 December 2024

မောင်တောမြို့နယ်အတွင်းရှိ စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သည့် အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) လက်နက်ချသူများတွင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ဝင်များ တွေ့ရသည် / AA Info Des

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလဆန်း၌ မောင်တောမြို့နယ်အတွင်းရှိ စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သည့် အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) မြို့သူကြီးစခန်းအား အာရက္ခတပ်တော် (AA) က ပြောင်မြောက်စွာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နတ်မြစ်ကြောင်းအပါအဝင် ၁၆၈ မိုင်ရှည်လျားသည့် ဘင်္ဂလားဒေ့ရှ်နယ်စပ် တလျှောက်ကို AA က ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်၏။

Friday, December 13, 2024

မောင်တောကျပြီးနောက် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့သစ်တစ်ဖွဲ့ ထွက်ပေါ်လာ

DMG
ဒီဇင်ဘာ ၁၃  ၂၀၂၄

ANDF အဖွဲ့သည် လက်ရှိတွင် စစ်တွေတပ်နယ်ရှိ စစ်ကောင်စီလက်အောက်တွင် စစ်သင်တန်း တက်ရောက်လျက်ရှိကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် မွတ်ဆလင်အသိုင်းဝိုင်းမှ ဩဇာရှိသူတစ်ဦးက ပြောသည်။ 

လူမှုကွက်ယက်ပေါ် ပျံ့နှံနေသော ဗီဒီယိုတွင်တွေ့ရသော ANDF တပ်ဖွဲ့ဝင်များ။ 
 
ရခိုင်တွင် မြို့နယ်အများစုကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်(AA)ကို တိုက်ခိုက်ရန်ဟုဆိုကာ Arakan National Defence Force – ANDF အမည်ပေးထားသည့် မွတ်ဆလင်လက် နက်ကိုင်တပ်ဖွဲ့ အသစ်တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ဗီဒီယိုဖိုင်နှင့်တကွ လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့နေသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */