DVB
January 6, 2025
အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ခံယူပြီးလွတ်ရက်စေ့တဲ့ ရိုဟင်ဂျာတွေကို ပြန်မလွှတ်ပေးဘဲ ဆက်လက်ဖမ်းဆီး ထားတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားနေသူတွေနဲ့ အကျဉ်းသားတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ လတ်တလော ပြဋ္ဌာန်းချက် အက်ဥပဒေအရ ပုဒ်မ ၆-၂၊ ၆-၃ နဲ့ တရားစွဲပြီး ထောင် ၂ နှစ်ကနေ ၅ နှစ်အထိချလေ့ရှိပြီး လွတ်ရက်စေ့ပေမဲ့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ရိုဟင်ဂျာ လွတ်မြောက်ရေးညွှန့်ပေါင်းအဖွဲ့ ပူးတွဲထူထောင်သူ ရိုနေဆန်းလွင်က ပြောပါတယ်။