Showing posts with label ပြန်လည်လက္ခံရေး. Show all posts
Showing posts with label ပြန်လည်လက္ခံရေး. Show all posts

Sunday, May 5, 2019

ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေး တိကျတဲ့ နည်း လမ်းတွေ ချပြဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-05-05


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဒုက္ခသည်ပြန်လည်လက်ခံရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉၊ မေ ၃ ရက်နေ့က နေပြည်တော်မှာ ကျင်းပစဉ်
Photo: Ministry of Foreign Affairs Myanmar

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဆန္ဒအလျောက် ပြန်လာနိုင်ရေး တွန်းအားပေးနိုင်ဖို့ အခြေခံကျတဲ့ လူ့အခွင့်အရေးတွေ အာမခံပေးဖို့၊ တိကျပြီး အချိန်အ ကန့် အသတ်ပါဝင်တဲ့ နိုင်ငံသားဖြစ်ခွင့်ရရေး တိကျတဲ့ နည်းလမ်းကို အပြုသဘော ချပြပေးဖို့ ဘင်္ဂ လားဒေ့ရှ်နိုင် ငံက မြန်မာအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

Tuesday, January 16, 2018

ရခိုင်ပဋိပက္ခတွေကြောင့် ထွက်ပြေးခဲ့သူတွေကို လာမယ့် ၂၃ ရက်နေ့ကစ လက်ခံမယ်

B B C
ဘီဘီစီ မြန်မာပိုင်း
16 January 2018

 
ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဇန်နဝါရီ လ ၂၃ ရက်နေ့က စတင်ဖို့ ဘင်္ဂလားဒေ့ရှ်-မြန်မာ ၂ နိုင်ငံဟာ ဒီကနေ့မှာ သဘောတူ လက်မှတ်ရေး ထိုး လိုက်ပါတယ်။

၂ ဖက် သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ် အစိုးရဖက်ကနေ နေရပ်ပြန်လိုတယ်ဆိုပြီး တင်ထားတဲ့ လျှောက်လွှာတွေထဲက တပတ်ကို လျှောက်လွှာ ၁၅၀၀၀ ပေးပို့မှာ ဖြစ်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */