Showing posts with label စစ်သင်တန်း. Show all posts
Showing posts with label စစ်သင်တန်း. Show all posts

Thursday, May 30, 2024

စစ်တွေမှာ ရိုဟင်ဂျာတွေ စစ်သင်တန်းတက်ဖို့ အတင်းအဓမ္မ ထပ်မံစုဆောင်းခံနေရ

RFA
FA Burmese
2024.05.29 

စစ်တွေမြို့နယ်၊ ဘုမေအုပ်စု၊ သဲချောင်းအုန်းတောရွာမှ ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ် မေလ ၂၀ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက အသက် ၁၈ နှစ်နဲ့ ၃၀ ကျော်ကြား အရွယ်ရှိတဲ့ ရိုဟင်ဂျာတွေကို စစ်သင်တန်းတက်ဖို့ စစ်ကောင်စီက အတင်းအဓမ္မခေါ်ယူနေပြီး သင်တန်းတက်မဲ့ လူမပေးရင် နိုင်ငံတကာအဖွဲ့တွေက ထောက်ပံ့တဲ့ ရိက္ခာတွေကို ခွင့်ပြုမှာမဟုတ်တဲ့အကြောင်း ခြိမ်းခြောက်နေတယ်လို့ ဒုက္ခသည်တွေက RFA ကို ဒီနေ့ ပြောပါတယ်။

Friday, April 5, 2024

နှစ်ပတ်သင်တန်းတက်ပြီး ပြည်တွင်းစစ်ထဲဝင်တိုက်ရတဲ့ရိုဟင်ဂျာတွေ

BBC
၄ ဧပြီ ၂၀၂၄ 

စစ်သင်တန်းတက်နေတဲ့ ရိုဟင်ဂျာတွေ
 
မြန်မာစစ်တပ်က ရိုဟင်ဂျာရာနဲ့ချီကို စစ်သင်တန်းပေးပြီး ပြည်တွင်းစစ်ရဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ စစ်တိုက်ခိုင်းတယ်လို့ ကိုယ်တိုင်စစ်မြေပြင်ရောက်ပြီးစစ်တိုက်ခဲ့ရတဲ့ အသက် ၃၁ နှစ်အရွယ် မိုဟာမက်က ပြောပါတယ်။

Friday, March 22, 2024

စစ်သင်တန်းတက်ဖို့ ခေါ်ယူခံရတဲ့ ရိုဟင်ဂျာခုနစ်ဦးအလောင်း စစ်ကောင်စီပြန်ပို့

RFA
RFA Burmese
2024.03.22 

ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်သင်တန်းပေးနေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist 
 
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းမှာ စစ်သင်တန်းတက်ဖို့ အတင်းအဓမ္မ ခေါ်ဆောင်ခံရတဲ့ ရိုဟင်ဂျာတွေထဲက အလောင်းခုနစ်လောင်းကို မတ်လ ၁၂ ရက်နေ့က စစ်ကောင်စီတပ်က မိသားစုတွေထံ လာရောက်ပို့ဆောင် ခဲ့တယ်လို့ ရွာသားတွေက RFA ကို ဒီကနေ့ ပြောပါတယ်။

Monday, March 11, 2024

ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးနေ

RFA
RFA Burmese
2024.03.11

ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်သင်တန်းပေးနေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ရိုဟင်ဂျာတွေကို စစ်ယူနီဖောင်းအပြည့်အစုံဝတ်ပြီး စစ်ကောင်စီတပ်က သေနတ်ပစ်လေ့ကျင့်ရေး သင်ကြားပေးနေတာနဲ့ ရိုဟင်ဂျာ သုံးဆယ်ခန့် စစ်ယူနီဖောင်းတွေနဲ့ သေနတ်ကိုယ်စီကိုင်ဆောင်ပြီး စစ်ကားတစ်စီးပေါ်မှာသွား လာနေတဲ့ ရုပ်သံဗီဒီယိုဖိုင်နှစ်ခု အခုရက်ပိုင်းအတွင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကနေတစ်ဆင့် ဆက်တိုက် ထွက်ပေါ်လာပါတယ်။

Saturday, March 2, 2024

ရခိုင်ပြည်ရှိ ဘင်္ဂလီများမှာ နိုင်ငံသားမဟုတ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန်စုဆောင်းခြင်းမရှိဟု စစ်ကောင်စီသတင်းစာများတွင် ရေးသားပြီး လက်တွေ့မြေပြင်တွင် အတင်းအဓမ္မစုဆောင်းပြီး စစ်သင်တန်းပေးနေ

Narinjara
ရက်စွဲ: ၀၂ မတ် ၂၀၂၄

ရခိုင်ပြည်ရှိ မွတ်ဆလင်အသိုင်းအဝိုင်းမှ လူငယ်လူရွယ်များကို စစ်မှုထမ်းရန် အတင်းစုဆောင်းပြီး သင်တန်းပေးနေသော်လည်း စစ်ကောင်စီပိုင်သတင်းစာတွင် ထိုသို့ စုဆောင်းခြင်းမရှိဘဲ သတင်းမှားများသာဖြစ်ကြောင်း ရေးသားဖော်ပြသည်။

Wednesday, February 21, 2024

ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးဖို့ ဖမ်းဆီးတာနဲ့ စာရင်းကောက်တာတွေ လုပ်နေ

RFA
လွတ်လပ်တဲ့အာရှအသံ
RFA Burmese
2024.02.21
 

စစ်တွေမြို့နယ်၊ ဘုမေအုပ်စု၊ သဲချောင်းအုန်းတောရွာမှ ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ် မေလ ၂၀ ရက်နေ့က တွေ့ရစဉ်။ RFA

ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်ဖြူမြို့နယ်က ရိုဟင်ဂျာတွေကို စစ်ကောင်စီတပ်က ပြည်သူ့စစ်သင်တန်း တက်ခိုင်းဖို့ ဖမ်းဆီးနေသလို သင်တန်းအတွက် စာရင်းပါကောက်နေတယ်လို့ အဲဒီရိုဟင်ဂျာတွေက ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */