" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရိုဟင္ဂ်ာ ၿပႆနာ. Show all posts
Showing posts with label ရိုဟင္ဂ်ာ ၿပႆနာ. Show all posts

Saturday, November 16, 2019

ရိုဟင်ဂျာပြဿနာ ဖြေရှင်းရေး ဘယ်နည်းလမ်းမဆို အသုံး ဝင်ကြောင်း ကန်ပြောဆို

16 နိုဝင်ဘာ၊ 2019


မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင် အကျပ်အတည်းကို ထင်ရှားပေါ်လွင်စေပြီး ဖြေရှင်းနိုင်မယ့် ဘယ်လိုနည်းလမ်းမျိုးမဆို အသုံးဝင်မယ်လို့ ယူဆတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန၊ အကြီးတန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါပေမယ့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကနေ စုံစမ်းစစ်ဆေးမယ်ဆိုတာက မှန်ကန်တဲ့နည်းလမ်း ဟုတ်မဟုတ်ဆိုတာကိုတော့ မှတ်ချက်မပေးပါဘူး။ ဒီအကျပ်အတည်းကို ထင်ရှားပေါ်လွင်အောင်လုပ်ဖို့၊ မြန်မာအစိုးရက အရေးယူလုပ်ဆောင်လာအောင် လုပ်ဖို့ကတော့ အရေးကြီးတယ်လို့လည်း သောကြာနေ့က နိုင်ငံခြားရေးဌာနမှာလုပ်တဲ့ ရှင်းလင်းပွဲတခုအတွင်း ပြောသွားပါတယ်။


Monday, October 28, 2019

အမေရိကန် လွှတ်တော်အမတ်တွေနဲ့ ရိုဟင်ဂျာ ပြဿနာ

လွတ်လပ်တဲ့ အာရှအသံ ( RFA )
ဦးသစ်ဆင်း
2019-10-27
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို ၂၀၁၈ သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: Dibyangshu SARKAR / AFP
                                             
လာမယ့် နိုဝင်ဘာ ၄ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာကျင်းပမယ့် အရှေ့အာရှ ညီလာခံ၊ အမေရိကန် လွှတ်တော်အမတ်တွေနဲ့ ရိုဟင်ဂျာ ပြဿနာအကြောင်းတွေကို ဦးသစ်ဆင်း က တင်ပြမှာဖြစ်ပါတယ်။ 

Saturday, October 12, 2019

သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ပြန်ဝင်မလာတာ အာဆာ ခြိမ်းခြောက်မှုကြောင့်လား

B B C
ဘီဘီစီ မြန်မာပိုင်း
12 October 2019
အာဆာအဖွဲ့ဟာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့တွေရဲ့ ထောက်ပံ့ကူညီမှုတွေ၊ လမ်းညွှန်မှုတွေ ရနေတယ် လို့ မြန်မာအစိုးရက ထပ်လောင်း ပြောကြားလာပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဥပဒေရေးရာ ကော်မတီက ပြုလုပ်တဲ့ နိုင်ငံတကာ အကြမ်းဖက်ဝါဒတိုက် ဖျက်ရေး အစည်းအဝေးမှာ မြန်မာသံအမတ် ဦးဟောက်ဒိုဆွမ်း ပြောခဲ့တာ ဖြစ်ပါတယ်။

အာဆာကို ထောက်ပံ့နေတယ်၊ လမ်းညွှန်မှုတွေ လုပ်နေတယ်လို့ ဦးဟောက်ဒိုဆွမ်း ပြောတဲ့ အဖွဲ့တွေထဲ အယ်လ်ကိုင်းဒါး၊ အစ္စလမ်မစ် နိုင်ငံအဖွဲ့ IS နဲ့ တာရစ်အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့တွေ ပါဝင်နေ တယ်လို့ ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။

Thursday, September 26, 2019

ရိုဟင်ဂျာ ပြဿနာ အမြန်ဖြေရှင်းဖို့ မလေးရှားဝန်ကြီးချုပ် ပန်ကြား

မှတ်တမ်းဓာတ်ပုံ - မလေးရှား ၀န်ကြီးချုပ် Mahathir Mohamad ကို တိုကျိုက သတင်းစာ ရှင်းလင်းပွဲမှာ တွေ့ရစဉ်။ 

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ (၇၄) ကြိမ်မြောက် ကုလ သမဂ္ဂ အထွေထွေညီလာခံမှာ အင်္ဂါနေ့ဆွေးနွေးပွဲတွေ အတွင်းမှာပဲ မလေးရှားဝန်ကြီးချုပ် မဟာသီယာမို ဟာမက်က ရိုဟင်ဂျာပြဿနာကို အမြန်ဖြေရှင်းရေး အတွက် နိုင်ငံတကာက ပါဝင်ကြဖို့ ပန်ကြားခဲ့ပါတယ်။

သဘာပတိနဲ့ ကြွရောက်လာတဲ့ ပရိတ်သတ်များခင်ဗျား မြန်မာအစိုးရဟာ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းဖို့ ဆန္ဒမရှိဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက လုပ်ဆောင်ပေးဖို့ တောင်းဆိုရ တာ ဖြစ်ပါတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောသွားတာပါ။

Friday, September 20, 2019

ရိုဟင်ဂျာပြဿနာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ လာမယ့်အပတ် ကျင်းပမယ်

RFA
လွတ်လပ်တဲ့ အာရှအသံ
20 September 2019
(ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ် Li Jiming နဲ့ ကော့ဘဇားခရိုင် Shalbagan ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင်တွေ ၂၀၁၉ စက်တင်ဘာ ၁၆ ရက်နေ့ကတွေ့ဆုံစဉ်)
■ ရိုဟင်ဂျာပြဿနာဖြေရှင်းရေးအတွက် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံတို့ ပါဝင်မယ့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို လာမယ့်အပတ်အတွင်း တရုတ်ပြည်ရဲ့ ပါဝင်ညှိနိုင်းပေးမှုနဲ့ နယူးယောက်မြို့မှာ ကျင်းပမယ် လို့ ဒါကာမြို့က ဒီကနေ့ လာတဲ့ သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာ ခံကျ င်းပေ နေစဉ်ကာလအတွင်း ညီလာခံပြင်ပမှာ အဲဒီတွေ့ဆုံပွဲကို ပြုလုပ်မှာ ဖြစ်တယ်လို့ The Daily Star သ တင်းစာက ရေးပါတယ်။

Saturday, July 6, 2019

ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ပြန်ခေါ်ရမယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ 
2019-07-06

 ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ ၂၀၁၉၊ ဇူလိုင် ၅ ရက်နေ့က ဘေကျင်းမြို့မှာ တွေ့ဆုံစဉ်
Photo: REUTERS 


ရိုဟင်ဂျာပြဿနာကို မြန်မြန်ဆန်ဆန် ပြေလည်ဖို့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ပြန်ခေါ်ရမှာဖြစ်တယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ကြောင်း ဘင်္ဂ လားဒေ့ရှ်သတင်းဌာနတစ်ခုဖြစ်တဲ့ bdnews24 က ရေးသားဖော်ပြပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန်ရဲ့ ပြန်လည်ပြောပြချက်ကို bdnews24 သတင်းဌာနက ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

Thursday, June 20, 2019

ရိုဟင်ဂျာပြဿနာ အလေးထားဖို့ ASEAN ခေါင်း ဆောင်တွေကို လူ့အခွင့်အရေးသမားတွေ တိုက်တွန်း


အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ ထိုင်းနိုင်ငံမှာ ဒီသီတင်းပတ်ကုန်မှာ ကျင်းပတော့မယ့် အာဆီယံခေါင်း ဆောင်တွေ အစည်းအဝေးမှာ ရိုဟင်ဂျာ ပြဿနာကို အမှန်အတိုင်းတင်ပြဖို့ လူ့အခွင့်ရေးအဖွဲ့တွေက ဗုဒ္ဓ ဟူးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */