" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြေပုံမြို့နယ်. Show all posts
Showing posts with label မြေပုံမြို့နယ်. Show all posts

Sunday, July 21, 2019

တပ်မတော်က ရွာတွေထဲမှာ နေရာယူလာလို့ ရွာသား တွေထွက်ပြေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-21


ရခိုင်ပြည်နယ် အမ်းမြို့နယ် မဲသံကြိုးကျေးရွာက ရွာသားတွေ မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာကို ၂ဝ၁၉ ဇူလိုင်လ ၂၁ ရက်နေ့က ထွက်ပြေးရောက်ရှိလာကြစဉ် Photo: RFA
 


ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းက ပေါက်တူးတောင်နဲ့ ရေခေါင်းချိန်ကျေးရွာတွေကို အစိုးရတပ်မတော် က ဝင်ရောက်နေရာယူထားပြီး ရွာအနီးက တောင်ဆိပ်မြစ်အတွင်းမှာလည်း ရေတပ်ရေယာဉ်နှစ်စီး နေရာယူ ထားတဲ့အတွက် ဒေသခံတွေစိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေပါတယ်။

Saturday, July 6, 2019

မြေပုံမြို့နယ် ပေါက်တူးတောင်ရွာတွင် ယောက္ခမနှင့် သမက်ဖြစ်သူတို့ လုပ်ကြံသတ်ဖြတ်ခံရ

နိရဉ္စရာ
နိရဉ္စရာ၊ ဇူလိုင် ၆/ ၂ဝ၁၉


မြေပုံမြို့နယ်၊ ပေါက်တူးတောင်ရွာမှ ဦးမောင်ဘကျန်နှင့် သမက်ဖြစ်သူတို့ ဇူလိုင် ၅ ရက် ည ၈ နာရီကျော် အချိန်ခန့်တွင် လုပ်ကြံ သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူ ပေါက်တူးတောင်ရွာ၊ အောင်သပြေရပ်ကွက်မှ မောင်ဘကျန် (၅၈) နှစ်နှင့် သမက်ဖြစ်သူ ပိုင် သက်ကျော် (၂၆) နှစ် တို့ဖြစ်ကြောင်း သိရသည်။

Friday, May 31, 2019

မြေပုံမြို့နယ် စစ်တွေ-ရန်ကုန် ကားလမ်းပေါ်တွင် ခရီးသည်တင်ကား မိုင်းပေါက်ကွဲထိမှန်

နိရဉ္စရာ
ခိုင်လူလှ
နိရဉ္စရာ၊ မေလ ၃၁/ ၂၀၁၉



ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စစ်တွေ- ရန်ကုန်ကားလမ်းပေါ်တွင် ခရီးသည် ၄၄ ဦးကို တင်ဆောင်လာသည့် ရွှေမန်းရတနာကား ယနေ့ ညနေက မိုင်းပေါက်ကွဲ ထိမှန်ခဲ့သည်ဟု သတင်းရရှိသည်။

မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးက “ ဖြစ်တာက ဒီကနေ့ ညနေ ၄ နာရီခွဲမှာ ဖြစ်တာပါ။ မြေပုံမြို့နယ်၊ ပင်ကပ် ချောင်း ကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာအနီးမှာ ကားလမ်းဘေးကို ချစဉ် မိုင်းပေါက်ကွဲတယ်လို့ ကနဦး သတင်းရရှိပါတယ်။ ကားပျက်စီးပေမယ့် ခရီးသည်တွေ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘူးလို့ သတင်းရပါ တယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */