Sam Kosai
Facebook Post
17 Nov 2021
သူတို့တွေဟာ ဆယ်စုနှစ်ပေါင်းများစွာ လူမဆန်တဲ့ ဖိနှိပ်မှုကို ခံခဲ့ကြရတယ်။ ဥပဒေနဲ့အညီ နိုင်ငံတော်က ကြီး မှူးပြီး ဖိနှိပ်တာရော ဒေသန္တရအမိန့် ဆိုတာနဲ့ရောပေါ့။ ဥပဒေမဲ့ လုပ်တာရော လူမဆန်တာရော ပါတာပေါ့။ ပြီးတော့ သူတို့တွေ ဒုက္ခသည်စခန်းထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ကြရတာ။ နာမည်ကိုက ဒုက္ခသည်စခန်းဆို တော့ ဒုက္ခချည်းပဲပေါ့။ စိတ်ချမ်းသာစရာ ကောင်းတာ ဘာရှိမလဲ။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အားလုံးကို ကန့် သတ်ခံထားရတာ။ အလုပ်လုပ်လို့မရ၊ အပြင်ထွက်လို့မရ။ ကိုယ်တွေဆိုရင်ကော နေနိုင်ကြမလား။ ကိုယ်ချင်းစာကြည့်ဖို့ပါ။ အနေချောင် အစားချောင်တယ်လို့ အလွယ်မပြောကြပါနဲ့ သူများမျက်နှာ ကြည့်ပြီးပေး စာကမ်းစာ စားနေရတဲ့ဘဝ ဘယ်သူကမှ မလိုချင်ပါဘူး။ အရင်က အလုပ်အကိုင်ရှိတဲ့ ပညာတတ်၊ အစိုးရ ဝန်ထမ်း လုပ်ခဲ့သူတွေ၊ လယ်ပိုင်ယာပိုင် ရှိခဲ့သူတွေပဲလေ။ ဒီတော့ ဘင်္ဂလားဒေ့ရှ်ကို ပြေးတယ်။ မလေးရှားကို ပြေးတယ်။ အသက်စွန့်ပြီး ပြေးရတာပါ။ ငရဲခန်းကနေ၊ ငရဲသားတွေ လက်ထဲကနေ လွတ်အောင်ပြေးကြရတာ ပါ။ မေတ္တာတရားတို့၊ ကိုယ်ချင်းစာတရားတို့၊ ကိုယ်ကျင့်သီလတို့ မရှိတော့တဲ့ မျှော်လင့်စရာ မကျန်တော့ တဲ့ နိုင်ငံကနေ ထွက်ပြေးကြရတာပါ။ သတ်မယ်ဖြတ်မယ်နဲ့ ဘီလူးသဘက်စိတ် ပေါက်နေတဲ့ သူတွေလက် ထဲ ကနေ ပြေးကြရတာပါ။