B B C
ဘီဘီစီမြန်မာပိုင်း
၁၈ ဇန်နဝါရီ ၂၀၂၃
.png)
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့၊ အမှတ်(၃)နယ်မြေ၊ တောင်ပြိုလက်ယာ အနီးမှာရှိတဲ့ ဒုက္ခသည်စခန်းတွေနားမှာ၊ ဇန်နဝါရီလ ၁၈ရက်၊ ဒီကနေ့ မနက် ၇နာရီလောက်က အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်လို့ အမည် ပေးထားတဲ့ ARSA နဲ့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့လက်အောက်က RAB အထူးတပ်ဖွဲ့တို့အကြား တိုက်ပွဲတစ်နာရီ နီးပါးကြာအောင် ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။
Rapid Action Battalion (RAB) ဟာ အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့အောက် မှာ ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ပုံစံမျိုးဖြစ်ပါတယ်။